ဟက်ထရစ်ရနိုင်လောက်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့ အလှောင်ခံနေရတဲ့ လူကာကူ

ဘယ်လ်ဂျီယံအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးလူကာကူဟာ ခရိုအေးရှားနဲ့ပွဲမှာ ဟက်ထရစ်

ရနိုင်လောက်တဲ့ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အံ့အားသင့်စရာကောင်းအောင်
လွဲချော်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကလည်း အုပ်စုအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ဒုတိယပိုင်း (၅၉)မိနစ်မှာ လူကာကူဟာ ဂိုးပေါက်နဲ့ကိုက်အနည်းငယ်သာ ကွာတော့တဲ့
အနေအထားကနေ ညာခြေနဲ့ပိတ်သွင်းခဲ့ပေမယ့် တိုင်ထိခဲ့ပြီး (၂)မိနစ်အကြာမှာပဲ ဒီဘရိုင်းနား
လှမ်းတင်ပေးလိုက်တဲ့ ဘောလုံးကို လူကာကူက ခေါင်းနဲ့အပိုင်ပိတ်သွင်းခဲ့ပေမယ့်လည်း
ဂိုးဘားပေါ် ကျော်တက်သွားပါတယ်။

ပွဲပြီးခါနီးအချိန်မှာ ရှေ့က အမှား(၂)ကြိမ်အထိ ပြန်ပေးဆပ်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပြီး
(၆)ကိုက်စည်းအတွင်း ခရိုအေးရှားဂိုးသမားနဲ့ နောက်ခံလူရဲ့ ခေါင်းပေါ်က ကျော်ကျလာတဲ့
ဘောလုံးကို လူကာကူက ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ထိချက်မမှန်တာကြောင့်

ခရိုအေးရှားဂိုးသမားဆီ ရောက်သွားခဲ့ပြန်ပါတယ်။

အခုပွဲမှာ လူကာကူဟာ ဘောလုံးထိချက်(၁၅)ကြိမ်၊ ဂိုးပေါက်ကန်သွင်းမှု(၅)ကြိမ်၊

အပိုင်အခွင့်အရေးလွဲချော်မှု (၄)ကြိမ်အထိရှိပြီး သူ့ရဲ့ ဆိုးရွားတဲ့ လွဲချော်မှုတွေကြောင့်
ဘယ်လ်ဂျီယံအသင်း အုပ်စုက ပြုတ်သွားတဲ့အတွက် လူကာကူတစ်ယောက် ပွဲအပြီးမှာ
ဒေါသတကြီးနဲ့ အရန်ခုံတန်းက အကာအရံကို လက်သီးနဲ့ထိုးပြီးတော့ ပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်မှာလည်း လူကာကူကို ပရိသတ်တွေက အကြီးအကျယ်လှောင်ပြောင်နေပြီး
‘(၂)မိနစ်အတွင်း အခွင့်အရေး(၂)ကြိမ် ဖြုန်းတီးခဲ့တဲ့ လူကာကူ’၊ ‘လူကာကူကတော့ တကယ့်
ဟာသပဲ’၊ ‘လူကာကူဟာ အဆင့်အတန်းမရှိတဲ့ တိုက်စစ်မှူးပါ’၊ ‘ဒီလောက်အပိုင်အခွင့်အရေးကို
လူကာကူ ဘယ်လိုများ လွဲခဲ့တာလဲကွာ’ဆိုပြီးတော့ ရေးသားခဲ့ကြပါတယ်။

[Zawgyi]

ဘယ္လ္ဂ်ီယံအသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မႉးလူကာကူဟာ ခ႐ိုေအးရွားနဲ႔ပြဲမွာ ဟက္ထရစ္
ရႏိုင္ေလာက္တဲ့ အပိုင္အခြင့္အေရးေတြ ရခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းေအာင္

လြဲေခ်ာ္ခဲ့ၿပီး ဘယ္လ္ဂ်ီယံအသင္းကလည္း အုပ္စုအဆင့္ကေန လက္ျပႏႈတ္ဆက္ခဲ့ရပါတယ္။

ဒုတိယပိုင္း (၅၉)မိနစ္မွာ လူကာကူဟာ ဂိုးေပါက္နဲ႔ကိုက္အနည္းငယ္သာ ကြာေတာ့တဲ့

အေနအထားကေန ညာေျခနဲ႔ပိတ္သြင္းခဲ့ေပမယ့္ တိုင္ထိခဲ့ၿပီး (၂)မိနစ္အၾကာမွာပဲ ဒီဘ႐ိုင္းနား
လွမ္းတင္ေပးလိုက္တဲ့ ေဘာလုံးကို လူကာကူက ေခါင္းနဲ႔အပိုင္ပိတ္သြင္းခဲ့ေပမယ့္လည္း
ဂိုးဘားေပၚ ေက်ာ္တက္သြားပါတယ္။

ပြဲၿပီးခါနီးအခ်ိန္မွာ ေရွ႕က အမွား(၂)ႀကိမ္အထိ ျပန္ေပးဆပ္ဖို႔ အေကာင္းဆုံးအခြင့္အေရးရခဲ့ၿပီး
(၆)ကိုက္စည္းအတြင္း ခ႐ိုေအးရွားဂိုးသမားနဲ႔ ေနာက္ခံလူရဲ႕ ေခါင္းေပၚက ေက်ာ္က်လာတဲ့
ေဘာလုံးကို လူကာကူက ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ထိခ်က္မမွန္တာေၾကာင့္
ခ႐ိုေအးရွားဂိုးသမားဆီ ေရာက္သြားခဲ့ျပန္ပါတယ္။

အခုပြဲမွာ လူကာကူဟာ ေဘာလုံးထိခ်က္(၁၅)ႀကိမ္၊ ဂိုးေပါက္ကန္သြင္းမႈ(၅)ႀကိမ္၊
အပိုင္အခြင့္အေရးလြဲေခ်ာ္မႈ (၄)ႀကိမ္အထိရွိၿပီး သူ႔ရဲ႕ ဆိုး႐ြားတဲ့ လြဲေခ်ာ္မႈေတြေၾကာင့္

ဘယ္လ္ဂ်ီယံအသင္း အုပ္စုက ျပဳတ္သြားတဲ့အတြက္ လူကာကူတစ္ေယာက္ ပြဲအၿပီးမွာ
ေဒါသတႀကီးနဲ႔ အရန္ခုံတန္းက အကာအရံကို လက္သီးနဲ႔ထိုးၿပီးေတာ့ ေပါက္ကြဲခဲ့ပါတယ္။

ဒါ့အျပင္ အြန္လိုင္းေပၚမွာလည္း လူကာကူကို ပရိသတ္ေတြက အႀကီးအက်ယ္ေလွာင္ေျပာင္ေနၿပီး
‘(၂)မိနစ္အတြင္း အခြင့္အေရး(၂)ႀကိမ္ ျဖဳန္းတီးခဲ့တဲ့ လူကာကူ’၊ ‘လူကာကူကေတာ့ တကယ့္
ဟာသပဲ’၊ ‘လူကာကူဟာ အဆင့္အတန္းမရွိတဲ့ တိုက္စစ္မႉးပါ’၊ ‘ဒီေလာက္အပိုင္အခြင့္အေရးကို
လူကာကူ ဘယ္လိုမ်ား လြဲခဲ့တာလဲကြာ’ဆိုၿပီးေတာ့ ေရးသားခဲ့ၾကပါတယ္။