ဟက်ထရစ်မရခဲ့လို့ ပေါက်ကွဲပြီး စကားလုံးအသုံးအနှုန်းတွေကြမ်းခဲ့တဲ့ ဟာလန်း

ဟာလန်းဟာ သူ့ရဲ့မန်စီးတီးကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး လာခြင်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးတဲ့နောက် Sky Sports နဲ့ အင်တာဗျူးမှာတော့

ဟက်ထရစ်ရမယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့တဲ့အတွက် သူ့ရဲ့ပေါက်ကွဲမှုကို တွေ့ခဲ့ရပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးတွေအားလုံး

သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းမှာ သူ့ကြောင့်ရတဲ့ပင်နယ်တီကို သူပဲကန်သွင်းခဲ့သလို ဒုတိယပိုင်းမှာ ဒီဘရိုင်းဖန်တီးပေးတာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၇၈ မိနစ်မှာရတဲ့

အကောင်းဆုံးအခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ဟက်ထရစ်နဲ့လွဲခဲ့ရတာပါ။ ဒါကြောင့် ပွဲအပြီးအင်တာဗျူးမှာ ဟက်ထရစ်မရလို့ စိတ်ပျက်လားဆိုတဲ့မေးခွန်းကို ဟာလန်းက

“ ဒီနေ့ ပိုဖြစ်နိုင်ခဲ့တာပေါ့။ ဟက်ထရစ် ရသင့်ခဲ့တယ်။ နည်းနည်းတော့ ေ*ာက်သုံးမကျဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုပဲဖြစ်တတ်ပါတယ် ” လို့ ဖြေသွားခဲ့တာပါ။ တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့်

အင်တာဗျူးသူက သူ့ရဲ့ဘာသာစကားပြောဆိုမှုအပေါ် ဆင်ခြင်ဖို့သတိပေးခဲ့ရပါတယ်။ ဒီတော့လည်း နော်ဝေသားက “ အာ.. ေ-ာက်တလွဲ။ တောင်းပန်ပါတယ်။ ဒီနိုင်ငံကဘာသာစကားကို ကျွန်တော်

သိပ်မပြောတတ်ဘူး ” လို့ ပြန်ပြောခဲ့တာကြောင့် နှစ်ဦးသားရယ်ခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပေါင် ၅၁ သန်းတန်တိုက်စစ်မှူးဟာ သွင်းဂိုးတွေနဲ့စတင်နိုင်ခဲ့တာကြောင့် ဖိအားတွေလျော့ခဲ့တာတော့ အမှန်ပါပဲ။

(zawgyi)

ဟာလန္းဟာ သူ႔ရဲ႕မန္စီးတီးကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္မွာ ၂ ဂိုးသြင္းႏိုင္ခဲ့ၿပီး လာျခင္းေကာင္းခဲ့ပါတယ္။ ဒါေပမဲ့ ပြဲၿပီးတဲ့ေနာက္ Sky Sports နဲ႔ အင္တာဗ်ဴးမွာေတာ့ ဟက္ထရစ္ရမယ့္

အခြင့္အေရးနဲ႔လြဲေခ်ာ္ခဲ့တဲ့အတြက္ သူ႔ရဲ႕ေပါက္ကြဲမႈကို ေတြ႕ခဲ့ရပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ဝက္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ အႏိုင္ဂိုးေတြအားလုံးသြင္းယူေပးခဲ့တာပါ။ ပထမပိုင္းမွာ

သူ႔ေၾကာင့္ရတဲ့ပင္နယ္တီကို သူပဲကန္သြင္းခဲ့သလို ဒုတိယပိုင္းမွာ ဒီဘ႐ိုင္းဖန္တီးေပးတာကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၇၈ မိနစ္မွာရတဲ့ အေကာင္းဆုံးအခြင့္အေရးကို

အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ဟက္ထရစ္နဲ႔လြဲခဲ့ရတာပါ။ ဒါေၾကာင့္ ပြဲအၿပီးအင္တာဗ်ဴးမွာ ဟက္ထရစ္မရလို႔ စိတ္ပ်က္လားဆိုတဲ့ေမးခြန္းကို ဟာလန္းက “ ဒီေန႔ ပိုျဖစ္ႏိုင္ခဲ့တာေပါ့။

ဟက္ထရစ္ ရသင့္ခဲ့တယ္။ နည္းနည္းေတာ့ ေ*ာက္သုံးမက်ျဖစ္ခဲ့တယ္။ ဒါေပမဲ့ ဒီလိုပဲျဖစ္တတ္ပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။ တိုက္႐ိုက္ထုတ္လႊင့္ေနတာေၾကာင့္ အင္တာဗ်ဴးသူက

သူ႔ရဲ႕ဘာသာစကားေျပာဆိုမႈအေပၚ ဆင္ျခင္ဖို႔သတိေပးခဲ့ရပါတယ္။ ဒီေတာ့လည္း ေနာ္ေဝသားက “ အာ.. ေ-ာက္တလြဲ။ ေတာင္းပန္ပါတယ္။ ဒီႏိုင္ငံကဘာသာစကားကို ကြၽန္ေတာ္ သိပ္မေျပာတတ္ဘူး ” လို႔

ျပန္ေျပာခဲ့တာေၾကာင့္ ႏွစ္ဦးသားရယ္ခဲ့ရပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ ေပါင္ ၅၁ သန္းတန္တိုက္စစ္မႉးဟာ သြင္းဂိုးေတြနဲ႔စတင္ႏိုင္ခဲ့တာေၾကာင့္ ဖိအားေတြေလ်ာ့ခဲ့တာေတာ့ အမွန္ပါပဲ။