ဟက်ထရစ်ဖြင့် စတင်ခြင်း ( သို့ )ပေါက်ကွဲအားကောင်းနေဆဲ လီဝမ်ဒေါစကီးအင်ဂျင်

အခုတလော လူပြောများနေကြတာက အမ်ဘာပီနဲ့ ဟာလန်း ပုံပြင်တွေဆို တော့ မက်ဆီနဲ့ စီရော်နယ်ဒို ပြဇာတ်တောင် အရောင်မှိန်သွားခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ချန်ထားခဲ့လို့မရတဲ့ တိုက်စစ်မှူးတစ်ယောက်ရှိနေသေးတယ် ဆိုတာကိုတော့

အားလုံး မေ့နေကြပါတယ်။ သူကတော့ လီဝမ်ဒေါစကီးပါ။ ဘာစီလိုနာက ပဲလ်ဇန်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၁၃ မိနစ်အတွင်းမှာတင် ကက်ဆီက ဦးဆောင်ဂိုး သွင်းခဲ့တယ်။ အဲဒီနောက်ပိုင်းပွဲချိန်တွေကတော့ လီဝမ်ဒေါစကီးရဲ့ ဇာတ်ဝင်ခန်းတွေပေါ့။

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ပဲလ်ဇန်ကို သုံးဂိုးဆက်တိုက်သွင်းယူပြီး ရာဇဝင်ထဲမှာ လီဝမ်ဒေါစကီးကို ချန်ထားခဲ့လို့ မရဘူးဆိုတာကို သက်သေပြသွားခဲ့တယ်။ ပွဲချိန် ၃၄ မိနစ်အရောက် ပဲလ်ဇန် ဧရိယာအစပ်နားမှာ ဆာဂျီရောဘတ်တိုက

ဘောလုံးပြန်ချပေးတာကို အသာ အယာဝေ့ဝိုက်ကန်သွင်းပြီး ဘာစီလိုနာအတွက် ဒုတိယဂိုး ရယူပေးခဲ့တယ်။ ပထမပိုင်းပြီးခါနီးမှာ ဒမ်ဘီလီရဲ့ ဖြတ်တင်ဘောကို သေသေသပ်သပ်နဲ့ ခေါင်းတိုက်သွင်းယူပြီး ဘာကာအတွက် တတိယဂိုး ရယူပေးခဲ့တယ်။

၆၇ မိနစ် အရောက်မှာလည်း ဖာရန်တောရက်စ် ပြန်ချပေးတဲ့ဘောလုံးကို ထိချက် မှန်မှန်နဲ့ ကန်သွင်းယူနိုင်ခဲ့လို့ ဟက်ထရစ်သွင်းဂိုး ရသွားခဲ့တယ်။ ဒါကြောင့် ကစားသမားသစ် လီဝမ်ဒေါစကီးရဲ့ ချန်ပီယံလိဂ် လာခြင်းကောင်းမှုအပေါ် ဘာကာပရိသတ်တွေ

ချီးမွမ်းနေကြပြီဖြစ်ပါတယ်။ ‘’ဒီကောင်က စစ်မှန်စွာနဲ့အရေးပါတဲ့ ကောင်ပါဗျာ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ တခြားတစ်ယောက်ကတော့ ‘’ဘာစီလိုနာမှာ ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေသာ ရမယ်ဆိုရင်တော့

လီဝမ်ဒေါစကီးက ပွဲဖြစ်ပြီဗျို့’’ လို့ ရေးသားခဲ့ပါတယ်။ တတိယမြောက် တစ်ယောက်ကတော့ ‘’ဟာလန်း၊ အမ်ဘာပီတို့ရဲ့ ဇာတ်လမ်းထဲမှာ သူ့ကိုလည်း ထည့်ထားရပါမယ်’’ ဆိုပြီး ရေးသားခဲ့ပါတယ်။ နောက်ထပ် တခြားတစ်ယောက်ကလည်း

‘’ဒီကောင်လည်း ကောင်းတယ်ဆို တာကို မေ့မနေကြနဲ့ဦးနော်’’ လို့ ရေးသားသွားခဲ့ကြပါတယ်။ ဘာကာနဲ့အတူ ချန်ပီယံလိဂ်ဟက်ထရစ်သွင်းဂိုးရယူနိုင်ခဲ့တဲ့ လီဝမ်ဒေါစကီးဟာ မတူညီတဲ့ အသင်း ၃ သင်းနဲ့အတူ ချန်ပီယံလိဂ် ဟက်ထရစ်သွင်းဂိုး ရယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။

(zawgyi)

အခုတေလာ လူေျပာမ်ားေနၾကတာက အမ္ဘာပီနဲ႔ ဟာလန္း ပုံျပင္ေတြဆို ေတာ့ မက္ဆီနဲ႔ စီေရာ္နယ္ဒို ျပဇာတ္ေတာင္ အေရာင္မွိန္သြားခဲ့တယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာ ခ်န္ထားခဲ့လို႔မရတဲ့ တိုက္စစ္မႉးတစ္ေယာက္ရွိေနေသးတယ္ ဆိုတာကိုေတာ့

အားလုံး ေမ့ေနၾကပါတယ္။ သူကေတာ့ လီဝမ္ေဒါစကီးပါ။ ဘာစီလိုနာက ပဲလ္ဇန္ကို ၅-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၁၃ မိနစ္အတြင္းမွာတင္ ကက္ဆီက ဦးေဆာင္ဂိုး သြင္းခဲ့တယ္။ အဲဒီေနာက္ပိုင္းပြဲခ်ိန္ေတြကေတာ့ လီဝမ္ေဒါစကီးရဲ႕ ဇာတ္ဝင္ခန္းေတြေပါ့။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ပဲလ္ဇန္ကို သုံးဂိုးဆက္တိုက္သြင္းယူၿပီး ရာဇဝင္ထဲမွာ လီဝမ္ေဒါစကီးကို ခ်န္ထားခဲ့လို႔ မရဘူးဆိုတာကို သက္ေသျပသြားခဲ့တယ္။ ပြဲခ်ိန္ ၃၄ မိနစ္အေရာက္ ပဲလ္ဇန္ ဧရိယာအစပ္နားမွာ ဆာဂ်ီေရာဘတ္တိုက ေဘာလုံးျပန္ခ်ေပးတာကို

အသာ အယာေဝ့ဝိုက္ကန္သြင္းၿပီး ဘာစီလိုနာအတြက္ ဒုတိယဂိုး ရယူေပးခဲ့တယ္။ ပထမပိုင္းၿပီးခါနီးမွာ ဒမ္ဘီလီရဲ႕ ျဖတ္တင္ေဘာကို ေသေသသပ္သပ္နဲ႔ ေခါင္းတိုက္သြင္းယူၿပီး ဘာကာအတြက္ တတိယဂိုး ရယူေပးခဲ့တယ္။ ၆၇ မိနစ္ အေရာက္မွာလည္း

ဖာရန္ေတာရက္စ္ ျပန္ခ်ေပးတဲ့ေဘာလုံးကို ထိခ်က္ မွန္မွန္နဲ႔ ကန္သြင္းယူႏိုင္ခဲ့လို႔ ဟက္ထရစ္သြင္းဂိုး ရသြားခဲ့တယ္။ ဒါေၾကာင့္ ကစားသမားသစ္ လီဝမ္ေဒါစကီးရဲ႕ ခ်န္ပီယံလိဂ္ လာျခင္းေကာင္းမႈအေပၚ ဘာကာပရိသတ္ေတြ ခ်ီးမြမ္းေနၾကၿပီျဖစ္ပါတယ္။

‘’ဒီေကာင္က စစ္မွန္စြာနဲ႔အေရးပါတဲ့ ေကာင္ပါဗ်ာ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ တျခားတစ္ေယာက္ကေတာ့ ‘’ဘာစီလိုနာမွာ ထိုက္သင့္တဲ့ ပံ့ပိုးကူညီမႈေတြသာ ရမယ္ဆိုရင္ေတာ့ လီဝမ္ေဒါစကီးက ပြဲျဖစ္ၿပီဗ်ိဳ႕’’ လို႔ ေရးသားခဲ့ပါတယ္။

တတိယေျမာက္ တစ္ေယာက္ကေတာ့ ‘’ဟာလန္း၊ အမ္ဘာပီတို႔ရဲ႕ ဇာတ္လမ္းထဲမွာ သူ႔ကိုလည္း ထည့္ထားရပါမယ္’’ ဆိုၿပီး ေရးသားခဲ့ပါတယ္။ ေနာက္ထပ္ တျခားတစ္ေယာက္ကလည္း ‘’ဒီေကာင္လည္း ေကာင္းတယ္ဆို တာကို ေမ့မေနၾကနဲ႔ဦးေနာ္’’ လို႔

ေရးသားသြားခဲ့ၾကပါတယ္။ ဘာကာနဲ႔အတူ ခ်န္ပီယံလိဂ္ဟက္ထရစ္သြင္းဂိုးရယူႏိုင္ခဲ့တဲ့ လီဝမ္ေဒါစကီးဟာ မတူညီတဲ့ အသင္း ၃ သင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ဟက္ထရစ္သြင္းဂိုး ရယူႏိုင္တဲ့ ပထမဆုံး ကစားသမား ျဖစ္လာခဲ့ပါၿပီ။