သွင်းဂိုးအားသာချက်ကြောင့် တောင်ကိုရီးယားတို့ ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိ

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲတွေကတော့ Drama ဆန်တဲ့

အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပေးခဲ့ပါတယ်။ မနေ့က အုပ်စု(E) နောက်ဆုံးပွဲတွေမှာ ဂျပန်က စပိန်ကို
အံ့အားသင့်စရာကောင်းအောင် အနိုင်ယူပြီး အုပ်စုက တက်ခွင့်ရခဲ့သလို

ဒီနေ့ အုပ်စု(H)နောက်ဆုံးပွဲမှာလည်း အာရှ ထိပ်သီးတစ်သင်းဖြစ်တဲ့
တောင်ကိုရီးယားအသင်းဟာ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုရဲ့
ပေါ်တူဂီကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီးတော့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၅)မိနစ်မှာပဲ ဒါလော့တ်ရဲ့ ဖန်တီးပေးမှုကနေ
တောင်ပံတိုက်စစ်ကစားသမား ရီကာဒိုဟော်တာက ပိတ်သွင်းခဲ့တာဖြစ်ပြီး
စောစောစီးစီး ဂိုးပေးလိုက်ရတဲ့အတွက် တောင်ကိုရီးယား ဖိအားများသွားသလို

ဖောင်ဖျက်ကစားမှရမယ်ဆိုတဲ့ အနေအထားဖြစ်သွားပါတယ်။

အဲဒါကြောင့်ပဲ (၂၇)မိနစ်မှာ ချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ လီကောင်အင်

တင်ပေးလိုက်တာကို စီရော်နယ်လ်ဒို ဖျက်ထုတ်ပုံ မသေသပ်တာကြောင့် ကင်ယောင်ဂွန်က
အနီးကပ်ပိတ်သွင်းခဲ့ပါတယ်။

တစ်ဖက်မှာ ဥရုဂွေးအသင်းက ဂါနာကို ပထမပိုင်းမှာပဲ(၂-ဝ)ဂိုးပြတ်နိုင်နေတာကြောင့်
တောင်ကိုရီးယားတို့အတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်သွားပေမယ့် Warriors
ဆိုတဲ့ နာမည်အတိုင်း တောင်ကိုရီးယားကစားသမားတွေဟာ နောက်ဆုံးမိနစ်အထိ

လုံးဝကို ဇွဲမလျှော့ဘဲ တိုက်ပွဲဝင်ခဲ့ပြီး နာကျင်အချိန်ပို (၉၁)မိနစ်မှာ ဆွန်ဟောင်မင်ရဲ့
တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ ထိုးပေးတာကနေ ဝုလ်ဗ်အသင်းတိုက်စစ်မှူး ဟွမ်ဟီချန်က
အပိုင်ပိတ်သွင်းပြီးတော့ အနိုင်ဂိုးသွင်းခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ဥရုဂွေးအသင်းတို့ဟာ (၄)မှတ်စီတူနေသလို ဂိုးကွာခြားချက်မှာလည်း
(ဝ)စီဖြစ်နေပေမယ့် တောင်ကိုရီးယားအသင်းက သွင်းဂိုး(၄)ဂိုး၊ ဥရုဂွေးက သွင်းဂိုး(၂)ဂိုးသာ
ရှိတာကြောင့် တောင်ကိုရီးယားတို့ သွင်းဂိုးအားသာချက်နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားအုပ္စု ေနာက္ဆုံးပြဲေတြကေတာ့ Drama ဆန္တဲ့
အလွည့္အေျပာင္းေတြနဲ႔အတူ ပရိသတ္ေတြကို ရင္ခုန္စိတ္လႈပ္ရွားမႈေတြ

ေပးခဲ့ပါတယ္။ မေန႔က အုပ္စု(E) ေနာက္ဆုံးပြဲေတြမွာ ဂ်ပန္က စပိန္ကို
အံ့အားသင့္စရာေကာင္းေအာင္ အႏိုင္ယူၿပီး အုပ္စုက တက္ခြင့္ရခဲ့သလို

ဒီေန႔ အုပ္စု(H)ေနာက္ဆုံးပြဲမွာလည္း အာရွ ထိပ္သီးတစ္သင္းျဖစ္တဲ့
ေတာင္ကိုရီးယားအသင္းဟာ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုရဲ႕
ေပၚတူဂီကို (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္။

ေပၚတူဂီအသင္းအတြက္ အဖြင့္ဂိုးကို ပြဲအစ(၅)မိနစ္မွာပဲ ဒါေလာ့တ္ရဲ႕ ဖန္တီးေပးမႈကေန
ေတာင္ပံတိုက္စစ္ကစားသမား ရီကာဒိုေဟာ္တာက ပိတ္သြင္းခဲ့တာျဖစ္ၿပီး
ေစာေစာစီးစီး ဂိုးေပးလိုက္ရတဲ့အတြက္ ေတာင္ကိုရီးယား ဖိအားမ်ားသြားသလို
ေဖာင္ဖ်က္ကစားမွရမယ္ဆိုတဲ့ အေနအထားျဖစ္သြားပါတယ္။

အဲဒါေၾကာင့္ပဲ (၂၇)မိနစ္မွာ ေခ်ပဂိုးရခဲ့ၿပီး ေထာင့္ကန္ေဘာကေန လီေကာင္အင္
တင္ေပးလိုက္တာကို စီေရာ္နယ္လ္ဒို ဖ်က္ထုတ္ပုံ မေသသပ္တာေၾကာင့္ ကင္ေယာင္ဂြန္က

အနီးကပ္ပိတ္သြင္းခဲ့ပါတယ္။

တစ္ဖက္မွာ ဥ႐ုေဂြးအသင္းက ဂါနာကို ပထမပိုင္းမွာပဲ(၂-ဝ)ဂိုးျပတ္ႏိုင္ေနတာေၾကာင့္

ေတာင္ကိုရီးယားတို႔အတြက္ ေမွ်ာ္လင့္ခ်က္ မရွိသေလာက္ျဖစ္သြားေပမယ့္ Warriors
ဆိုတဲ့ နာမည္အတိုင္း ေတာင္ကိုရီးယားကစားသမားေတြဟာ ေနာက္ဆုံးမိနစ္အထိ

လုံးဝကို ဇြဲမေလွ်ာ့ဘဲ တိုက္ပြဲဝင္ခဲ့ၿပီး နာက်င္အခ်ိန္ပို (၉၁)မိနစ္မွာ ဆြန္ေဟာင္မင္ရဲ႕
တစ္ကိုယ္ေတာ္ထိုးေဖာက္မႈနဲ႔ ထိုးေပးတာကေန ဝုလ္ဗ္အသင္းတိုက္စစ္မႉး ဟြမ္ဟီခ်န္က
အပိုင္ပိတ္သြင္းၿပီးေတာ့ အႏိုင္ဂိုးသြင္းခဲ့ပါတယ္။

ေတာင္ကိုရီးယားနဲ႔ ဥ႐ုေဂြးအသင္းတို႔ဟာ (၄)မွတ္စီတူေနသလို ဂိုးကြာျခားခ်က္မွာလည္း
(ဝ)စီျဖစ္ေနေပမယ့္ ေတာင္ကိုရီးယားအသင္းက သြင္းဂိုး(၄)ဂိုး၊ ဥ႐ုေဂြးက သြင္းဂိုး(၂)ဂိုးသာ
ရွိတာေၾကာင့္ ေတာင္ကိုရီးယားတို႔ သြင္းဂိုးအားသာခ်က္နဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္။