





ရီးယဲလ်အသင်းဝါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ ချယ်လ်ဆီးကို(၃-၁)ဂိုးနဲ့
အနိုင်ရခဲ့တဲ့ကွာတားဖိုင်နယ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးတဲ့နောက်





အခုဆိုရင် ပြင်သစ်ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း ချန်ပီယံလိဂ်
သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ပွဲမှာ ဘန်ဇီမာဟာ လှပတဲ့ခေါင်းတိုက်ဂိုး(၂)ဂိုးနဲ့ ဒုတိယပိုင်းအစမှာ





ဟက်ထရစ်ရမယ့်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုးက(၁၁)ဂိုးအထိ
ရှိလာပြီဖြစ်တာကြောင့် ပြင်သစ်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့





ထရက်ဇီဂေး၊ ဘန်ယက်ဒ်ဒါ၊ ဘာပေတို့ကိုကျော်ဖြတ်ပြီးတော့ တစ်ရာသီအတွင်း
ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးပြင်သစ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
ထရက်ဇီဂေး၊ ဘန်ယက်ဒ်ဒါနဲ့ ဘာပေတို့ဟာ ချန်ပီယံလိဂ်မှာ တစ်ရာသီအတွင်း





(၈)ဂိုးသွင်းယူခဲ့ပြီး အခု ဘန်ဇီမာက (၃)ဂိုးအသာနဲ့ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘန်ဇီမာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်ရာသီအတွင်း





(၁၀)ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်ကစားသမားဖြစ်လာခဲ့သလို
ဥရောပပြိုင်ပွဲတွေမှာ ချယ်လ်ဆီးအသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။





ချန်ပီယံလိဂ်သမိုင်းမှာ လက်ရှိချန်ပီယံအသင်းကို ဟက်ထရစ်သွင်းနိုင်တာက
ဘန်ဇီမာအပါအဝင် (၃)ဦးသာရှိပြီး အရင်က အင်တာမီလန်တိုက်စစ်မှူးဟောင်း





အက်ဒရီယာ(ပေါ်တို/၂၀၀၄-၀၅)၊ ရီးယဲလ်ကစားသမားဂါရတ်ဘေးလ်
(အင်တာမီလန်/၂၀၁၀-၁၁)တို့ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုမရှိတော့တဲ့
နောက်ပိုင်းကတည်းက ရီးယဲလ်တိုက်စစ်ကို အဓိကဦးဆောင်နေသူ ဘန်ဇီမာဟာ





ဒီရာသီပြိုင်ပွဲစုံမှာ (၃၆)ပွဲကစား၊ (၃၇)ဂိုးအထိသွင်းထားတာကြောင့်
သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ အကောင်းဆုံးသွင်းဂိုးမှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။





zawgyi
သြင္းဂိုးအမ်ားဆုံးျပင္သစ္ကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ ဘန္ဇီမာ
ရီးယဲလ္အသင္းဝါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ ခ်ယ္လ္ဆီးကို(၃-၁)ဂိုးနဲ႔





အႏိုင္ရခဲ့တဲ့ကြာတားဖိုင္နယ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီးတဲ့ေနာက္
အခုဆိုရင္ ျပင္သစ္ကစားသမားေတြထဲမွာ တစ္ရာသီအတြင္း ခ်န္ပီယံလိဂ္





သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ဘန္ဇီမာဟာ လွပတဲ့ေခါင္းတိုက္ဂိုး(၂)ဂိုးနဲ႔ ဒုတိယပိုင္းအစမွာ
ဟက္ထရစ္ရမယ့္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ဒီရာသီ ခ်န္ပီယံလိဂ္သြင္းဂိုးက(၁၁)ဂိုးအထိ





ရွိလာၿပီျဖစ္တာေၾကာင့္ ျပင္သစ္နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့
ထရက္ဇီေဂး၊ ဘန္ယက္ဒ္ဒါ၊ ဘာေပတို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ တစ္ရာသီအတြင္း





ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးျပင္သစ္ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့တာပါ။
ထရက္ဇီေဂး၊ ဘန္ယက္ဒ္ဒါနဲ႔ ဘာေပတို႔ဟာ ခ်န္ပီယံလိဂ္မွာ တစ္ရာသီအတြင္း
(၈)ဂိုးသြင္းယူခဲ့ၿပီး အခု ဘန္ဇီမာက (၃)ဂိုးအသာနဲ႔ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။





ဒါ့အျပင္ ဘန္ဇီမာဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ရာသီအတြင္း
(၁၀)ဂိုးနဲ႔အထက္သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးျပင္သစ္ကစားသမားျဖစ္လာခဲ့သလို





ဥေရာပၿပိဳင္ပြဲေတြမွာ ခ်ယ္လ္ဆီးအသင္းဘက္ကို ဟက္ထရစ္သြင္းယူခဲ့တဲ့
ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္သမိုင္းမွာ လက္ရွိခ်န္ပီယံအသင္းကို ဟက္ထရစ္သြင္းႏိုင္တာက





ဘန္ဇီမာအပါအဝင္ (၃)ဦးသာရွိၿပီး အရင္က အင္တာမီလန္တိုက္စစ္မႉးေဟာင္း
အက္ဒရီယာ(ေပၚတို/၂၀၀၄-၀၅)၊ ရီးယဲလ္ကစားသမားဂါရတ္ေဘးလ္





(အင္တာမီလန္/၂၀၁၀-၁၁)တို႔ပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့
ေနာက္ပိုင္းကတည္းက ရီးယဲလ္တိုက္စစ္ကို အဓိကဦးေဆာင္ေနသူ ဘန္ဇီမာဟာ
ဒီရာသီၿပိဳင္ပြဲစုံမွာ (၃၆)ပြဲကစား၊ (၃၇)ဂိုးအထိသြင္းထားတာေၾကာင့္





သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာ အေကာင္းဆုံးသြင္းဂိုးမွတ္တမ္းကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။
Leave a Reply