သွင်းဂိုးတွေ ကင်းမဲ့နေသေးပေမယ့် ပြင်သစ်လီဂူးမှာ စံချိန်သစ်တွေ ရယူနိုင်ခဲ့ပြန်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ပဲရစ် စိန့် ဂျာမိန်းက Clermont Foot ကို

( ၆-၁ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု (၃ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

မက်ဆီက ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့် ပီအက်စ်ဂျီအတွက် ဂိုးဖန်တီးမှုတွေ

ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် ဖန်တီးမှုအနေနဲ့ ပီအက်စ်ဂျီကို ( ၁-၀ )

ဦးဆောင်ခွင့်ရစေတဲ့ နေမာရဲ့ အဖွင့်ဂိုးကို ဧရိယာထိပ်ကနေ ပေးပို့ကာ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယ ဖန်တီးမှုကတော့ ပိုပြီး ခက်ခဲပါတယ်။ မက်ဆီက ဖြတ်တင်ဘော ပေးပို့မှုကို

ရင်ဘတ်နဲ့ ထိန်းချုပ်ပြီး သွင်းဂိုးရှင် ကိုင်လီယန် အမ်ဘာပေထံ volley ကန်ချက်နဲ့

ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ တတိယအကြိမ်အနေနဲ့လည်း အမ်ဘာပေကိုပဲ

ဖန်တီးပေးခဲ့တာဖြစ်ပြီး ပြင်သစ်လက်ရွေးစင်က ပင်နယ်တီ ဧရိယာအစွန်ကနေ

လှလှပပ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်က

လက်ရှိမှာ သွင်းဂိုးတွေ အနည်းငယ် ကင်းမဲ့နေပေမယ့် ဖန်တီးမှုမှာတော့

( ၁၃ ) ကြိမ်နဲ့ ပြင်သစ်လီဂူးကို ဦ‌းဆောင်ထားပါတယ်။

ဒါ့အပြင် ဒေတာ ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ OptaJean အရ လီယွန်နယ် မက်ဆီဟာ

သူ့တို့ရဲ့ Opta ဝက်ဆိုဒ်က ဘောလုံးဒေတာတွေ စတင်မှတ်တမ်းတင်ခဲ့တဲ့

( ၂၀၀၆/၀၇ ) ရာသီကစပြီး လက်ရှိအချိန်ထိ ပြင်သစ်လီဂူးဝမ်းရဲ့ ဘောလုံးရာသီ တစ်ခုအတွင်း

မတူညီတဲ့ ပွဲစဉ် ( ၂ ) ခုမှာ ဂိုးဖန်တီးမှု ( ၃) ကြိမ်စီ ပြုလုပ်နိုင်တဲ့ ပထမဆုံး

ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။

zawgyi

သြင္းဂုိးေတြ ကင္းမဲ့ေနေသးေပမယ့္ ျပင္သစ္လီဂူးမွာ စံခ်ိန္သစ္ေတြ ရယူႏိုင္ခဲ့ျပန္တဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ ပဲရစ္ စိန႔္ ဂ်ာမိန္းက Clermont Foot ကို

( ၆-၁ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဂိုးဖန္တီးမႈ (၃ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မက္ဆီက ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့ေပမယ့္ ပီအက္စ္ဂ်ီအတြက္ ဂိုးဖန္တီးမႈေတြ

ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ ပထမအႀကိမ္ ဖန္တီးမႈအေနနဲ႔ ပီအက္စ္ဂ်ီကို ( ၁-၀ )

ဦးေဆာင္ခြင့္ရေစတဲ့ ေနမာရဲ႕ အဖြင့္ဂိုးကို ဧရိယာထိပ္ကေန ေပးပို႔ကာ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယ ဖန္တီးမႈကေတာ့ ပိုၿပီး ခက္ခဲပါတယ္။ မက္ဆီက ျဖတ္တင္ေဘာ ေပးပို႔မႈကို

ရင္ဘတ္နဲ႔ ထိန္းခ်ဳပ္ၿပီး သြင္းဂိုးရွင္ ကိုင္လီယန္ အမ္ဘာေပထံ volley ကန္ခ်က္နဲ႔

ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ တတိယအႀကိမ္အေနနဲ႔လည္း အမ္ဘာေပကိုပဲ

ဖန္တီးေပးခဲ့တာျဖစ္ၿပီး ျပင္သစ္လက္ေ႐ြးစင္က ပင္နယ္တီ ဧရိယာအစြန္ကေန

လွလွပပ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနား လက္ေရြးစင္က

လက္ရွိမွာ သြင္းဂိုးေတြ အနည္းငယ္ ကင္းမဲ့ေနေပမယ့္ ဖန္တီးမႈမွာေတာ့

( ၁၃ ) ႀကိမ္နဲ႔ ျပင္သစ္လီဂူးကို ဦ‌းေဆာင္ထားပါတယ္။

ဒါ့အျပင္ ေဒတာ ဝက္ဆိုဒ္တစ္ခုျဖစ္တဲ့ OptaJean အရ လီယြန္နယ္ မက္ဆီဟာ

သူ႔တို႔ရဲ႕ Opta ဝက္ဆိုဒ္က ေဘာလုံးေဒတာေတြ စတင္မွတ္တမ္းတင္ခဲ့တဲ့

( ၂၀၀၆/၀၇ ) ရာသီကစၿပီး လက္ရွိအခ်ိန္ထိ ျပင္သစ္လီဂူးဝမ္းရဲ႕ ေဘာလုံးရာသီ တစ္ခုအတြင္း

မတူညီတဲ့ ပြဲစဥ္ ( ၂ ) ခုမွာ ဂိုးဖန္တီးမႈ ( ၃) ႀကိမ္စီ ျပဳလုပ္ႏိုင္တဲ့ ပထမဆုံး

ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့တယ္လို႔ သိရပါတယ္။