သေမြေကြီး ရှင်ရွှေထီးဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာ

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီး တော့ဒ်ဘိုလေဟာ ချဲလ်ဆီးကို စတင်ဝယ်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာပဲ အပြောင်းအလဲတွေ အများကြီး လုပ်ပစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထင်သာမြင်သာတဲ့အကြောင်းအရာနှစ်ခုကတော့ နည်းပြတူချယ်ကို ရာထူးကနေ ဖယ်ရှားပစ်ခဲ့ပြီး

ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို ခန့်အပ်ခဲ့တာပါ။ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေအားလုံး ရွှေ့ဆိုင်းထားတာကြောင့် အင်္ဂလန်သားနည်းပြဖြစ်တဲ့ ပေါ်တာဟာ လက်ရှိ မှာ ချဲလ်ဆီးရဲ့ ပထမဆုံး ပွဲစဉ်ကိုတောင် စတင်ကိုင်တွယ်ခွင့် မရသေးပါဘူး။ ဒါပေမဲ့ အသက် ၄၇ နှစ်အရွယ် နည်းပြကို

ရာထူးကနေ ထုတ်ပယ်ပစ်မယ့် အချိန်ကိုတော့ ချဲလ်ဆီးအသင်းပိုင်ရှင်တွေ သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ရာသီအကုန်မှာ အဆင့် ၄ နေရာအတွင်း ချဲလ်ဆီးအသင်း မဝင်ရောက်နိုင်ခဲ့ဘူးဆိုရင်တော့ ပေါ်တာဟာ ရာထူးကနေပြီး သေချာပေါက် ဖယ်ရှားခံရမှာဖြစ်တယ်လို့

ဗြိတန်အခြေစိုက် သတင်းစာဖြစ်တဲ့ METRO က ရေးသားဖော်ပြခဲ့ပါတယ်။ ရာသီအစရလဒ်ဆိုးတွေ ဘယ်လိုပဲ ရှိနေခဲ့ပါစေ၊ အသည်းမာတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်တွေဟာ အထာမထားတဲ့ ဒီဇိုင်းကာလာအနေအထားမျိုး ရှိနေတော့ ပေါ်တာအတွက် အနိမ့်ဆုံး ရည်မှန်းချက်က

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်နေပါပြီ။ အမှန်တကယ်တော့ ပေါ်တာ လိုအရည်အချင်းရှိတဲ့ နည်းပြမျိုးကို အသင်းပိုင်ရှင်တွေက စတမ်းဖို့ဒ်ဘရစ်ချန်မှာ ရေရှည်စီမံကိန်းနဲ့ နေရာပေးထားချင်တာပါ။ ဒါကြောင့် လည်း ၅ နှစ်သက်တမ်း စာချုပ်အထိ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ သက်တမ်းကာလအတွင်းမှာ ဥရောပအောင်မြင်မှု ဒါမှမဟုတ် ပရီးမီးယားလိဂ် ဆိုတဲ့ အောင်မြင်မှုမျိုး မရခဲ့ဘူးဆိုရင်တော့ ပေါ်တာတစ်ယောက် အဝေးဆုံးကို လွင့်စင်ကွယ်ပျောက်သွားရမှာ ကျိန်းသေနေပါပြီ။ မော်ရင်ဟို၊ စကိုလာရီ၊ ဘိုအာ့စ်အစရှိတဲ့

နာမည်ကျော်နည်းပြတွေအပါအဝင် နည်းပြ ၁၄ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ချဲလ်ဆီးနည်းပြ ထိုင်ခုံကနေ မတူညီတဲ့ အခြေအနေပေါင်းစုံနဲ့ နေရာဖယ်ပေးခဲ့ကြရတာပါ။ ဒါကြောင့် ဒီလိုအစဉ်အလာမျိုးရှိနေတဲ့ ချဲလ်ဆီးဟာ ပေါ်တာကိုလည်း

စောင့်ကြည့်နေမှာဖြစ်ပြီး ရာသီအကုန်မှာ အနိမ့်ဆုံး အဆင့် ၄ နေရာမှ မရခဲ့ဘူးဆိုရင်တော့ သေချာ ပေါက် ထုတ်ပစ်မှာပါပဲ။ ဒီလိုဆိုတော့ အသင်းနည်းပြဘဝတောင် မစရသေးခင်မှာပဲ အထုတ်ခံရမယ့်ရက်ကို ကျိန်းသေသိနေရပြီဖြစ်တဲ့ ပေါ်တာဟာ သေမြေကြီး ရှင်ရွှေထီး ဖြစ်နေပြီလို့ ပြောရတော့မှာပါပဲ။

(zawgyi)

အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ႀကီး ေတာ့ဒ္ဘိုေလဟာ ခ်ဲလ္ဆီးကို စတင္ဝယ္ယူၿပီး ရက္ေပါင္း ၁၀၀ အတြင္းမွာပဲ အေျပာင္းအလဲေတြ အမ်ားႀကီး လုပ္ပစ္ခဲ့ပါတယ္။ အဲဒီအထဲမွာ ထင္သာျမင္သာတဲ့အေၾကာင္းအရာႏွစ္ခုကေတာ့ နည္းျပတူခ်ယ္ကို ရာထူးကေန ဖယ္ရွားပစ္ခဲ့ၿပီး

ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပၚတာကို ခန႔္အပ္ခဲ့တာပါ။ ပရီးမီးယားလိဂ္ ေဘာလုံးပြဲစဥ္ေတြအားလုံး ေ႐ႊ႕ဆိုင္းထားတာေၾကာင့္ အဂၤလန္သားနည္းျပျဖစ္တဲ့ ေပၚတာဟာ လက္ရွိ မွာ ခ်ဲလ္ဆီးရဲ႕ ပထမဆုံး ပြဲစဥ္ကိုေတာင္ စတင္ကိုင္တြယ္ခြင့္ မရေသးပါဘူး။ ဒါေပမဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ နည္းျပကို

ရာထူးကေန ထုတ္ပယ္ပစ္မယ့္ အခ်ိန္ကိုေတာ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြ သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ရာသီအကုန္မွာ အဆင့္ ၄ ေနရာအတြင္း ခ်ဲလ္ဆီးအသင္း မဝင္ေရာက္ႏိုင္ခဲ့ဘူးဆိုရင္ေတာ့ ေပၚတာဟာ ရာထူးကေနၿပီး ေသခ်ာေပါက္ ဖယ္ရွားခံရမွာျဖစ္တယ္လို႔ ၿဗိတန္အေျခစိုက္

သတင္းစာျဖစ္တဲ့ METRO က ေရးသားေဖာ္ျပခဲ့ပါတယ္။ ရာသီအစရလဒ္ဆိုးေတြ ဘယ္လိုပဲ ရွိေနခဲ့ပါေစ၊ အသည္းမာတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြဟာ အထာမထားတဲ့ ဒီဇိုင္းကာလာအေနအထားမ်ိဳး ရွိေနေတာ့ ေပၚတာအတြက္ အနိမ့္ဆုံး ရည္မွန္းခ်က္က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျဖစ္ေနပါၿပီ။

အမွန္တကယ္ေတာ့ ေပၚတာ လိုအရည္အခ်င္းရွိတဲ့ နည္းျပမ်ိဳးကို အသင္းပိုင္ရွင္ေတြက စတမ္းဖို႔ဒ္ဘရစ္ခ်န္မွာ ေရရွည္စီမံကိန္းနဲ႔ ေနရာေပးထားခ်င္တာပါ။ ဒါေၾကာင့္ လည္း ၅ ႏွစ္သက္တမ္း စာခ်ဳပ္အထိ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီ သက္တမ္းကာလအတြင္းမွာ

ဥေရာပေအာင္ျမင္မႈ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ ဆိုတဲ့ ေအာင္ျမင္မႈမ်ိဳး မရခဲ့ဘူးဆိုရင္ေတာ့ ေပၚတာတစ္ေယာက္ အေဝးဆုံးကို လြင့္စင္ကြယ္ေပ်ာက္သြားရမွာ က်ိန္းေသေနပါၿပီ။ ေမာ္ရင္ဟို၊ စကိုလာရီ၊ ဘိုအာ့စ္အစရွိတဲ့ နာမည္ေက်ာ္နည္းျပေတြအပါအဝင္

နည္းျပ ၁၄ ေယာက္ဟာ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၂၀ အတြင္း ခ်ဲလ္ဆီးနည္းျပ ထိုင္ခုံကေန မတူညီတဲ့ အေျခအေနေပါင္းစုံနဲ႔ ေနရာဖယ္ေပးခဲ့ၾကရတာပါ။ ဒါေၾကာင့္ ဒီလိုအစဥ္အလာမ်ိဳးရွိေနတဲ့ ခ်ဲလ္ဆီးဟာ ေပၚတာကိုလည္း ေစာင့္ၾကည့္ေနမွာျဖစ္ၿပီး

ရာသီအကုန္မွာ အနိမ့္ဆုံး အဆင့္ ၄ ေနရာမွ မရခဲ့ဘူးဆိုရင္ေတာ့ ေသခ်ာ ေပါက္ ထုတ္ပစ္မွာပါပဲ။ ဒီလိုဆိုေတာ့ အသင္းနည္းျပဘဝေတာင္ မစရေသးခင္မွာပဲ အထုတ္ခံရမယ့္ရက္ကို က်ိန္းေသသိေနရၿပီျဖစ္တဲ့ ေပၚတာဟာ ေသေျမႀကီး ရွင္ေ႐ႊထီး ျဖစ္ေနၿပီလို႔ ေျပာရေတာ့မွာပါပဲ။