သူ အခုလို ထိပ်တန်းအဆင့်ရောက်လာတာ ဆိုးလ်ရှားရဲ့ ကျေးဇူးတွေ အများကြီးပါတယ်လို့ ဟာလန်း ဝန်ခံ

မန်စီးတီးအသင်းရဲ့ နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းက

သူ့ရဲ့ ဂိုးသွင်းစွမ်းရည် ပိုကောင်းလာအောင် ဆရာဟောင်းဖြစ်သူ
ဆိုးလ်ရှားဟာ အများကြီး ကူညီပေးခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ နော်ဝေ
ကလပ် မိုလ်ဒီအသင်းကို,ကိုင်တွယ်ခဲ့ချိန်အတွင်း အသက်(၁၆)နှစ်သာ
ရှိသေးတဲ့ ဟာလန်းကို Bryne အသင်းဆီကနေ ခေါ်ယူခဲ့ပြီး အဲဒီမှာ
ဟာလန်းနဲ့ (၂)နှစ်ကြာ လက်တွဲခဲ့ဖူးပါတယ်။

ဟာလန်းရဲ့ဖခင်ဖြစ်သူ အဲ့လ်အင်ဟာလန်းဟာ နော်ဝေလက်ရွေးစင်
အသင်းမှာ ဆိုးလ်ရှားနဲ့အတူ ကစားခဲ့ဖူးတာကြောင့် ရင်းနှီးမှုရှိသလို
ဆိုးလ်ရှားက ဟာလန်းအနေနဲ့ ထိပ်တန်းအဆင့်ရောက်အောင်

ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ကောင်းကောင်းသိခဲ့ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ဟာလန်းက “ကျွန်တော့်ကို ဆိုးလ်ရှား ပထမဆုံး

ပြောခဲ့တဲ့ စကားက ‘ဘောလုံးကို မင်း ခေါင်းဘယ်လိုတိုက်ရမလဲဆိုတာ
ကောင်းကောင်းမသိသေးဘူးကွ . .အဲဒါကို ငါတို့ ကြိုးစားပြင်ရမယ်’
ဆိုတာပါပဲ။ အဲဒီနောက် မိုလ်ဒီမှာကစားခဲ့တဲ့ (၂)နှစ်တာကာလအတွင်း

ကျွန်တော်တို့ အမြင့်ဘောတွေကို တစ်ချိန်လုံး လေ့ကျင့်ခဲ့ပြီး ဒါက
တော်တော်လေး အကျိုးရှိစေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
အခုဆိုရင် ကျွန်တော် ခေါင်းတိုက်ဂိုးတွေ သွင်းယူနေနိုင်ပြီဖြစ်ပြီး
အဲဒီအတွက်လည်း ဆိုးလ်ရှားနဲ့ မိုလ်ဒီနည်းပြတွေကို ကျေးဇူးတင်ပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္စီးတီးအသင္းရဲ႕ ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းက

သူ႔ရဲ႕ ဂိုးသြင္းစြမ္းရည္ ပိုေကာင္းလာေအာင္ ဆရာေဟာင္းျဖစ္သူ
ဆိုးလ္ရွားဟာ အမ်ားႀကီး ကူညီေပးခဲ့တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း ဆိုးလ္ရွားဟာ ေနာ္ေဝ
ကလပ္ မိုလ္ဒီအသင္းကို,ကိုင္တြယ္ခဲ့ခ်ိန္အတြင္း အသက္(၁၆)ႏွစ္သာ
ရွိေသးတဲ့ ဟာလန္းကို Bryne အသင္းဆီကေန ေခၚယူခဲ့ၿပီး အဲဒီမွာ
ဟာလန္းနဲ႔ (၂)ႏွစ္ၾကာ လက္တြဲခဲ့ဖူးပါတယ္။

ဟာလန္းရဲ႕ဖခင္ျဖစ္သူ အဲ့လ္အင္ဟာလန္းဟာ ေနာ္ေဝလက္ေ႐ြးစင္
အသင္းမွာ ဆိုးလ္ရွားနဲ႔အတူ ကစားခဲ့ဖူးတာေၾကာင့္ ရင္းႏွီးမႈရွိသလို
ဆိုးလ္ရွားက ဟာလန္းအေနနဲ႔ ထိပ္တန္းအဆင့္ေရာက္ေအာင္

ဘယ္လိုျပင္ဆင္ရမလဲဆိုတာ ေကာင္းေကာင္းသိခဲ့ပါတယ္။

အဲဒါနဲ႔ပတ္သက္ၿပီး ဟာလန္းက “ကြၽန္ေတာ့္ကို ဆိုးလ္ရွား ပထမဆုံး

ေျပာခဲ့တဲ့ စကားက ‘ေဘာလုံးကို မင္း ေခါင္းဘယ္လိုတိုက္ရမလဲဆိုတာ
ေကာင္းေကာင္းမသိေသးဘူးကြ . .အဲဒါကို ငါတို႔ ႀကိဳးစားျပင္ရမယ္’
ဆိုတာပါပဲ။ အဲဒီေနာက္ မိုလ္ဒီမွာကစားခဲ့တဲ့ (၂)ႏွစ္တာကာလအတြင္း

ကြၽန္ေတာ္တို႔ အျမင့္ေဘာေတြကို တစ္ခ်ိန္လုံး ေလ့က်င့္ခဲ့ၿပီး ဒါက
ေတာ္ေတာ္ေလး အက်ိဳးရွိေစခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့
အခုဆိုရင္ ကြၽန္ေတာ္ ေခါင္းတိုက္ဂိုးေတြ သြင္းယူေနႏိုင္ၿပီျဖစ္ၿပီး
အဲဒီအတြက္လည္း ဆိုးလ္ရွားနဲ႔ မိုလ္ဒီနည္းျပေတြကို ေက်းဇူးတင္ပါတယ္”

လို႔ ေျပာၾကားခဲ့ပါတယ္။