သူ့ Idol စီရော်နယ်လ်ဒိုကို အမြဲအမှတ်ရနေတယ်ဆိုတာ သက်သေပြခဲ့တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချိုဟာ သူလေးစားအားကျရတဲ့

အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုကို အမြဲတမ်းသတိရနေတယ်ဆိုတဲ့ သဘောနဲ့
စီရော်နယ်လ်ဒိုလို ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဓာတ်ပုံကို phone wallpaper
ထားခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ
ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၉)ပွဲကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်
ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြကစားနေပါတယ်။

ဂါနာချိုအတွက် စီရော်နယ်လ်ဒိုက စံပြထားရမယ့် ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့်
လက်ရှိအချိန်မှာ စီရော်နယ်လ်ဒို အသင်းနဲ့လမ်းခွဲခဲ့ပြီဖြစ်လို့ ဂါနာချိုဟာ သူ့ Idol နဲ့
ယူနိုက်တက်မှာ အချိန်အကြာကြီး လက်တွဲကစားခွင့်မရခဲ့ပါဘူး။

နိုဝင်ဘာလအတွင်း ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂါနာချိုက ယူနိုက်တက်
ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့ပြီး ဂိုးသွင်းအပြီးမှာ စီရော်နယ်လ်ဒိုလို

လက်နှစ်ဖက် ရင်ဘတ်ပေါ်တင်ပြီးတော့ မျက်လုံးမှိတ်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

ဘန်လေနဲ့ပွဲအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဂါနာချို ရောက်လာချိန်မှာ အဲဒီဓာတ်ပုံကို

သူ့ရဲ့ phone wallpaper အဖြစ် ထား,ထားတာကို မျက်စိလျင်တဲ့ ယူနိုက်တက်ပရိသတ်
တချို့က သတိပြုမိခဲ့ပြီး စီရော်နယ်လ်ဒိုကို အမြဲအမှတ်တရရှိနေတဲ့ ဂါနာချိုရဲ့လုပ်ရပ်
အပေါ် အွန်လိုင်းပေါ်မှာ ချီးကျူးရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳဟာ သူေလးစားအားက်ရတဲ့
အသင္းေဖာ္ေဟာင္း စီေရာ္နယ္လ္ဒိုကို အၿမဲတမ္းသတိရေနတယ္ဆိုတဲ့ သေဘာနဲ႔
စီေရာ္နယ္လ္ဒိုလို ပုံစံအတိုင္း ေအာင္ပြဲခံခဲ့တဲ့ ဓာတ္ပုံကို phone wallpaper
ထားခဲ့ၿပီး အဲဒီလုပ္ရပ္အေပၚ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကပါတယ္။

အသက္(၁၈)ႏွစ္သာရွိေသးတဲ့ အာဂ်င္တီးနားတိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ
ဒီရာသီမွာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ(၉)ပြဲကစား၊ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္

ျပဳလုပ္ခဲ့ၿပီး ေျခစြမ္းျပကစားေနပါတယ္။

ဂါနာခ်ိဳအတြက္ စီေရာ္နယ္လ္ဒိုက စံျပထားရမယ့္ ေဘာလုံးသမားတစ္ဦးျဖစ္ေပမယ့္

လက္ရွိအခ်ိန္မွာ စီေရာ္နယ္လ္ဒို အသင္းနဲ႔လမ္းခြဲခဲ့ၿပီျဖစ္လို႔ ဂါနာခ်ိဳဟာ သူ႔ Idol နဲ႔
ယူႏိုက္တက္မွာ အခ်ိန္အၾကာႀကီး လက္တြဲကစားခြင့္မရခဲ့ပါဘူး။

ႏိုဝင္ဘာလအတြင္း ဆိုစီဒက္ကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ဂါနာခ်ိဳက ယူႏိုက္တက္
ကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူခဲ့ၿပီး ဂိုးသြင္းအၿပီးမွာ စီေရာ္နယ္လ္ဒိုလို
လက္ႏွစ္ဖက္ ရင္ဘတ္ေပၚတင္ၿပီးေတာ့ မ်က္လုံးမွိတ္တဲ့ပုံစံနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

ဘန္ေလနဲ႔ပြဲအတြက္ အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ဂါနာခ်ိဳ ေရာက္လာခ်ိန္မွာ အဲဒီဓာတ္ပုံကို
သူ႔ရဲ႕ phone wallpaper အျဖစ္ ထား,ထားတာကို မ်က္စိလ်င္တဲ့ ယူႏိုက္တက္ပရိသတ္
တခ်ိဳ႕က သတိျပဳမိခဲ့ၿပီး စီေရာ္နယ္လ္ဒိုကို အၿမဲအမွတ္တရရွိေနတဲ့ ဂါနာခ်ိဳရဲ႕လုပ္ရပ္
အေပၚ အြန္လိုင္းေပၚမွာ ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။