သူ့အပေါ် အရမ်းဖောင်းထုတတ်တဲ့ ကာရေဂါကို ပညာပေးပြီး ချေပြခဲ့တဲ့ ရော်နယ်ဒို

မန်ယူနဲ့လီဗာပူးလ်ပွဲမစခင် အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ယူနိုက်တက်ကစားသမားတွေ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ ဝင်လာကြပါတယ်။ အဲဒီအချိန် ကွင်းဘေးနားမှာ Sky Sports ရုပ်သံ ဘောလုံးပွဲဝေဖန်သူတွေဖြစ်ကြတဲ့ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်နဲ့

ကာရေဂါတို့လည်း အစီအစဉ်တင်ဆက်နေကြပါတယ်။ အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ ရော်နယ်ဒိုဟာ သူတို့ဆီ ရုတ်တရက်ပေါက်ချလာခဲ့ပါတော့တယ်။ မန်ယူမှာအတူကစားခဲ့ကြဖူးတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်ကို လာနှုတ်ဆက်တာပါ။

ဒီမှာ ပေါ်တူဂီသားရဲ့အချေတစ်လိုင်းကို တွေ့ကြရတော့တာပါပဲ။ ရော်နယ်ဒိုဟာ သူ့အကြောင်း မကောင်းပြောတတ်လွန်းတဲ့ လီဗာပူးလ်ဂန္ထဝင်ကို လုံးဝနှုတ်ဆက်မသွားခဲ့ပါဘူး။ တကယ်ဆို ကာရေဂါက နဗီးလ်နဲ့ ရွိုင်ကိန်းကြားမှာ ရပ်နေတာပါ။

ရော်နယ်ဒိုဟာ နဗီးလ်ကို အရင်နှုတ်ဆက်ပြီး အိုင်ယာလန်သားဆီ ဆက်လျှောက်သွားခဲ့ပါတယ်။ ကာရေဂါကတော့ သူ့ကိုများနှုတ်ဆက်လေမလားလို့ ကိုယ်တစ်ပတ်လည်ပြီး လိုက်ကြည့်နေခဲ့ရတာပါ။ ဒါပေမဲ့ ရော်နယ်ဒိုဟာ

ရွိုင်ကိန်းကိုနှုတ်ဆက်ပြီး လှည့်ထွက်သွားခဲ့ပါတယ်။ ကာရေဂါ ဘာလုပ်ရမှန်း မသိအောင်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့အကြောင်း သူသိပါတယ်။ ဒါကြောင့် အရှက်ပြေပြုံးနေခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ တန်းဟတ်ရဲ့ပထမစာရင်းထဲ ပါဝင်ခွင့်မရခဲ့ပါဘူး။

ဒုတိယပိုင်းပွဲပြီးကာနီးမှ လူစားဝင်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဒီရာသီ ပထမဆုံးနိုင်ပွဲရခဲ့တာကြောင့် ပေါ်တူဂီသားကျေနပ်နေသလို အသင်းဖော်ဟောင်း ကက်စ်မီရိုရောက်လာတာကလည်း အသင်းမှာဆက်နေဖို့ အကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

(zawgyi)

မန္ယူနဲ႔လီဗာပူးလ္ပြဲမစခင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကို ယူႏိုက္တက္ကစားသမားေတြ ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ ၀င္လာၾကပါတယ္။ အဲဒီအခ်ိန္ ကြင္းေဘးနားမွာ Sky Sports ရုပ္သံ ေဘာလံုးပြဲေ၀ဖန္သူေတြျဖစ္ၾကတဲ့ ရိြဳင္ကိန္း၊ ဂယ္ရီနဗီးလ္နဲ႔

ကာေရဂါတို႔လည္း အစီအစဥ္တင္ဆက္ေနၾကပါတယ္။ အသင္းသားေတြနဲ႔အတူ ေလ့က်င့္ေရးဆင္းေနတဲ့ ေရာ္နယ္ဒိုဟာ သူတို႔ဆီ ရုတ္တရက္ေပါက္ခ်လာခဲ့ပါေတာ့တယ္။ မန္ယူမွာအတူကစားခဲ့ၾကဖူးတဲ့ ရိြဳင္ကိန္းနဲ႔ ဂယ္ရီနဗီးလ္ကို လာႏႈတ္ဆက္တာပါ။

ဒီမွာ ေပၚတူဂီသားရဲ႕အေခ်တစ္လိုင္းကို ေတြ႔ၾကရေတာ့တာပါပဲ။ ေရာ္နယ္ဒိုဟာ သူ႔အေၾကာင္း မေကာင္းေျပာတတ္လြန္းတဲ့ လီဗာပူးလ္ဂႏၳ၀င္ကို လံုး၀ႏႈတ္ဆက္မသြားခဲ့ပါဘူး။ တကယ္ဆို ကာေရဂါက နဗီးလ္နဲ႔ ရိြဳင္ကိန္းၾကားမွာ ရပ္ေနတာပါ။

ေရာ္နယ္ဒိုဟာ နဗီးလ္ကို အရင္ႏႈတ္ဆက္ၿပီး အိုင္ယာလန္သားဆီ ဆက္ေလွ်ာက္သြားခဲ့ပါတယ္။ ကာေရဂါကေတာ့ သူ႔ကိုမ်ားႏႈတ္ဆက္ေလမလားလို႔ ကိုယ္တစ္ပတ္လည္ၿပီး လိုက္ၾကည့္ေနခဲ့ရတာပါ။ ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ရိြဳင္ကိန္းကိုႏႈတ္ဆက္ၿပီး လွည့္ထြက္သြားခဲ့ပါတယ္။

ကာေရဂါ ဘာလုပ္ရမွန္း မသိေအာင္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ သူ႔အေၾကာင္း သူသိပါတယ္။ ဒါေၾကာင့္ အရွက္ေျပၿပံဳးေနခဲ့ရပါတယ္။ ေရာ္နယ္ဒိုဟာ ဒီပြဲမွာ တန္းဟတ္ရဲ႕ပထမစာရင္းထဲ ပါ၀င္ခြင့္မရခဲ့ပါဘူး။ ဒုတိယပိုင္းပြဲၿပီးကာနီးမွ

လူစား၀င္ခြင့္ရခဲ့တာပါ။ ဒါေပမဲ့ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕သြင္းဂိုးေတြနဲ႔ ဒီရာသီ ပထမဆံုးႏိုင္ပြဲရခဲ့တာေၾကာင့္ ေပၚတူဂီသားေက်နပ္ေနသလို အသင္းေဖာ္ေဟာင္း ကက္စ္မီရိုေရာက္လာတာကလည္း အသင္းမွာဆက္ေနဖို႔ အေၾကာင္းတစ္ခုျဖစ္လာခဲ့ပါတယ္။