သူ့အတွက် ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူ လက်ရှိပရီးမီးယားလိဂ်မှာ မရှိဘူးဆိုတဲ့ ဟယ်ရီကိန်း

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘ၀ ၁၀ နှစ်ပြည့် အမှတ်တရအဖြစ် အင်စတာဂရမ်မှာ အစီအစဉ်တစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေကို ဒိုင်ခံဖြေပေးသွားခဲ့တာပါ။

“ ကျွန်တော့်ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝဟာ ဒီနေ့မှာ ၁၀ နှစ်ပြည့်ပါပြီ။ အချိန်နည်းနည်းရတာနဲ့ ခင်ဗျားတို့ရဲ့မေးခွန်းတွေကိုဖြေပေးပါ့မယ်။ တုံ့ပြန်မှုက နည်းနည်းလေး ကြာချင်ရင်လည်း ကြာပါမယ် ” လို့ ဟယ်ရီကိန်းက ရေးသားခဲ့တဲ့နောက်

ဗွီဒီယိုနဲ့ Live လွှင့်ပြီး ဖြေသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူတွေက ဘယ်သူတွေလဲဆိုတဲ့မေးခွန်းကို ဖြေရာမှာတော့ အင်္ဂလန်နဲ့ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျွန်တယ်ရီ၊ အီတလီဂန္ထဝင် ချီလီနီတို့ကိုရွေးချယ်သွားခဲ့ပါတယ်။

“ နည်းနည်းတော့ရှိခဲ့ပါတယ်။ အစောပိုင်းမှာ ရင်ဆိုင်ခဲ့ရသူကတော့ ဂျွန်တယ်ရီပါ။ သူက ထက်မြက်တဲ့နောက်ခံလူဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်ကို ဘယ်မှာထားရမယ်ဆိုတာသိတယ်။ ကျွန်တော် ပြေးတာကို ဘယ်လိုရပ်တန့်ရမလဲဆိုတာသိတယ်။

ဒါဟာ ကောင်းမွန်တဲ့သင်ယူမှုပုံစံ ဖြစ်ခဲ့ပါတယ် ” လို့ ဖြေသွားခဲ့တာပါ။ ဂျွန်တယ်ရီဟာ ချဲလ်ဆီးအတွက် ၇၁၇ ပွဲကစားပေးခဲ့ပြီး ၆၇ ဂိုးသွင်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တစ်ကြိမ်စီ ရရှိခဲ့ပါတယ်။

ဟယ်ရီကိန်းက ဆက်လက်ပြီး “ အဲဒီနောက်မှာတော့ ချီလီနီပေါ့။ အီတလီ၊ ဂျူဗင်တပ်တို့နဲ့ကစားတော့ ကျွန်တော် သူနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တွေ့တိုင်းမှာ သူဟာ ထက်မြက်သန်မာပြီး ရုပ်ပိုင်းဆိုင်ရာတောင့်တင်းတယ်ဆိုတာ

သိခဲ့ရတာချည်းပါပဲ ” လို့ ဖြေသွားခဲ့ပါတယ်။ ဂျွန်တယ်ရီက အနားယူသွားပြီဖြစ်သလို ချီလီနီကလည်း လော့စ်အိန်ဂျယ်လိစ်ရောက်နေတာကြောင့် လက်ရှိပရီးမီးယားလိဂ်မှာ သူ့အတွက် ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူ မရှိဘူးဆိုတဲ့သဘောပါပဲ။

(zawgyi)

စပါးတိုက္စစ္မႉး ဟယ္ရီကိန္းဟာ သူ႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘ၀ ၁၀ ႏွစ္ျပည့္ အမွတ္တရအျဖစ္ အင္စတာဂရမ္မွာ အစီအစဥ္တစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။ သူနဲ႔ပတ္သက္ၿပီး သိခ်င္တဲ့ေမးခြန္းေတြကို ဒိုင္ခံေျဖေပးသြားခဲ့တာပါ။

“ ကြၽန္ေတာ့္ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘဝဟာ ဒီေန႔မွာ ၁၀ ႏွစ္ျပည့္ပါၿပီ။ အခ်ိန္နည္းနည္းရတာနဲ႔ ခင္ဗ်ားတို႔ရဲ႕ေမးခြန္းေတြကိုေျဖေပးပါ့မယ္။ တုံ႔ျပန္မႈက နည္းနည္းေလး ၾကာခ်င္ရင္လည္း ၾကာပါမယ္ ” လို႔

ဟယ္ရီကိန္းက ေရးသားခဲ့တဲ့ေနာက္ ဗြီဒီယိုနဲ႔ Live လႊင့္ၿပီး ေျဖသြားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ကစားသမားဘဝမွာ ရင္ဆိုင္ရအခက္ဆုံးေနာက္ခံလူေတြက ဘယ္သူေတြလဲဆိုတဲ့ေမးခြန္းကို ေျဖရာမွာေတာ့ အဂၤလန္နဲ႔ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဂြၽန္တယ္ရီ၊

အီတလီဂႏၴဝင္ ခ်ီလီနီတို႔ကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။ “ နည္းနည္းေတာ့ရွိခဲ့ပါတယ္။ အေစာပိုင္းမွာ ရင္ဆိုင္ခဲ့ရသူကေတာ့ ဂြၽန္တယ္ရီပါ။ သူက ထက္ျမက္တဲ့ေနာက္ခံလူျဖစ္ပါတယ္။ သူ႔ခႏၶာကိုယ္ကို ဘယ္မွာထားရမယ္ဆိုတာသိတယ္။

ကြၽန္ေတာ္ ေျပးတာကို ဘယ္လိုရပ္တန႔္ရမလဲဆိုတာသိတယ္။ ဒါဟာ ေကာင္းမြန္တဲ့သင္ယူမႈပုံစံ ျဖစ္ခဲ့ပါတယ္ ” လို႔ ေျဖသြားခဲ့တာပါ။ ဂြၽန္တယ္ရီဟာ ခ်ဲလ္ဆီးအတြက္ ၇၁၇ ပြဲကစားေပးခဲ့ၿပီး ၆၇ ဂိုးသြင္းႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္တစ္ႀကိမ္စီ ရရွိခဲ့ပါတယ္။

ဟယ္ရီကိန္းက ဆက္လက္ၿပီး “ အဲဒီေနာက္မွာေတာ့ ခ်ီလီနီေပါ့။ အီတလီ၊ ဂ်ဴဗင္တပ္တို႔နဲ႔ကစားေတာ့ ကြၽန္ေတာ္ သူနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ေတြ႕တိုင္းမွာ သူဟာ ထက္ျမက္သန္မာၿပီး ႐ုပ္ပိုင္းဆိုင္ရာေတာင့္တင္းတယ္ဆိုတာ

သိခဲ့ရတာခ်ည္းပါပဲ ” လို႔ ေျဖသြားခဲ့ပါတယ္။ ဂြၽန္တယ္ရီက အနားယူသြားၿပီျဖစ္သလို ခ်ီလီနီကလည္း ေလာ့စ္အိန္ဂ်ယ္လိစ္ေရာက္ေနတာေၾကာင့္ လက္ရွိပရီးမီးယားလိဂ္မွာ သူ႔အတြက္ ရင္ဆိုင္ရအခက္ဆုံးေနာက္ခံလူ မရွိဘူးဆိုတဲ့သေဘာပါပဲ။