သူ့ရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ဂတ်ပို အတည်ပြု

နယ်သာလန်အသင်း နာမည်ကျော်ကစားသမား ဂတ်ပိုက သူ့ရဲ့ကလပ်အသင်း

အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်တယ်လို့
အတည်ပြုပြောကြားခဲ့ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်
အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၄)ပွဲကစား၊ (၃)ဂိုးသွင်းယူခဲ့သလို
ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။

ဒီရာသီမှာ PSV အသင်းအတွက် (၂၄)ပွဲကစား၊ (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်အထိ
ပြုလုပ်ခဲ့တဲ့ ဂတ်ပိုဟာ ကလပ်မှာသာမက လက်ရွေးစင်အသင်းမှာလည်း ပုံစံကောင်း
ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ဂတ်ပိုကို
မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်အပါအဝင် ဥရောပထိပ်သီးကလပ်တွေက

အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီလကျရင် ဂတ်ပိုကို ခေါ်ယူနိုင်တော့မယ်ဆိုတဲ့

သတင်းတွေထွက်ပေါ်နေပေမယ့် ဂတ်ပိုကတော့ ကမ္ဘာ့ဖလားအပြီးမှ သူ့အနာဂတ်ကို
စဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂတ်ပိုက “ကျွန်တော့်အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး
အခုအချိန်မှာတော့ မစဉ်းစားသေးပါဘူး။ အခုလောလောဆယ် အသင်းအတွက်
အကောင်းဆုံးဖြစ်အောင် ခြေစွမ်းပြကူညီပေးပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်တော့မှပဲ
အနာဂတ်ကိစ္စကို စဉ်းစားသွားမှာ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

နယ္သာလန္အသင္း နာမည္ေက်ာ္ကစားသမား ဂတ္ပိုက သူ႔ရဲ႕ကလပ္အသင္း
အနာဂတ္ကို ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ဆုံးျဖတ္ခ်က္ခ်မွတ္သြားမွာျဖစ္တယ္လို႔
အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဂတ္ပိုဟာ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္
အသင္းအတြက္ ေျခစြမ္းျပကစားေနၿပီး (၄)ပြဲကစား၊ (၃)ဂိုးသြင္းယူခဲ့သလို

ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရေအာင္ ကူညီေပးခဲ့ပါတယ္။

ဒီရာသီမွာ PSV အသင္းအတြက္ (၂၄)ပြဲကစား၊ (၁၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္အထိ

ျပဳလုပ္ခဲ့တဲ့ ဂတ္ပိုဟာ ကလပ္မွာသာမက လက္ေ႐ြးစင္အသင္းမွာလည္း ပုံစံေကာင္း
ဆက္လက္ျပသႏိုင္ခဲ့ပါတယ္။ ဒီလို စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ့ ဂတ္ပိုကို
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးယဲလ္အပါအဝင္ ဥေရာပထိပ္သီးကလပ္ေတြက
အၿပိဳင္အဆိုင္ ပစ္မွတ္ထားေနၾကပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္ဇန္နဝါရီလက်ရင္ ဂတ္ပိုကို ေခၚယူႏိုင္ေတာ့မယ္ဆိုတဲ့
သတင္းေတြထြက္ေပၚေနေပမယ့္ ဂတ္ပိုကေတာ့ ကမာၻ႔ဖလားအၿပီးမွ သူ႔အနာဂတ္ကို
စဥ္းစားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂတ္ပိုက “ကြၽန္ေတာ့္အနာဂတ္ကို ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ဆုံးျဖတ္သြားမွာျဖစ္ၿပီး
အခုအခ်ိန္မွာေတာ့ မစဥ္းစားေသးပါဘူး။ အခုေလာေလာဆယ္ အသင္းအတြက္

အေကာင္းဆုံးျဖစ္ေအာင္ ေျခစြမ္းျပကူညီေပးၿပီး ကမာၻ႔ဖလားခ်န္ပီယံဆုရယူႏိုင္ေတာ့မွပဲ
အနာဂတ္ကိစၥကို စဥ္းစားသြားမွာ”လို႔ ေျပာၾကားခဲ့ပါတယ္။