သူ့ရဲ့ သွင်းဂိုးမှတ်တမ်းကို အမီလိုက်နိုင်ခဲ့သူ ရပ်ရှ်ဖို့ဒ်အတွက် ဂုဏ်ပြုစကားပြောခဲ့တဲ့ ဂန္ထဝင်ကြီး ရွန်နီ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ရွန်နီဟာ အသင်းအတွက်

ခြေစွမ်းပြဂိုးတွေသွင်းယူနေသူ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို
ဂုဏ်ပြုစကားပြောခဲ့ပါတယ်။

ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံစံကောင်းပြသနေတဲ့
ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာပြီးနောက်ပိုင်း ခြေစွမ်း
ပိုကောင်းလာရုံသာမကပဲ ဂိုးပါမြူးနေပြီး ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ
(၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပထမဆုံး
အကြိမ် ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ဂန္ထဝင်တိုက်စစ်မှူး
ရွန်နီ(၂၀၁၀၊ မတ်လ)နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ (၈)ပွဲဆက်တိုက်

ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ရွန်နီနဲ့ ရပ်ရှ်ဖို့ဒ်တို့ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ရာသီ

အတွင်း (၁၈)လကြာ လက်တွဲကစားခဲ့ဖူးပြီး ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး
ဆုဖလားအောင်မြင်မှုဖြစ်တဲ့ ၂၀၁၆-၁၇ ရာသီမှာ ယူရိုပါလိဂ်ဖလား၊
လိဂ်ဖလား ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ကြပါတယ်။

ချာလ်တန်နဲ့ပွဲအပြီးမှာ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၅-၁၆ ရာသီတုန်းက ရွန်နီနဲ့အတူ
အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို သူ့ Twitter မှာ Post တင်ခဲ့ပြီး အဲဒီအောက်မှာ
ရွန်နီက ‘ထိပ်တန်းအဆင့်ကို ရောက်နေပြီ . .ရပ်ရှ်ဖို့ဒ်ရေ . .ဆက်ကြိုးစားထား’
လို့ Comment ရေးသားခဲ့သလို ရပ်ရှ်ဖို့ဒ်ကလည်း ‘ကျေးဇူးပါ . .ဘရို’ဆိုပြီးတော့

Reply ပြန်လုပ်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီဟာ အသင္းအတြက္

ေျခစြမ္းျပဂိုးေတြသြင္းယူေနသူ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ကို
ဂုဏ္ျပဳစကားေျပာခဲ့ပါတယ္။

ဒီရာသီ နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ ပုံစံေကာင္းျပသေနတဲ့
ရပ္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲက ျပန္လာၿပီးေနာက္ပိုင္း ေျခစြမ္း
ပိုေကာင္းလာ႐ုံသာမကပဲ ဂိုးပါျမဴးေနၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၆)ပြဲမွာ
(၇)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံး
အႀကိမ္ ၿပိဳင္ပြဲစုံ(၆)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ ဂႏၴဝင္တိုက္စစ္မႉး
႐ြန္နီ(၂၀၁၀၊ မတ္လ)ေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္မွာ (၈)ပြဲဆက္တိုက္

ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာပါတယ္။

႐ြန္နီနဲ႔ ရပ္ရွ္ဖို႔ဒ္တို႔ဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ရာသီ

အတြင္း (၁၈)လၾကာ လက္တြဲကစားခဲ့ဖူးၿပီး ယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံး
ဆုဖလားေအာင္ျမင္မႈျဖစ္တဲ့ ၂၀၁၆-၁၇ ရာသီမွာ ယူ႐ိုပါလိဂ္ဖလား၊
လိဂ္ဖလား ခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့ၾကပါတယ္။

ခ်ာလ္တန္နဲ႔ပြဲအၿပီးမွာ ရပ္ရွ္ဖို႔ဒ္ဟာ ၂၀၁၅-၁၆ ရာသီတုန္းက ႐ြန္နီနဲ႔အတူ
ေအာင္ပြဲခံေနတဲ့ ဓာတ္ပုံကို သူ႔ Twitter မွာ Post တင္ခဲ့ၿပီး အဲဒီေအာက္မွာ
႐ြန္နီက ‘ထိပ္တန္းအဆင့္ကို ေရာက္ေနၿပီ . .ရပ္ရွ္ဖို႔ဒ္ေရ . .ဆက္ႀကိဳးစားထား’
လို႔ Comment ေရးသားခဲ့သလို ရပ္ရွ္ဖို႔ဒ္ကလည္း ‘ေက်းဇူးပါ . .ဘ႐ို’ဆိုၿပီးေတာ့

Reply ျပန္လုပ္ခဲ့ပါတယ္။