သူ့ရဲ့ ပထမဆုံးရာသီမှာ အဆင့်(၄)အတွင်းဝင်အောင် ကြိုးပမ်းရမယ်ဆိုတဲ့ ဖိအားရှိနေတယ်လို့ အဲရစ်တန်ဟက် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က သူ့ရဲ့ ပထမဆုံးရာသီမှာ

အသင်းကို အဆင့်(၄)အတွင်းဝင်အောင် မဖြစ်မနေ ဆောင်ရွက်ပေးရမယ်ဆိုတဲ့
ဖိအားနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဆန်ဒရိုမာတီနက်ဇ်၊ ကတ်စ်မဲရိုး၊
အန်တိုနီ၊ မာလာစီယာစတဲ့ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့ပြီး
နွေရာသီအပြောင်းအရွှေ့အတွင်း ကလပ်စံချိန်တင်ပမာဏအဖြစ် ပေါင်သန်း(၂၂၀)
အထိ အသုံးပြုခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်(၁၄)ပွဲကစားပြီးချိန်မှာ
(၂၆)မှတ်ရရှိထားပြီး အဆင့်(၄)နေရာက စပါးအသင်းထက် (၁)ပွဲလျော့၊ (၃)မှတ်
အကွာနဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အဆင့်(၆ြ)သာရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်
လွဲချော်ခဲ့တာကြောင့် အဲရစ်တန်ဟက်ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်

စွမ်းဆောင်နိုင်ဖို့ လိုအပ်နေပါပြီ။

အဲရစ်တန်ဟက်က “အဆင့်(၄)အတွင်းဝင်ဖို့အတွက် ကျွန်တော်တို့သာမကပဲ ကျန်တဲ့

ပြိုင်ဘက်တွေမှာလည်း ကြီးမားတဲ့ဖိအားတွေ ကိုယ်စီရှိနေကြပါတယ်။ ကျွန်တော်တို့
အသင်းရဲ့ ရည်မှန်းချက်ကတော့ အဆင့်(၄)အတွင်းဝင်ဖို့၊ ဆုဖလားတွေ ဆွတ်ခူးနိုင်ရေး
အတွက် တိုက်ပွဲဝင်သွားဖို့ပဲဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က သူ႔ရဲ႕ ပထမဆုံးရာသီမွာ
အသင္းကို အဆင့္(၄)အတြင္းဝင္ေအာင္ မျဖစ္မေန ေဆာင္႐ြက္ေပးရမယ္ဆိုတဲ့
ဖိအားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက လီဆန္ဒ႐ိုမာတီနက္ဇ္၊ ကတ္စ္မဲ႐ိုး၊
အန္တိုနီ၊ မာလာစီယာစတဲ့ ကစားသမားသစ္ေတြကို ေခၚယူအားျဖည့္ခဲ့ၿပီး
ေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း ကလပ္စံခ်ိန္တင္ပမာဏအျဖစ္ ေပါင္သန္း(၂၂၀)

အထိ အသုံးျပဳခဲ့ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္(၁၄)ပြဲကစားၿပီးခ်ိန္မွာ

(၂၆)မွတ္ရရွိထားၿပီး အဆင့္(၄)ေနရာက စပါးအသင္းထက္ (၁)ပြဲေလ်ာ့၊ (၃)မွတ္
အကြာနဲ႔ အဆင့္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက အဆင့္(၆ျ)သာရရွိၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္
လြဲေခ်ာ္ခဲ့တာေၾကာင့္ အဲရစ္တန္ဟက္ဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္
စြမ္းေဆာင္ႏိုင္ဖို႔ လိုအပ္ေနပါၿပီ။

အဲရစ္တန္ဟက္က “အဆင့္(၄)အတြင္းဝင္ဖို႔အတြက္ ကြၽန္ေတာ္တို႔သာမကပဲ က်န္တဲ့
ၿပိဳင္ဘက္ေတြမွာလည္း ႀကီးမားတဲ့ဖိအားေတြ ကိုယ္စီရွိေနၾကပါတယ္။ ကြၽန္ေတာ္တို႔
အသင္းရဲ႕ ရည္မွန္းခ်က္ကေတာ့ အဆင့္(၄)အတြင္းဝင္ဖို႔၊ ဆုဖလားေတြ ဆြတ္ခူးႏိုင္ေရး
အတြက္ တိုက္ပြဲဝင္သြားဖို႔ပဲျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။