
ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေ
သွင်းယူနေတဲ့ ရပ်ရှ်ဖို့ဒ်က အခုအချိန်ဟာ သူ့ရဲ့ ကစားသမားဘ၀
အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီလို့ ခံစားမိတယ်ဆိုပြီး ဝန်ခံ
ပြောဆိုခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်ကစားတဲ့ ကလပ်အသင်းပွဲတွေမှာ
ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး ဒါက ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်
ကစားသမားဘ၀ ပွဲဆက်အများဆုံး ဂိုးသွင်းနိုင်ခဲ့တာပါပဲ။
ဒီရာသီမှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က (၁၃)ဂိုးအထိရှိလာပြီး
ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုးအများဆုံးရာသီဖြစ်တဲ့ ၂၀၁၉-၂၀
ရာသီတုန်းက (၂၂)ဂိုးမှတ်တမ်းကို အမီလိုက်နိုင်ဖို့ နီးစပ်နေပါပြီ။အဲဗာတန်နဲ့
ပွဲအပြီးမှာ ရပ်ရှ်ဖို့ဒ်က “ကျွန်တော့်ရဲ့ ကစားသမားဘ၀အကောင်းဆုံးဖြစ်နေတဲ့
အချိန်ကို ရောက်နေပြီလို့ ထင်ပါတယ်။
ကျွန်တော်ဟာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကို ထိုးဖောက်ကစားပြီး ဂိုးတွေလည်း
သွင်းနိုင်နေပါပြီ။ တကယ်လို့ ဂိုးမသွင်းနိုင်ရင်တောင် ကိုယ့်အသင်းဖော်တွေ
အတွက် ဂိုးဖန်တီးပေးနိုင်ရင်ပဲ ကိုယ်တိုင်ဂိုးသွင်းသလို ခံစားမိပါတယ်”လို့
ပြောကြားခဲ့ပါတယ်။
[Zawgyi]
ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြ
သြင္းယူေနတဲ့ ရပ္ရွ္ဖို႔ဒ္က အခုအခ်ိန္ဟာ သူ႔ရဲ႕ ကစားသမားဘ၀
အေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနၿပီလို႔ ခံစားမိတယ္ဆိုၿပီး ဝန္ခံ
ေျပာဆိုခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ျပန္ကစားတဲ့ ကလပ္အသင္းပြဲေတြမွာ
ၿပိဳင္ပြဲစုံ (၅)ပြဲဆက္တိုက္ ဂိုးသြင္းခဲ့ၿပီး ဒါက ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္
ကစားသမားဘ၀ ပြဲဆက္အမ်ားဆုံး ဂိုးသြင္းႏိုင္ခဲ့တာပါပဲ။
ဒီရာသီမွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ၿပိဳင္ပြဲစုံသြင္းဂိုးအေရအတြက္က (၁၃)ဂိုးအထိရွိလာၿပီး
ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂိုးအမ်ားဆုံးရာသီျဖစ္တဲ့ ၂၀၁၉-၂၀
ရာသီတုန္းက (၂၂)ဂိုးမွတ္တမ္းကို အမီလိုက္ႏိုင္ဖို႔ နီးစပ္ေနပါၿပီ။အဲဗာတန္နဲ႔
ပြဲအၿပီးမွာ ရပ္ရွ္ဖို႔ဒ္က “ကြၽန္ေတာ့္ရဲ႕ ကစားသမားဘ၀အေကာင္းဆုံးျဖစ္ေနတဲ့
အခ်ိန္ကို ေရာက္ေနၿပီလို႔ ထင္ပါတယ္။
ကြၽန္ေတာ္ဟာ ၿပိဳင္ဘက္အသင္းရဲ႕ ခံစစ္ကို ထိုးေဖာက္ကစားၿပီး ဂိုးေတြလည္း
သြင္းႏိုင္ေနပါၿပီ။ တကယ္လို႔ ဂိုးမသြင္းႏိုင္ရင္ေတာင္ ကိုယ့္အသင္းေဖာ္ေတြ
အတြက္ ဂိုးဖန္တီးေပးႏိုင္ရင္ပဲ ကိုယ္တိုင္ဂိုးသြင္းသလို ခံစားမိပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။