သူ့နေရာမှာ တခြားနည်းပြတစ်ယောက်သာဆိုရင် အခုလောက်ဆို ရာထူးက အထုတ်ခံရလောက်ပြီလို့ ယာဂန်ကလော့ပ် ဝန်ခံ

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ လီဗာပူးလ်အသင်းနည်းပြ

ယာဂန်ကလော့ပ်က အသင်းအတွက် ဖလား(၆)လုံးအထိ
ရယူပေးနိုင်ခဲ့လို့သာ အခုအချိန်အထိ ရာထူးက အထုတ်မခံရသေးတာ
ဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ မနေ့က ဘရိုက်တန်နဲ့ FA ဖလားပွဲမှာ
(၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်လိုက်ရပြီး လက်ရှိ
ချန်ပီယံဘွဲ့ ကာကွယ်ခွင့် ဆုံးရှုံးသွားပြီဖြစ်သလို ဖလားတစ်လုံး
မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပါပြီ။

လီဗာပူးလ်အသင်းဟာ ဒီရာသီ လိဂ်ဖလားပြိုင်ပွဲမှာလည်း
စတုတ္ထအဆင့်မှာ မန်စီးတီးကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဖလား(၂)လုံး

လမ်းကြောင်းပေါ်ကနေ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း
ထိပ်ဆုံးက အာဆင်နယ်နဲ့ (၂၁)မှတ်အထိ ကွာဟနေပြီဖြစ်တဲ့အတွက်
ချန်ပီယံမျှော်လင့်ချက် မရှိတော့ပါဘူး။

အခုလောလောဆယ် လီဗာပူးလ်အတွက် ဖလားလက်မဲ့မဖြစ်ရအောင်
တစ်ခုတည်းသော မျှော်လင့်စရာက ချန်ပီယံလိဂ်ဖလားဖြစ်ပေမယ့်
ရှုံးထွက်(၁၆)သင်းအဆင့်မှာ လက်ရှိချန်ပီယံ ရီးယဲလ်နဲ့ ရင်ဆိုင်ရမှာ
ဖြစ်လို့ ခက်ခက်ခဲခဲ ရုန်းကန်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက FA ဖလား၊ လိဂ်ဖလားတွေ ရယူခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း
ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်တဲ့ လီဗာပူးလ်အသင်းဟာ

ဒီရာသီမှာတော့ ဖလားလက်မဲ့ဖြစ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးလ်နည်းပြဘဝမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊

FA ဖလား၊ လိဂ်ဖလားစတဲ့ အဓိကဆုဖလားအောင်မြင်မှုတွေရယူခဲ့တဲ့
ယာဂန်ကလော့ပ်က အသင်းအတွက် ဆုဖလားတွေ ရယူနိုင်ခဲ့လို့သာ
အခုအချိန်အထိ နည်းပြအဖြစ် ဆက်ရှိနေတာဖြစ်ပြီး တခြားနည်းပြ
တစ်ယောက်ဆိုရင် ရာထူးက အထုတ်ခံရလောက်ပြီလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

[Zawgyi]

ရလဒ္ဆိုးေတြေၾကာင့္ ဖိအားမ်ားေနတဲ့ လီဗာပူးလ္အသင္းနည္းျပ
ယာဂန္ကေလာ့ပ္က အသင္းအတြက္ ဖလား(၆)လုံးအထိ
ရယူေပးႏိုင္ခဲ့လို႔သာ အခုအခ်ိန္အထိ ရာထူးက အထုတ္မခံရေသးတာ

ျဖစ္တယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

လီဗာပူးလ္အသင္းဟာ မေန႔က ဘ႐ိုက္တန္နဲ႔ FA ဖလားပြဲမွာ

(၂-၁)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲက ထြက္လိုက္ရၿပီး လက္ရွိ
ခ်န္ပီယံဘြဲ႕ ကာကြယ္ခြင့္ ဆုံးရႈံးသြားၿပီျဖစ္သလို ဖလားတစ္လုံး
ေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရပါၿပီ။

လီဗာပူးလ္အသင္းဟာ ဒီရာသီ လိဂ္ဖလားၿပိဳင္ပြဲမွာလည္း
စတုတၳအဆင့္မွာ မန္စီးတီးကို (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဖလား(၂)လုံး
လမ္းေၾကာင္းေပၚကေန ထြက္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာလည္း
ထိပ္ဆုံးက အာဆင္နယ္နဲ႔ (၂၁)မွတ္အထိ ကြာဟေနၿပီျဖစ္တဲ့အတြက္

ခ်န္ပီယံေမွ်ာ္လင့္ခ်က္ မရွိေတာ့ပါဘူး။

အခုေလာေလာဆယ္ လီဗာပူးလ္အတြက္ ဖလားလက္မဲ့မျဖစ္ရေအာင္

တစ္ခုတည္းေသာ ေမွ်ာ္လင့္စရာက ခ်န္ပီယံလိဂ္ဖလားျဖစ္ေပမယ့္
ရႈံးထြက္(၁၆)သင္းအဆင့္မွာ လက္ရွိခ်န္ပီယံ ရီးယဲလ္နဲ႔ ရင္ဆိုင္ရမွာ
ျဖစ္လို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ရမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက FA ဖလား၊ လိဂ္ဖလားေတြ ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း
ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ႏိုင္တဲ့ လီဗာပူးလ္အသင္းဟာ
ဒီရာသီမွာေတာ့ ဖလားလက္မဲ့ျဖစ္မယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။

လီဗာပူးလ္နည္းျပဘဝမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလား၊
FA ဖလား၊ လိဂ္ဖလားစတဲ့ အဓိကဆုဖလားေအာင္ျမင္မႈေတြရယူခဲ့တဲ့
ယာဂန္ကေလာ့ပ္က အသင္းအတြက္ ဆုဖလားေတြ ရယူႏိုင္ခဲ့လို႔သာ

အခုအခ်ိန္အထိ နည္းျပအျဖစ္ ဆက္ရွိေနတာျဖစ္ၿပီး တျခားနည္းျပ
တစ္ေယာက္ဆိုရင္ ရာထူးက အထုတ္ခံရေလာက္ၿပီလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။