သူ့ကို လှောင်ပြောင်နေကြတဲ့ ပြင်သစ်မီဒီယာတွေ နောင်တအကြီးကြီးရသွားအောင် စွမ်းဆောင်ပြမယ့် မက်ဂွိုင်းယား

နာမည်ကြီး အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် လက်ရှိချန်ပီယံပြင်သစ်နဲ့

ဆုံတွေ့မှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပြင်သစ်မီဒီယာတွေက မက်ဂွိုင်းယားဟာ
အင်္ဂလန်အသင်းရဲ့ အဓိက အားနည်းချက်ဖြစ်လာမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ‘ငလေးကြီး မက်ဂွိုင်းယားကြောင့်
အင်္ဂလန်အသင်း ခံစစ်မှာ ပြဿနာတက်နိုင်တယ်’လို့ ပေါ်ပေါ်တင်တင်ပဲ လှောင်ပြောင်
ရေးသားခဲ့ပါတယ်။ ဒါပေမဲ့လည်း L’Equipe သတင်းစာအနေနဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း
မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင်
အခုလို လှောင်ပြောင်ရဲမှာ မဟုတ်လောက်ပါဘူး။

အင်္ဂလန်အသင်းကစားပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ် (၄)ပွဲမှာ မက်ဂွိုင်းယားဟာ အကောင်းဆုံး
ကစားနိုင်ပြီး သူပါဝင်ကစားတဲ့ ပွဲချိန်အတွင်း (၁)ဂိုးသာပေးခဲ့ရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား

ပြိုင်ပွဲမှာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲကြတဲ့ နောက်ခံလူ
(၂၁၅)ဦးထဲမှာ မက်ဂွိုင်းယားက အကောင်းဆုံးလို့တောင် သတ်မှတ်နိုင်ပြီး

ဘောလုံးဖျက်ထုတ်မှု(Tackles) (၃)ကြိမ်၊ ဘောလုံးကို ကြားဝင်ဖြတ်ယူနိုင်မှု (၃)ကြိမ်၊
ဘောလုံးရှင်းထုတ်နိုင်မှု (၁၄)ကြိမ်ရှိပါတယ်။ ဒါ့အပြင် တိုက်စစ်လိုက်ပါနိုင်မှုအပိုင်းမှာလည်း
ပြိုင်ဘက် ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်(၁၁)ကြိမ်နဲ့ အများဆုံးဖြစ်နေပြီး
ဂိုးပေါက်ကန်သွင်းမှု (၄)ကြိမ်၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု (၂၇၆)ကြိမ်၊ ဂိုးဖန်တီးမှု
(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

[Zawgyi]

နာမည္ႀကီး အဂၤလန္အသင္းဟာ ကြာတားဖိုင္နယ္ပြဲအျဖစ္ လက္ရွိခ်န္ပီယံျပင္သစ္နဲ႔
ဆုံေတြ႕မွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ ျပင္သစ္မီဒီယာေတြက မက္ဂြိဳင္းယားဟာ

အဂၤလန္အသင္းရဲ႕ အဓိက အားနည္းခ်က္ျဖစ္လာမယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။

ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က ‘ငေလးႀကီး မက္ဂြိဳင္းယားေၾကာင့္

အဂၤလန္အသင္း ခံစစ္မွာ ျပႆနာတက္ႏိုင္တယ္’လို႔ ေပၚေပၚတင္တင္ပဲ ေလွာင္ေျပာင္
ေရးသားခဲ့ပါတယ္။ ဒါေပမဲ့လည္း L’Equipe သတင္းစာအေနနဲ႔ အခု ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း
မက္ဂြိဳင္းယားရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကို ေသေသခ်ာခ်ာ ေလ့လာၾကည့္မယ္ဆိုရင္
အခုလို ေလွာင္ေျပာင္ရဲမွာ မဟုတ္ေလာက္ပါဘူး။

အဂၤလန္အသင္းကစားၿပီးခဲ့တဲ့ ကမာၻ႔ဖလားပြဲစဥ္ (၄)ပြဲမွာ မက္ဂြိဳင္းယားဟာ အေကာင္းဆုံး
ကစားႏိုင္ၿပီး သူပါဝင္ကစားတဲ့ ပြဲခ်ိန္အတြင္း (၁)ဂိုးသာေပးခဲ့ရပါတယ္။ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းေတြနဲ႔အတူ ပါဝင္ဆင္ႏႊဲၾကတဲ့ ေနာက္ခံလူ

(၂၁၅)ဦးထဲမွာ မက္ဂြိဳင္းယားက အေကာင္းဆုံးလို႔ေတာင္ သတ္မွတ္ႏိုင္ၿပီး

ေဘာလုံးဖ်က္ထုတ္မႈ(Tackles) (၃)ႀကိမ္၊ ေဘာလုံးကို ၾကားဝင္ျဖတ္ယူႏိုင္မႈ (၃)ႀကိမ္၊

ေဘာလုံးရွင္းထုတ္ႏိုင္မႈ (၁၄)ႀကိမ္ရွိပါတယ္။ ဒါ့အျပင္ တိုက္စစ္လိုက္ပါႏိုင္မႈအပိုင္းမွာလည္း
ၿပိဳင္ဘက္ ပယ္နယ္တီဧရိယာအတြင္း ေဘာလုံးထိခ်က္(၁၁)ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ေနၿပီး
ဂိုးေပါက္ကန္သြင္းမႈ (၄)ႀကိမ္၊ ေအာင္ျမင္တဲ့ ေဘာလုံးေပးပို႔မႈ (၂၇၆)ႀကိမ္၊ ဂိုးဖန္တီးမႈ
(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။