သူ့ကိုလှောင်ပြောင်အော်ဟစ်ခဲ့တဲ့ ရီးယဲလ်ပရိသတ်တွေကို အပြုံးနဲ့ပြန်တုံ့ပြန်ခဲ့တဲ့ဂါရတ်ဘေးလ်

ရီးယဲလ်အသင်းရဲ့အပယ်ခံကစားသမားဖြစ်သူ ဂါရတ်ဘေးလ်ဟာ ဂီတာဖေးနဲ့

ကစားခဲ့တဲ့ပွဲမှာ အသင်းပရိသတ်တွေက သူ့ကို လှောင်ပြောင်အော်ဟစ်ခဲ့ကြပေမယ့်

ဘာမှမဖြစ်သလို ခပ်ပြုံးပြုံးနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ဂီတာဖေးနဲ့ပွဲ၊

ဒုတိယပိုင်း(၇၄)မိနစ်မှာ ဘန်ဇီမာအစား လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး

ဒါက ၂၀၂၀၊ ဖေဖော်ဝါရီလနောက်ပိုင်း ရီးယဲလ်အသင်းအတွက် ပထမဆုံးအကြိမ်

ပြန်ကစားရတာဖြစ်ပေမယ့် ရီးယဲလ်ပရိသတ်တွေက သူ့ကို ကြိုဆိုရမယ့်အစား

လှောင်ပြောင်အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့

အန်ဆယ်လော့တီလက်ထက်မှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရပြီး

ပရိသတ်တွေကလည်း ဂါရတ်ဘေးလ်အပေါ် ယုံကြည်မှုမရှိတော့တာကြောင့်

လူစားဝင်လာချိန်မှာ သူ့ရဲ့နာမည်ကို အစီအစဉ်တင်ဆက်သူက ကြေညာလိုက်ချိန်မှာ

ပရိသတ်တွေက ဝိုင်းပြီးတော့လှောင်ပြောင်ခဲ့ကြတာပါ။ ၂၀၁၃ ခုနှစ်တုန်းက စပါးအသင်းကေန

ရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ရီးယဲလ်ကစားသမားဘဝ

အစောပိုင်းကာလတွေမှာ အဓိက,ကစားသမားအဖြစ်ခြေစွမ်းပြကစားခဲ့ပြီး

ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့

ရုန်းကန်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် စပိန်မီဒီယာတွေက ဂါရတ်ဘေးလ်ကို

ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတဲ့အတွက် မီဒီယာတွေနဲ့ဂါရတ်ဘေးလ်တို့ကြားက

ဆက်ဆံရေးက ဆိုးရွားနေသလို ကွင်းတွင်းမှာလည်း နည်းပြတွေရဲ့ပစ်ပယ်တာခံခဲ့ရပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက အသင်းဟောင်းစပါးအသင်းမှာ အငှားနဲ့သွားကစားခဲ့ရသလို

ရီးယဲလ်အသင်းဆီ ပြန်ရောက်လာချိန်မှာလည်း ပုံမှန်ကစားခွင့်မရဖြစ်နေပါတယ်။

ဂါရတ်ဘေးလ်ရဲ့စာချုပ်က ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

နှစ်ဦးနှစ်ဖက်စလုံးက စာချုပ်သစ်ချုပ်ဖို့ဆန္ဒမရှိတာကြောင့် ရာသီကုန်ကျရင်

ဂါရတ်ဘေးလ်ဟာ (၉)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပါပြီ။

zawgyi

သူ႔ကိုေလွာင္ေျပာင္ေအာ္ဟစ္ခဲ့တဲ့ ရီးယဲလ္ပရိသတ္ေတြကို အၿပဳံးနဲ႔ျပန္တုံ႔ျပန္ခဲ့တဲ့ဂါရတ္ေဘးလ္

ရီးယဲလ္အသင္းရဲ႕အပယ္ခံကစားသမားျဖစ္သူ ဂါရတ္ေဘးလ္ဟာ ဂီတာေဖးနဲ႔

ကစားခဲ့တဲ့ပြဲမွာ အသင္းပရိသတ္ေတြက သူ႔ကို ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကေပမယ့္

ဘာမွမျဖစ္သလို ခပ္ၿပဳံးၿပဳံးနဲ႔ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ဂီတာေဖးနဲ႔ပြဲ၊

ဒုတိယပိုင္း(၇၄)မိနစ္မွာ ဘန္ဇီမာအစား လူစားဝင္ကစားခဲ့ရတာျဖစ္ၿပီး

ဒါက ၂၀၂၀၊ ေဖေဖာ္ဝါရီလေနာက္ပိုင္း ရီးယဲလ္အသင္းအတြက္ ပထမဆုံးအႀကိမ္

ျပန္ကစားရတာျဖစ္ေပမယ့္ ရီးယဲလ္ပရိသတ္ေတြက သူ႔ကို ႀကိဳဆိုရမယ့္အစား

ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကတာျဖစ္ပါတယ္။ ဂါရတ္ေဘးလ္အေနနဲ႔

အန္ဆယ္ေလာ့တီလက္ထက္မွာ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရၿပီး

ပရိသတ္ေတြကလည္း ဂါရတ္ေဘးလ္အေပၚ ယုံၾကည္မႈမရွိေတာ့တာေၾကာင့္

လူစားဝင္လာခ်ိန္မွာ သူ႔ရဲ႕နာမည္ကို အစီအစဥ္တင္ဆက္သူက ေၾကညာလိုက္ခ်ိန္မွာ

ပရိသတ္ေတြက ဝိုင္းၿပီးေတာ့ေလွာင္ေျပာင္ခဲ့ၾကတာပါ။ ၂၀၁၃ ခုႏွစ္တုန္းက စပါးအသင္းေကန

ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂါရတ္ေဘးလ္ဟာ ရီးယဲလ္ကစားသမားဘဝ

အေစာပိုင္းကာလေတြမွာ အဓိက,ကစားသမားအျဖစ္ေျခစြမ္းျပကစားခဲ့ၿပီး

ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ အခုေနာက္ပိုင္းႏွစ္ေတြမွာေတာ့

႐ုန္းကန္ေနရတာျဖစ္ပါတယ္။ အထူးသျဖင့္ စပိန္မီဒီယာေတြက ဂါရတ္ေဘးလ္ကို

ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၾကတဲ့အတြက္ မီဒီယာေတြနဲ႔ဂါရတ္ေဘးလ္တို႔ၾကားက

ဆက္ဆံေရးက ဆိုး႐ြားေနသလို ကြင္းတြင္းမွာလည္း နည္းျပေတြရဲ႕ပစ္ပယ္တာခံခဲ့ရပါတယ္။

အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ရာသီက အသင္းေဟာင္းစပါးအသင္းမွာ အငွားနဲ႔သြားကစားခဲ့ရသလို

ရီးယဲလ္အသင္းဆီ ျပန္ေရာက္လာခ်ိန္မွာလည္း ပုံမွန္ကစားခြင့္မရျဖစ္ေနပါတယ္။

ဂါရတ္ေဘးလ္ရဲ႕စာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး

ႏွစ္ဦးႏွစ္ဖက္စလုံးက စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ဆႏၵမရွိတာေၾကာင့္ ရာသီကုန္က်ရင္

ဂါရတ္ေဘးလ္ဟာ (၉)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနပါၿပီ။

Be the first to comment

Leave a Reply

Your email address will not be published.


*