သူ့ကိုယ်သူ ဘုရင်ကြီးလို့တင်စားပြီး ဗယ်လီကာနိုနဲ့ပွဲမှာ ကစားမယ်လို့ ရော်နယ်ဒို အတည်ပြု

တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့် ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမှာ မန်ယူအတွက် ပါဝင်ကစားမယ်လို့ တိုက်စစ်မှူးရော်နယ်ဒိုက အတည်ပြုလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ နော်ဝေမှာ ဒီနေ့ကစားတဲ့ အက်သလက်တီကိုနဲ့ခြေစမ်းပွဲမှာ လိုက်ပါခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဗယ်လီကာနိုနဲ့ပွဲမှာတော့ ပါဝင်ကစားမယ်လို့

ရော်နယ်ဒိုက ဆိုရှယ်မီဒီယာကနေ အသိပေးလိုက်တာပါ။ “ တနင်္ဂနွေနေ့မှာ ဘုရင်ကစားမယ် ” လို့ မန်ယူတိုက်စစ်မှူးက အင်စတာဂရမ်မှာ ရေးသားထားတာဖြစ်ပါတယ်။

သူဟာ ထိုင်းနဲ့သြစတြေးလျ ခြေစမ်းပွဲခရီးစဉ်တွေကို လွဲချော်ခဲ့တဲ့နောက် မန်ယူအတွက် ရာသီကြိုတစ်ပွဲမှ မကစားရသေးပါဘူး။ ဗယ်လီကာနိုနဲ့ပွဲမှာ ပါဝင်ကစားခြင်းအားဖြင့် အသင်းမှာ

ဆက်နေမယ်ဆိုတဲ့အကြောင်း ပရိသတ်တွေကို မျှော်လင့်ချက်ပေးသလို ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ထားပါတယ်။ ပေါ်တူဂီသားဟာ အဂါၤနေ့က ကာရင်တန်လေ့ကျင့်ကွင်းကို

ပြန်ရောက်လာခဲ့ပြီး သူ့ရဲ့အနာဂတ်အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူက သူ့ကိုရောင်းဖို့ဆန္ဒမရှိဘဲဖြစ်နေပြီး ကာယကံရှင်ကလည်း

ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းကိုပြောင်းရွှေ့ချင်တာကြောင့် အဆင်မပြေဖြစ်နေပါတယ်။ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ အသင်းတွေတစ်သင်းပြီးတစ်သင်း

ဆွေးနွေးနေသလို ပေါ်တူဂီတိုက်စစ်မှူးအတွက် ဈေးသတ်မှတ်ပေးပါလို့ တောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

(zawgyi)

တနဂၤေႏြေန႔ အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ ဗယ္လီကာႏိုနဲ႔ေျခစမ္းပြဲမွာ မန္ယူအတြက္ ပါဝင္ကစားမယ္လို႔ တိုက္စစ္မႉးေရာ္နယ္ဒိုက အတည္ျပဳလိုက္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီၾကယ္ပြင့္ဟာ ေနာ္ေဝမွာ ဒီေန႔ကစားတဲ့ အက္သလက္တီကိုနဲ႔ေျခစမ္းပြဲမွာ လိုက္ပါျခင္းမရွိခဲ့ပါဘူး။ ဒါေပမဲ့ ဗယ္လီကာႏိုနဲ႔ပြဲမွာေတာ့

ပါဝင္ကစားမယ္လို႔ ေရာ္နယ္ဒိုက ဆိုရွယ္မီဒီယာကေန အသိေပးလိုက္တာပါ။ “ တနဂၤေႏြေန႔မွာ ဘုရင္ကစားမယ္ ” လို႔ မန္ယူတိုက္စစ္မႉးက အင္စတာဂရမ္မွာ ေရးသားထားတာျဖစ္ပါတယ္။

သူဟာ ထိုင္းနဲ႔ၾသစေၾတးလ် ေျခစမ္းပြဲခရီးစဥ္ေတြကို လြဲေခ်ာ္ခဲ့တဲ့ေနာက္ မန္ယူအတြက္ ရာသီႀကိဳတစ္ပြဲမွ မကစားရေသးပါဘူး။ ဗယ္လီကာႏိုနဲ႔ပြဲမွာ ပါဝင္ကစားျခင္းအားျဖင့္

အသင္းမွာဆက္ေနမယ္ဆိုတဲ့အေၾကာင္း ပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္ေပးသလို ျဖစ္လိမ့္မယ္လို႔လည္း သုံးသပ္ထားပါတယ္။ ေပၚတူဂီသားဟာ အဂါေနၤ့က ကာရင္တန္ေလ့က်င့္ကြင္းကို

ျပန္ေရာက္လာခဲ့ၿပီး သူ႔ရဲ႕အနာဂတ္အတြက္ အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူက သူ႔ကိုေရာင္းဖို႔ဆႏၵမရွိဘဲျဖစ္ေနၿပီး ကာယကံရွင္ကလည္း

ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ အသင္းတစ္သင္းကိုေျပာင္းေ႐ႊ႕ခ်င္တာေၾကာင့္ အဆင္မေျပျဖစ္ေနပါတယ္။ ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကေတာ့

အသင္းေတြတစ္သင္းၿပီးတစ္သင္း ေဆြးေႏြးေနသလို ေပၚတူဂီတိုက္စစ္မႉးအတြက္ ေဈးသတ္မွတ္ေပးပါလို႔ ေတာင္းဆိုထားတယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေနပါတယ္။