သူရွေးပေးလိုက်တဲ့ ပွဲထွက်လူစာရင်းနဲ့ဆို ဘရန့်ဖို့ဒ်ကို အနိုင်သေချာတယ်ဆိုတဲ့ ဖာဒီနန်

ရီယိုဖာဒီနန်ကတော့ မန်ယူရဲ့ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အတွက် ပွဲထွက်စာရင်းကို ရွေးချယ်ပေးလိုက်ပါပြီ။ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဘရိုက်တန်ကိုရှုံးပြီး

မဟာအရှက်တော်ကွဲထားတဲ့ သရဲနီတွေဟာ ဘရန့်ဖို့ဒ်ကွင်းကို ခရီးဆက်ရမှာဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်းကတော့ သူရွေးချယ်ပေးတဲ့ လူစာရင်းနဲ့ဆိုရင် ဘရန့်ဖို့ဒ်ကိုနိုင်ရမယ်လို့

ကိုယ်ပိုင် Youtube ချန်နယ်ကနေ ပြောသွားပါတယ်။ ဖာဒီနန်က ဂိုးသမားနေရာမှာ ဒီဂီယာကိုပဲရွေးထားပါတယ်။ နောက်တန်းမှာတော့ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဗာရာနီနဲ့ ဒါလော့ပါ။

ကွင်းလယ်အဖျက်အဖြစ် သူအကြိုက်တွေ့နေသူကတော့ ဗဟိုခံစစ်နေရာမှာကစားနေတဲ့ လီဆန်ဒရိုမာတီနက်ဇ်ဖြစ်ပါတယ်။ ကွင်းလယ်ဗိုလ်ချုပ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်ကို

ရွေးချယ်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တိုက်စစ်ပါ။ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ရော်နယ်ဒို အသင်းကနေထွက်ခွင့်တောင်းထားတဲ့နောက်ပိုင်း ဒီနေရာမှာ မန်ယူဟာ

တည်ငြိမ်မှုရဖို့ကြိုးစားနေရတာပါ။ ဖာဒီနန်ကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒိုကို တိုက်စစ်မြားဦးမှာ ရဲရဲကြီးတင်လိုက်ပါတယ်။ ညာတောင်ပံမှာတော့

ဒေါ့တ်မန်မှာခြေစွမ်းပြခဲ့ဖူးတဲ့ ဆန်ချိုကိုရွေးထားပြီး ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် အင်္ဂလန်သားရက်ရှ်ဖို့ဒ်ကို သုံးသင့်တယ်လို့ဆိုပါတယ်။ ပရိသတ်တွေဝေဖန်နေကြတဲ့ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ကို

ချန်လှပ်ခဲ့တာဟာ ပေါ်ပင်လုပ်တာလား၊ ပိုကောင်းတဲ့မန်ယူကိုမြင်ရဖို့သေချာမှုလားဆိုတာတော့ ဖာဒီနန်ရဲ့ရွေးချယ်မှုကို တန်းဟတ် သဘောတွေ့မှပဲ အဖြေသိရပါလိမ့်မယ်။

(zawgyi)

ရီယိုဖာဒီနန္ကေတာ့ မန္ယူရဲ႕ပရီးမီးယားလိဂ္ ဒုတိယပြဲစဥ္အတြက္ ပြဲထြက္စာရင္းကို ေ႐ြးခ်ယ္ေပးလိုက္ပါၿပီ။ အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ ဘ႐ိုက္တန္ကိုရႈံးၿပီး

မဟာအရွက္ေတာ္ကြဲထားတဲ့ သရဲနီေတြဟာ ဘရန႔္ဖို႔ဒ္ကြင္းကို ခရီးဆက္ရမွာျဖစ္ပါတယ္။ မန္ယူေနာက္ခံလူေဟာင္းကေတာ့ သူေ႐ြးခ်ယ္ေပးတဲ့ လူစာရင္းနဲ႔ဆိုရင္ ဘရန႔္ဖို႔ဒ္ကိုႏိုင္ရမယ္လို႔

ကိုယ္ပိုင္ Youtube ခ်န္နယ္ကေန ေျပာသြားပါတယ္။ ဖာဒီနန္က ဂိုးသမားေနရာမွာ ဒီဂီယာကိုပဲေ႐ြးထားပါတယ္။ ေနာက္တန္းမွာေတာ့ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ ဗာရာနီနဲ႔ ဒါေလာ့ပါ။

ကြင္းလယ္အဖ်က္အျဖစ္ သူအႀကိဳက္ေတြ႕ေနသူကေတာ့ ဗဟိုခံစစ္ေနရာမွာကစားေနတဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ျဖစ္ပါတယ္။ ကြင္းလယ္ဗိုလ္ခ်ဳပ္ေတြကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ အဲရစ္ဆင္ကို

ေ႐ြးခ်ယ္ထားပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက တိုက္စစ္ပါ။ ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ ေရာ္နယ္ဒို အသင္းကေနထြက္ခြင့္ေတာင္းထားတဲ့ေနာက္ပိုင္း ဒီေနရာမွာ မန္ယူဟာ

တည္ၿငိမ္မႈရဖို႔ႀကိဳးစားေနရတာပါ။ ဖာဒီနန္ကေတာ့ သူ႔ရဲ႕အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုကို တိုက္စစ္ျမားဦးမွာ ရဲရဲႀကီးတင္လိုက္ပါတယ္။ ညာေတာင္ပံမွာေတာ့ ေဒါ့တ္မန္မွာေျခစြမ္းျပခဲ့ဖူးတဲ့

ဆန္ခ်ိဳကိုေ႐ြးထားၿပီး ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ အဂၤလန္သားရက္ရွ္ဖို႔ဒ္ကို သုံးသင့္တယ္လို႔ဆိုပါတယ္။ ပရိသတ္ေတြေဝဖန္ေနၾကတဲ့ ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ကို

ခ်န္လွပ္ခဲ့တာဟာ ေပၚပင္လုပ္တာလား၊ ပိုေကာင္းတဲ့မန္ယူကိုျမင္ရဖို႔ေသခ်ာမႈလားဆိုတာေတာ့ ဖာဒီနန္ရဲ႕ေ႐ြးခ်ယ္မႈကို တန္းဟတ္ သေဘာေတြ႕မွပဲ အေျဖသိရပါလိမ့္မယ္။