သူရဲကောင်းတစ်ဦးလို ကြိုဆိုခဲ့ကြတဲ့ ရိုးမားပရိသတ်တွေကြောင့် ဒိုင်ဘာလာ မျက်ရည်တောင်ဝဲခဲ့ရ

မနေ့ညက ရောမရဲ့အထင်ကရ Square Colosseum မှာကျင်းပတဲ့ ဒိုင်ဘာလာမိတ်ဆက်ပွဲကို ရိုးမားပရိသတ် ၈၀၀၀ လောက်တက်ရောက်ပြီး သူတို့တိုက်စစ်မှူးသစ်ကို

သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အီတလီမြို့တော်ကလမ်းတွေပေါ်မှာလည်း ရိုးမားပရိသတ်တွေဟာ အသင်းရဲ့နောက်ဆုံးခေါ်ယူမှုအကြောင်း ဂုဏ်ယူဝံ့ကြွားကြရင်း

စီတန်းလှည့်လည်ခဲ့ကြတာပါ။ တကယ်တော့ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းကို ပြိုင်ဘက်ကြီး အင်တာမီလန်နဲ့ နာပိုလီကိုကျော်ဖြတ်ပြီး သူတို့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကြည်နူးစရာကောင်းတဲ့ ဖျော်ဖြေရေးဆန်ဆန်ညချမ်းမှာ ဒိုင်ဘာလာကလည်း သူ့ရဲ့အမှတ်တံဆိပ်အောင်ပွဲခံဟန်နဲ့ ပရိသတ်တွေရဲ့ကြိုဆိုအားပေးမှုကို တုံ့ပြန်ခဲ့သလို

ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် အာဂျင်တီးနားတိုက်စစ်မှူးဟာ Palazzo Della Civilta Italiana အပြင်ဘက် လှေကားထစ်တွေပေါ်မှာထိုင်ပြီး

တစ်သက်မှာတစ်ခါမြင်ရခဲတဲ့မြင်ကွင်းကို ကြည်နူးစွာငေးကြည့်နေခဲ့တာပါ။ အဲဒီအချိန်မှာတော့ အိုလံပီကိုအိမ်ကွင်းပွဲစဉ်တိုင်းမှာကြားနေကျ ရိုးမားပရိသတ်တွေရဲ့နာမည်ကျော် အသင်းသီချင်းသံလွင့်ပျံလာခဲ့ပါတယ်။

ရိုးမားအသင်းရဲ့ကိုယ်စားပြုအရောင်တွေထွက်နေတဲ့ ထွန်းညှိဖန်တီးထားပုံတွေ၊ ကလပ်အလံတွေဝှေ့ယမ်းနေကြပုံတွေကို ငေးမောနေရင်း တူရင်မှာထက် နှစ်ဆကြိုးစားရတော့မယ်လို့များ ဒိုင်ဘာလာတွေးမိနေလေရော့သလား ..

(zawgyi)

မေန႔ညက ေရာမရဲ႕အထင္ကရ Square Colosseum မွာက်င္းပတဲ့ ဒိုင္ဘာလာမိတ္ဆက္ပြဲကို ႐ိုးမားပရိသတ္ ၈၀၀၀ ေလာက္တက္ေရာက္ၿပီး သူတို႔တိုက္စစ္မႉးသစ္ကို

သူရဲေကာင္းတစ္ေယာက္လို ႀကိဳဆိုခဲ့ၾကပါတယ္။ ဒါ့အျပင္ အီတလီၿမိဳ႕ေတာ္ကလမ္းေတြေပၚမွာလည္း ႐ိုးမားပရိသတ္ေတြဟာ အသင္းရဲ႕ေနာက္ဆုံးေခၚယူမႈအေၾကာင္း ဂုဏ္ယူဝံ့ႂကြားၾကရင္း

စီတန္းလွည့္လည္ခဲ့ၾကတာပါ။ တကယ္ေတာ့ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းကို ၿပိဳင္ဘက္ႀကီး အင္တာမီလန္နဲ႔ နာပိုလီကိုေက်ာ္ျဖတ္ၿပီး သူတို႔ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ၾကည္ႏူးစရာေကာင္းတဲ့

ေဖ်ာ္ေျဖေရးဆန္ဆန္ညခ်မ္းမွာ ဒိုင္ဘာလာကလည္း သူ႔ရဲ႕အမွတ္တံဆိပ္ေအာင္ပြဲခံဟန္နဲ႔ ပရိသတ္ေတြရဲ႕ႀကိဳဆိုအားေပးမႈကို တုံ႔ျပန္ခဲ့သလို ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

အဲဒီေနာက္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ Palazzo Della Civilta Italiana အျပင္ဘက္ ေလွကားထစ္ေတြေပၚမွာထိုင္ၿပီး တစ္သက္မွာတစ္ခါျမင္ရခဲတဲ့ျမင္ကြင္းကို ၾကည္ႏူးစြာေငးၾကည့္ေနခဲ့တာပါ။

အဲဒီအခ်ိန္မွာေတာ့ အိုလံပီကိုအိမ္ကြင္းပြဲစဥ္တိုင္းမွာၾကားေနက် ႐ိုးမားပရိသတ္ေတြရဲ႕နာမည္ေက်ာ္အသင္းသီခ်င္းသံလြင့္ပ်ံလာခဲ့ပါတယ္။ ႐ိုးမားအသင္းရဲ႕ကိုယ္စားျပဳအေရာင္ေတြထြက္ေနတဲ့

ထြန္းညႇိဖန္တီးထားပုံေတြ၊ ကလပ္အလံေတြေဝွ႔ယမ္းေနၾကပုံေတြကို ေငးေမာေနရင္း တူရင္မွာထက္ ႏွစ္ဆႀကိဳးစားရေတာ့မယ္လို႔မ်ား ဒိုင္ဘာလာေတြးမိေနေလေရာ့သလား ..