သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်လို့ ကွင်းထဲအထိ ဝင်လာတဲ့ ပရိသတ်တစ်ဦးကို ကြည်ကြည်ဖြူဖြူနဲ့ Selfie ဆွဲခဲ့တဲ့ ကတ်စ်မဲရိုး ချီးကျူးခံနေရ

ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲမှာ ပရိသတ်တစ်ဦးဟာ ကွင်းထဲအထိ ကျူးကျော်
ဝင်ရောက်ပြီး ဘရာဇီးလ်နာမည်ကျော်ကွင်းလယ်လူ ကတ်စ်မဲရိုးနဲ့
Selfie ဆွဲခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နေချိန်၊
ဒုတိယပိုင်း (၅၅)မိနစ်မှာ အခုလို ထူးခြားတဲ့အဖြစ်အပျက်ပေါ်ပေါက်ခဲ့တာ
ဖြစ်ပြီး အမျိုးသားပရိသတ်တစ်ဦးက ကွင်းထဲ ပြေးဝင်လာပြီးတော့
ကတ်စ်မဲရိုးနဲ့အတူ Selfie ခဲ့တာဖြစ်ပါတယ်။

ကတ်စ်မဲရိုးဟာ ဒီပရိသတ်ရဲ့လုပ်ရပ်အပေါ် စိတ်မဆိုးခဲ့ဘဲ အဲဒီအမျိုးသားရဲ့
ခါးကို ဖက်ပြီး ဓာတ်ပုံအတူအရိုက်ခံခဲ့ပါတယ်။ အဲဒီနောက် ကွင်းလုံခြုံရေး

ဝန်ထမ်းတွေက ကွင်းထဲဝင်ရောက်ခဲ့တဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး
အခုအဖြစ်အပျက်ကြောင့် ပွဲကို မိနစ်ပိုင်းလောက် ရပ်နားခဲ့ရပါတယ်။

ပရိသတ်တွေကတော့ ကတ်စ်မဲရိုးရဲ့အပြုအမူအပေါ် အွန်လိုင်းမှာ
ချီးကျူးခဲ့ကြပြီး ‘တည်ငြိမ်လွန်းသူကြီး . .ကတ်စ်မဲရိုး’ ၊ ‘ကတ်စ်မဲရိုးက
ဓာတ်ပုံအရိုက်ခံဖို့ Pose တောင် ပေးလိုက်သေးတယ်ဟ . .တကယ့်
ဂန္ထဝင်ကြီးပါပဲ’၊ ‘ကတ်စ်မဲရိုးဟာ ကွင်းထဲမှာ ပွဲကစားနေတုန်း ပရိသတ်နဲ့အတူ
Selfie ရိုက်ဖို့ Pose ပေးခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမား

ဖြစ်လာပါပြီ’လို့ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကတ်စ်မဲရိုးတစ်ယောက် ကံမကောင်းဘဲ

ပွဲချိန်မိနစ်(၈၀)မှာ ပြိုင်ဘက်ကစားသမား ဇာဟာကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့
အဝါကတ်အပြခံရပြီး ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တဲ့အတွက် လာမယ့်
အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

[Zawgyi]

ခရစၥတယ္ပဲေလ့စ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကစားခဲ့တဲ့
ပရီးမီးယားလိဂ္ပြဲမွာ ပရိသတ္တစ္ဦးဟာ ကြင္းထဲအထိ က်ဴးေက်ာ္
ဝင္ေရာက္ၿပီး ဘရာဇီးလ္နာမည္ေက်ာ္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးနဲ႔
Selfie ဆြဲခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္၊
ဒုတိယပိုင္း (၅၅)မိနစ္မွာ အခုလို ထူးျခားတဲ့အျဖစ္အပ်က္ေပၚေပါက္ခဲ့တာ

ျဖစ္ၿပီး အမ်ိဳးသားပရိသတ္တစ္ဦးက ကြင္းထဲ ေျပးဝင္လာၿပီးေတာ့
ကတ္စ္မဲ႐ိုးနဲ႔အတူ Selfie ခဲ့တာျဖစ္ပါတယ္။

ကတ္စ္မဲ႐ိုးဟာ ဒီပရိသတ္ရဲ႕လုပ္ရပ္အေပၚ စိတ္မဆိုးခဲ့ဘဲ အဲဒီအမ်ိဳးသားရဲ႕
ခါးကို ဖက္ၿပီး ဓာတ္ပုံအတူအ႐ိုက္ခံခဲ့ပါတယ္။ အဲဒီေနာက္ ကြင္းလုံၿခဳံေရး
ဝန္ထမ္းေတြက ကြင္းထဲဝင္ေရာက္ခဲ့တဲ့ ပရိသတ္ကို ဆြဲေခၚသြားၿပီး
အခုအျဖစ္အပ်က္ေၾကာင့္ ပြဲကို မိနစ္ပိုင္းေလာက္ ရပ္နားခဲ့ရပါတယ္။

ပရိသတ္ေတြကေတာ့ ကတ္စ္မဲ႐ိုးရဲ႕အျပဳအမူအေပၚ အြန္လိုင္းမွာ
ခ်ီးက်ဴးခဲ့ၾကၿပီး ‘တည္ၿငိမ္လြန္းသူႀကီး . .ကတ္စ္မဲ႐ိုး’ ၊ ‘ကတ္စ္မဲ႐ိုးက
ဓာတ္ပုံအ႐ိုက္ခံဖို႔ Pose ေတာင္ ေပးလိုက္ေသးတယ္ဟ . .တကယ့္

ဂႏၴဝင္ႀကီးပါပဲ’၊ ‘ကတ္စ္မဲ႐ိုးဟာ ကြင္းထဲမွာ ပြဲကစားေနတုန္း ပရိသတ္နဲ႔အတူ
Selfie ႐ိုက္ဖို႔ Pose ေပးခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကစားသမား
ျဖစ္လာပါၿပီ’လို႔ ေရးသားခဲ့ပါတယ္။

ဒါေပမဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ကတ္စ္မဲ႐ိုးတစ္ေယာက္ ကံမေကာင္းဘဲ
ပြဲခ်ိန္မိနစ္(၈၀)မွာ ၿပိဳင္ဘက္ကစားသမား ဇာဟာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔
အဝါကတ္အျပခံရၿပီး ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္တဲ့အတြက္ လာမယ့္
အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။