သူငယ်ချင်းဆွာရက်ဇ်ကို လေယာဉ်ငှားခဲ့ရုံသာမက ဆုပါတောင်းပေးလိုက်တဲ့ မက်ဆီ

ငယ်ဘဝကလပ် နေစီယွန်နယ်ကို စိတ်လှုပ်ရှားစရာပြောင်းရွှေ့သွားခဲ့တဲ့ သူငယ်ချင်းဆွာရက်ဇ်အတွက် မက်ဆီက ဆုတောင်းမက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးကို နေစီယွန်နယ်ပရိသတ်တွေကလည်း သူရဲကောင်းတစ်ဦးလို တခမ်းတနားကြိုဆိုခဲ့ကြပါတယ်။ ပရိသတ်တွေနဲ့စကားမပြောခင်မှာ

ဆွာရက်ဇ်ကလည်း ရင်သွေးတွေနဲ့အတူ လှည့်လည်နှုတ်ဆက်ခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၆ နှစ်အကြာတုန်းက ဒီကလပ်ကိုစွန့်ခွာပြီး ဥရောပခရီးကြမ်း စတင်ခဲ့တာပါ။

ဂရိုနင်ဂျန်၊ အေဂျက်ဇ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို အသင်းတွေမှာကစားခဲ့တဲ့နောက် ငယ်ဘဝကလပ်မှာခေါင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နူးကမ့်မှာရှိစဉ်တုန်းက သူငယ်ချင်းထက်ပိုချစ်ခဲ့ကြတဲ့ အာဂျင်တီးနားသားဆီကလည်း မက်ဆေ့ချ်တစ်စောင်ရရှိခဲ့ပါတယ်။ “ ဟေး .. ဂေါ့ဒ်။ ကောင်းပြီ .. မင်း အဲဒီမှာရှိနေပြီ။

မင်းကို ငါ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်ပါတယ်။ ပြီးတော့ မင်းရဲ့စာမျက်နှာသစ်မှာ အကောင်းဆုံးတွေဖြစ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

မင်းရဲ့တိုင်းပြည်ကိုပြန်သွားတာဟာ မင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ငါသိပါတယ်။ လအနည်းငယ်သာလိုတော့တဲ့ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ဖို့လိုတယ်ဆိုတာလည်း

ငါနားလည်ပါတယ်။ အကောင်းဆုံးတွေပဲ ဖြစ်ပါစေကွာ ” လို့ မက်ဆီက ရေးသားထားတာပါ။ ဒါ့အပြင် ပီအက်စ်ဂျီတိုက်စစ်မှူးဟာ သူ့ရဲ့ပေါင် ၁၂ သန်းလေယာဉ်ကို ဆွာရက်ဇ်တို့မိသားစု စတိုင်ကျကျနဲ့မွေးရပ်မြေပြန်ဖို့ ငှားခဲ့ပါသေးတယ်။

(zawgyi)

ငယ္ဘဝကလပ္ ေနစီယြန္နယ္ကို စိတ္လႈပ္ရွားစရာေျပာင္းေ႐ႊ႕သြားခဲ့တဲ့ သူငယ္ခ်င္းဆြာရက္ဇ္အတြက္ မက္ဆီက ဆုေတာင္းမက္ေဆ့ခ်္ ေပးပို႔ခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္

ဥ႐ုေဂြးတိုက္စစ္မႉးကို ေနစီယြန္နယ္ပရိသတ္ေတြကလည္း သူရဲေကာင္းတစ္ဦးလို တခမ္းတနားႀကိဳဆိုခဲ့ၾကပါတယ္။ ပရိသတ္ေတြနဲ႔စကားမေျပာခင္မွာ ဆြာရက္ဇ္ကလည္း

ရင္ေသြးေတြနဲ႔အတူ လွည့္လည္ႏႈတ္ဆက္ခဲ့ပါတယ္။ သူဟာ လြန္ခဲ့တဲ့ ၁၆ ႏွစ္အၾကာတုန္းက ဒီကလပ္ကိုစြန႔္ခြာၿပီး ဥေရာပခရီးၾကမ္း စတင္ခဲ့တာပါ။ ဂ႐ိုနင္ဂ်န္၊ ေအဂ်က္ဇ္၊ လီဗာပူးလ္၊

ဘာစီလိုနာ၊ အက္သလက္တီကို အသင္းေတြမွာကစားခဲ့တဲ့ေနာက္ ငယ္ဘဝကလပ္မွာေခါင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ႏူးကမ့္မွာရွိစဥ္တုန္းက သူငယ္ခ်င္းထက္ပိုခ်စ္ခဲ့ၾကတဲ့

အာဂ်င္တီးနားသားဆီကလည္း မက္ေဆ့ခ်္တစ္ေစာင္ရရွိခဲ့ပါတယ္။ “ ေဟး .. ေဂါ့ဒ္။ ေကာင္းၿပီ .. မင္း အဲဒီမွာရွိေနၿပီ။ မင္းကို ငါ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားခ်င္ပါတယ္။

ၿပီးေတာ့ မင္းရဲ႕စာမ်က္ႏွာသစ္မွာ အေကာင္းဆုံးေတြျဖစ္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။ မင္းရဲ႕တိုင္းျပည္ကိုျပန္သြားတာဟာ မင္းအတြက္

ဘယ္ေလာက္အေရးပါလဲဆိုတာ ငါသိပါတယ္။ လအနည္းငယ္သာလိုေတာ့တဲ့ ကမာၻ႔ဖလားအတြက္ ျပင္ဆင္ဖို႔လိုတယ္ဆိုတာလည္း ငါနားလည္ပါတယ္။

အေကာင္းဆုံးေတြပဲ ျဖစ္ပါေစကြာ ” လို႔ မက္ဆီက ေရးသားထားတာပါ။ ဒါ့အျပင္ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ သူ႔ရဲ႕ေပါင္ ၁၂ သန္းေလယာဥ္ကို ဆြာရက္ဇ္တို႔မိသားစု စတိုင္က်က်နဲ႔ေမြးရပ္ေျမျပန္ဖို႔ ငွားခဲ့ပါေသးတယ္။