သားတွေကို အနိုင်ပေးဖို့ ဒေါသတကြီး တောင်းဆိုခဲ့ရတဲ့ မက်ဆီရဲ့ဇနီးသည်

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား

ခြေစစ်ပွဲစဉ်တွေကို အောင်မြင်စွာ ကစားခဲ့ပြီးနောက် ပဲရစ် စိန့် ဂျာမိန်းအသင်းနဲ့

ပထမဆုံးပွဲစဉ်မှာပဲ လှပတဲ့ သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီယိုကတော့ ဒီမှာတင် ရပ်တန့်နေခြင်း မရှိပါဘူး။

သူက အိမ်မှာ ကလေးတွေနဲ့အတူ တစ်ဖက် ( ၂ ) ယောက်ခွဲကာ ထပ်မံကစားခဲ့ပြီး

ဇနီသည်ဖြစ်သူ အန်တိုနယ်လာကတောင် “ ကလေးတွေကို အနိုင်ပေးလိုက်ပါ။”ဆိုပြီး

တောင်းပန်ခဲ့ရပါတယ်။ လီယို နှင့် စီရို ( ၄ နှစ်အရွယ် ) တို့က တစ်ဖက် ၊

သီယာဂို ( အကြီးဆုံး ၊ ၉ နှစ် ) နှင့် မက်တီယို ( ၆ နှစ် ) တို့က တစ်ဖက်ခွဲပြီး

ကစားခဲ့တာဖြစ်ပါတယ်။ Casa Messi Stadium တွင် ကစားခဲ့တဲ့ အဆိုပါ

ပွဲသေးလေးမှာ ကိုပါအမေရိက ချန်ပီယံရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာက‌တော့

အထူးပွဲကြည့်ပရိသတ်ဖြစ်ခဲ့ပါတယ်။ သွင်းဂိုးတွေ ၊ ကာကွယ်မှုတွေ များစွာရှိခဲ့ပြီး

အမေဖြစ်သူက ကလေးတွေကို အနိုင်ပေးဖို့ လီယိုထံ ဒေါသတကြီး

တောင်းဆိုနေခဲ့ပါတယ်။ မက်ဆီဟာ ဧပြီလ ( ၃ ) ရက်နေ့က လော်ရီရန့်နဲ့ ပွဲစဉ်မှာ

အမ်ဘာပေရဲ့ ဖန်တီးမှုမှတစ်ဆင့် ဘယ်‌ြခေနဲ့ ဂိုးရဲ့ ညာလက်အပေါ်ထောင့်ကို

လှလှပပကန်သွင်းကာ သွင်းဂိုးရယူနိုင်ခဲ့ပါသေးတယ်။ ပိုချက်တီနိုရဲ့ အသင်းက

( ၅-၁ ) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီက ( ၄ )ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး

ပဲရစ် ကလပ်က လက်ရှိ အမှတ်ပေးဇယားအဆင့် ( ၁ ) နေရာမှာ ရပ်တည်နေကာ

ဒုတိယနေရာက မာဆေးလ်အသင်းကို ( ၁၂ ) မှတ်ဖြတ်ထားပါတယ်။

အဆိုပါ ပွဲစဉ်မှာ မက်ဆီနဲ့အတူ အမ်ဘာပေ ၊ နေမာတို့လည်း သွင်းဂိုးရယူနိုင်ခဲ့ကြပြီး

ဒါဟာ ပွဲစဉ်တစ်ခုအတွင်း သူတို့ ( ၃ ) ဦးစလုံး ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပါတယ်။

zawgyi

သားေတြကုိ အႏုိင္ေပးဖို႔ ေဒါသတႀကီး ေတာင္းဆုိခဲ့ရတဲ့ မက္ဆီရဲ႕ဇနီးသည္

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းရဲ႕ ကမာၻ႔ဖလား

ေျခစစ္ပြဲစဥ္ေတြကို ေအာင္ျမင္စြာ ကစားခဲ့ၿပီးေနာက္ ပဲရစ္ စိန႔္ ဂ်ာမိန္းအသင္းနဲ႔

ပထမဆုံးပြဲစဥ္မွာပဲ လွပတဲ့ သြင္းဂိုးတစ္ဂိုးရယူေပးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ လီယိုကေတာ့ ဒီမွာတင္ ရပ္တန႔္ေနျခင္း မရွိပါဘူး။

သူက အိမ္မွာ ကေလးေတြနဲ႔အတူ တစ္ဖက္ ( ၂ ) ေယာက္ခြဲကာ ထပ္မံကစားခဲ့ၿပီး

ဇနီသည္ျဖစ္သူ အန္တိုနယ္လာကေတာင္ “ ကေလးေတြကို အႏိုင္ေပးလိုက္ပါ။”ဆိုၿပီး

ေတာင္းပန္ခဲ့ရပါတယ္။ လီယို ႏွင့္ စီ႐ို ( ၄ ႏွစ္အ႐ြယ္ ) တို႔က တစ္ဖက္ ၊

သီယာဂို ( အႀကီးဆုံး ၊ ၉ ႏွစ္ ) ႏွင့္ မက္တီယို ( ၆ ႏွစ္ ) တို႔က တစ္ဖက္ခြဲၿပီး

ကစားခဲ့တာျဖစ္ပါတယ္။ Casa Messi Stadium တြင္ ကစားခဲ့တဲ့ အဆိုပါ

ပြဲေသးေလးမွာ ကိုပါအေမရိက ခ်န္ပီယံရဲ႕ ဇနီးျဖစ္သူ အန္တိုနယ္လာက‌ေတာ့

အထူးပြဲၾကည့္ပရိသတ္ျဖစ္ခဲ့ပါတယ္။ သြင္းဂိုးေတြ ၊ ကာကြယ္မႈေတြ မ်ားစြာရွိခဲ့ၿပီး

အေမျဖစ္သူက ကေလးေတြကို အႏိုင္ေပးဖို႔ လီယိုထံ ေဒါသတႀကီး

ေတာင္းဆိုေနခဲ့ပါတယ္။ မက္ဆီဟာ ဧၿပီလ ( ၃ ) ရက္ေန႔က ေလာ္ရီရန႔္နဲ႔ ပြဲစဥ္မွာ

အမ္ဘာေပရဲ႕ ဖန္တီးမႈမွတစ္ဆင့္ ဘယ္‌ျေခနဲ႔ ဂိုးရဲ႕ ညာလက္အေပၚေထာင့္ကို

လွလွပပကန္သြင္းကာ သြင္းဂိုးရယူႏိုင္ခဲ့ပါေသးတယ္။ ပိုခ်က္တီႏိုရဲ႕ အသင္းက

( ၅-၁ ) ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ မက္ဆီက ( ၄ )ဂိုးေျမာက္ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး

ပဲရစ္ ကလပ္က လက္ရွိ အမွတ္ေပးဇယားအဆင့္ ( ၁ ) ေနရာမွာ ရပ္တည္ေနကာ

ဒုတိယေနရာက မာေဆးလ္အသင္းကို ( ၁၂ ) မွတ္ျဖတ္ထားပါတယ္။

အဆိုပါ ပြဲစဥ္မွာ မက္ဆီနဲ႔အတူ အမ္ဘာေပ ၊ ေနမာတို႔လည္း သြင္းဂိုးရယူႏိုင္ခဲ့ၾကၿပီး

ဒါဟာ ပြဲစဥ္တစ္ခုအတြင္း သူတို႔ ( ၃ ) ဦးစလုံး ပထမဆုံးအႀကိမ္ ဂိုးသြင္းယူႏိုင္ျခင္းျဖစ္ပါတယ္။