သရဲဖမ်းသူ ပါစကယ်ဂရော့စ်ရဲ့ကစားသမားဘ၀ ဂိုးသွင်းလို့အကောင်းဆုံးအသင်းဟာ မန်ယူပါ

ရော်နယ်ဒိုအရေးတော်ပုံနဲ့ မတည်ငြိမ်မှုတွေဖြစ်နေတဲ့မန်ယူဟာ ရာသီအဖွင့်အိမ်ကွင်းပွဲစဉ်မှာပဲ ဘရိုက်တန်ကို အရှုံးပေးခဲ့ရပါတယ်။ ဧည့်သည်အသင်းအတွက်

အနိုင်ဂိုး ၂ ဂိုးလုံးကို ကွင်းလယ်လူ ပါစကယ်ဂရော့စ်က သွင်းယူသွားခဲ့တာပါ။ အံ့သြစရာကောင်းတာက အိပ်မက်ကဇာတ်ခုံလိုနေရာမှာ ဘရိုက်တန် ရာသီအဖွင့်လှသွားအောင်

စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျာမန်သားဟာ သရဲနီကြောက်သူတစ်ယောက် မဟုတ်တာပါပဲ။ အသက် ၃၁ နှစ်အရွယ်ကွင်းလယ်လူအတွက် ဂိုးသွင်းလို့အကောင်းဆုံးအသင်းဟာ

မန်ယူဖြစ်နေတာကို ထူးထူးဆန်းဆန်းတွေ့ခဲ့ရပါတယ်။ ၂၀၁၇ မှာ ဘရိုက်တန်ကို စတင်ရောက်ရှိလာခဲ့တဲ့ ပါစကယ်ဂရော့စ်ဟာ ပွဲပေါင်း ၁၅၀ ကျော်ကစားပေးထားပါတယ်။

သူဂိုးသွင်းနိုင်ခဲ့တဲ့ပြိုင်ဘက်အသင်းတွေထဲမှာတော့ မန်ယူက အများဆုံးပါ။ သရဲနီတွေကို သူ ၆ ဂိုးသွင်းထားပါတယ်။ မန်ယူနဲ့ရင်ဆိုင်ခဲ့တဲ့ ၁၉ ပွဲမှာ ၆ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပျမ်းမျှ ၁၁၂ မိနစ်ကို တစ်ဂိုး သွင်းနိုင်ခဲ့တာပါ။ တနည်းအားဖြင့် တခြားပရီးမီးယားလိဂ်အသင်းတွေကို သူသွင်းနိုင်တာထက် မန်ယူကိုသွင်းတဲ့ဂိုးနှုန်းက ၂ ဆ ဖြစ်နေပါတယ်။

ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေနဲ့ရင်ဆိုင်ခဲ့ရာမှာ သူ့ရဲ့ဂိုးသွင်းနှုန်းက ၈၀၉ မိနစ်ရောက်မှ တစ်ဂိုးနှုန်းသာရှိနေပါတယ်။ ဘရိုက်တန်ကစားသမားတစ်ယောက်အနေနဲ့လည်း ပြိုင်ဘက်တစ်သင်းတည်းကို ဂိုးသွင်းနိုင်တဲ့ပမာဏအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(zawgyi)

ေရာ္နယ္ဒိုအေရးေတာ္ပုံနဲ႔ မတည္ၿငိမ္မႈေတြျဖစ္ေနတဲ့မန္ယူဟာ ရာသီအဖြင့္အိမ္ကြင္းပြဲစဥ္မွာပဲ ဘ႐ိုက္တန္ကို အရႈံးေပးခဲ့ရပါတယ္။ ဧည့္သည္အသင္းအတြက္ အႏိုင္ဂိုး ၂ ဂိုးလုံးကို

ကြင္းလယ္လူ ပါစကယ္ဂေရာ့စ္က သြင္းယူသြားခဲ့တာပါ။ အံ့ၾသစရာေကာင္းတာက အိပ္မက္ကဇာတ္ခုံလိုေနရာမွာ ဘ႐ိုက္တန္ ရာသီအဖြင့္လွသြားေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့

ဂ်ာမန္သားဟာ သရဲနီေၾကာက္သူတစ္ေယာက္ မဟုတ္တာပါပဲ။ အသက္ ၃၁ ႏွစ္အ႐ြယ္ကြင္းလယ္လူအတြက္ ဂိုးသြင္းလို႔အေကာင္းဆုံးအသင္းဟာ မန္ယူျဖစ္ေနတာကို ထူးထူးဆန္းဆန္းေတြ႕ခဲ့ရပါတယ္။

၂၀၁၇ မွာ ဘ႐ိုက္တန္ကို စတင္ေရာက္ရွိလာခဲ့တဲ့ ပါစကယ္ဂေရာ့စ္ဟာ ပြဲေပါင္း ၁၅၀ ေက်ာ္ကစားေပးထားပါတယ္။ သူဂိုးသြင္းႏိုင္ခဲ့တဲ့ၿပိဳင္ဘက္အသင္းေတြထဲမွာေတာ့ မန္ယူက အမ်ားဆုံးပါ။

သရဲနီေတြကို သူ ၆ ဂိုးသြင္းထားပါတယ္။ မန္ယူနဲ႔ရင္ဆိုင္ခဲ့တဲ့ ၁၉ ပြဲမွာ ၆ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ပ်မ္းမွ် ၁၁၂ မိနစ္ကို တစ္ဂိုး သြင္းႏိုင္ခဲ့တာပါ။ တနည္းအားျဖင့္ တျခားပရီးမီးယားလိဂ္အသင္းေတြကို

သူသြင္းႏိုင္တာထက္ မန္ယူကိုသြင္းတဲ့ဂိုးႏႈန္းက ၂ ဆ ျဖစ္ေနပါတယ္။ က်န္တဲ့ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ရင္ဆိုင္ခဲ့ရာမွာ သူ႔ရဲ႕ဂိုးသြင္းႏႈန္းက

၈၀၉ မိနစ္ေရာက္မွ တစ္ဂိုးႏႈန္းသာရွိေနပါတယ္။ ဘ႐ိုက္တန္ကစားသမားတစ္ေယာက္အေနနဲ႔လည္း ၿပိဳင္ဘက္တစ္သင္းတည္းကို ဂိုးသြင္းႏိုင္တဲ့ပမာဏအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။