
အက်သလက်တီကို မက်ဒရစ်နဲ့ ယူနိုက်တက်တို့ဟာ ယနေ့ညမှာ
ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၁၆သင်း ရှုံးထွက်အဆင့်
ဒုတိယအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ပထမအကျော့ အဖြစ်
စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပါတယ်။
ဒါကြောင့်ပဲ အင်္ဂလန်မြေမှာ ကစားရမယ့် ပွဲစဉ်မှာ နှစ်သင်းစလုံး အတွက်
အခွင့်အရေး ဆတူ ရှိနေပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်က ယခုနှစ်မှာ
အဝေးဂိုးစည်းမျဉ်းကိုလည်း ပယ်ဖျက်ထားတာကြောင့်
ဒီပွဲမှာ နိုင်တဲ့ အသင်းကသာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ယူနိုက်တက်
နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေကြပေမယ့်
အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီကတော့ သူတို့အသင်းဟာ
ယူနိုက်တက်ရဲ့ အားနည်းချက်တွေကို သိထားတာကြောင့် အဝေးကွင်းမှာ
အနိုင်ယူဖို့ အဆင်သင့်ပဲလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောသွားခဲ့ပါတယ်။
အက်သလက်တီကိုဟာ လာလီဂါမှာ (၃) ပွဲဆက်တိုက် အနိုင်ရရှိပြီး
ခြေစွမ်းပြနေတဲ့ အသင်းလည်းဖြစ်ပါတယ်။
ဆီမြွန်နီက “နှစ်သင်းလုံးမှာရှိတဲ့ ကစားသမားတွေရဲ့ အနေအထားနဲ့
ကစားပုံတွေအရ ဒီပွဲက သိပ်ကို ပြင်းထန်ပေါက်ကွဲတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။”
“နှစ်သင်းလုံးအတွက်လည်း အလှည့်အပြောင်းဖြစ်စေတဲ့ အခိုက်အတန့်တွေရှိလာမှာပါ။
ကျွန်တော်တို့ကတော့ ယူနိုက်တက်ကို High Pressing ကစားမယ်။
ဒါမျိုးက ခင်ဗျားတို့ မျှော်လင့်နေတဲ့ အနေအထားပဲဖြစ်လာမှာပါ။
အဝေးကွင်းမှာ ကစားရတဲ့အခါမျိုးမှာ တစ်ခါတလေ အခက်အခဲအချို့နဲ့တော့
ခင်ဗျား ရင်ဆိုင်ရနိုင်ပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့ကလည်း ယူနိုက်တက်ရဲ့ အမှားတွေကို စောင့်ကြည့်ပြီး
တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးတွေရှိပါတယ်။
ပွဲစဉ်တိုင်းက ကွဲပြားခြားနားတာကို ကျွန်တော်တို့ သိထားပါတယ်။” လို့ ပြောပါတယ်။
zawgyi
သရဲနီ အမွားကို ေစာင့္ဖမ္းၿပီး တန္ျပန္တိုက္စစ္နဲ႔ အႏိုင္ယူမယ့္ ဆီႁမြန္နီ
အက္သလက္တီကို မက္ဒရစ္နဲ႔ ယူႏိုက္တက္တို႔ဟာ ယေန႔ညမွာ
ယူႏိုက္တက္ရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၁၆သင္း ရႈံးထြက္အဆင့္
ဒုတိယအေက်ာ့ ပြဲစဥ္ကို ယွဥ္ၿပိဳင္ ကစားရဖို႔ ရွိေနၿပီး ပထမအေက်ာ့ အျဖစ္
စပိန္ေျမမွာ ယွဥ္ၿပိဳင္ ကစားခဲ့စဥ္က တစ္ဖက္ တစ္ဂိုးစီ သေရရလဒ္ ထြက္ေပၚထားပါတယ္။
ဒါေၾကာင့္ပဲ အဂၤလန္ေျမမွာ ကစားရမယ့္ ပြဲစဥ္မွာ ႏွစ္သင္းစလုံး အတြက္
အခြင့္အေရး ဆတူ ရွိေနၿပီး ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္က ယခုႏွစ္မွာ
အေဝးဂိုးစည္းမ်ဥ္းကိုလည္း ပယ္ဖ်က္ထားတာေၾကာင့္
ဒီပြဲမွာ ႏိုင္တဲ့ အသင္းကသာ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္မွာပဲ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အက္သလက္တီကို မက္ဒရစ္နဲ႔ ယူႏိုက္တက္
ႏွစ္သင္းစလုံးဟာ ေျခစြမ္းပိုင္း တည္ၿငိမ္မႈ အားနည္းေနၾကေပမယ့္
အက္သလက္တီကို မက္ဒရစ္ရဲ႕ နည္းျပျဖစ္သူ ဆီႁမြန္နီကေတာ့ သူတို႔အသင္းဟာ
ယူႏိုက္တက္ရဲ႕ အားနည္းခ်က္ေတြကို သိထားတာေၾကာင့္ အေဝးကြင္းမွာ
အႏိုင္ယူဖို႔ အဆင္သင့္ပဲလို႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ထုတ္ေျပာသြားခဲ့ပါတယ္။
အက္သလက္တီကိုဟာ လာလီဂါမွာ (၃) ပြဲဆက္တိုက္ အႏိုင္ရရွိၿပီး
ေျခစြမ္းျပေနတဲ့ အသင္းလည္းျဖစ္ပါတယ္။
ဆီႁမြန္နီက “ႏွစ္သင္းလုံးမွာရွိတဲ့ ကစားသမားေတြရဲ႕ အေနအထားနဲ႔
ကစားပုံေတြအရ ဒီပြဲက သိပ္ကို ျပင္းထန္ေပါက္ကြဲတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါ။”
“ႏွစ္သင္းလုံးအတြက္လည္း အလွည့္အေျပာင္းျဖစ္ေစတဲ့ အခိုက္အတန႔္ေတြရွိလာမွာပါ။
ကြၽန္ေတာ္တို႔ကေတာ့ ယူႏိုက္တက္ကို High Pressing ကစားမယ္။
ဒါမ်ိဳးက ခင္ဗ်ားတို႔ ေမွ်ာ္လင့္ေနတဲ့ အေနအထားပဲျဖစ္လာမွာပါ။
အေဝးကြင္းမွာ ကစားရတဲ့အခါမ်ိဳးမွာ တစ္ခါတေလ အခက္အခဲအခ်ိဳ႕နဲ႔ေတာ့
ခင္ဗ်ား ရင္ဆိုင္ရႏိုင္ပါတယ္”
“ဒါေပမယ့္ ကြၽန္ေတာ္တို႔ကလည္း ယူႏိုက္တက္ရဲ႕ အမွားေတြကို ေစာင့္ၾကည့္ၿပီး
တန္ျပန္တိုက္စစ္ဆင္ႏိုင္မယ့္ အခြင့္အေရးေတြရွိပါတယ္။
ပြဲစဥ္တိုင္းက ကြဲျပားျခားနားတာကို ကြၽန္ေတာ္တို႔ သိထားပါတယ္။” လို႔ ေျပာပါတယ္။
Leave a Reply