သရဲနီဟောင်းနှစ်ယောက်လုံးကို ခေါ်ယူနိုင်တော့မယ့် ဂျူဗင်တပ်

ဂျူဗင်တပ်ဟာ ဒီနွေဈေးကွက်မှာ လူရှာနေပေမယ့် လောက်လောက်လားလားဖြစ်မလာသေးပါဘူး။ တူရင်အခြေစိုက်ကလပ်ဟာ ဒိုင်ဘာလာ၊ဘာနာဒက်စ်ချီနဲ့ ချီလီနီတို့ကို

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခဲ့သလို အငှားစာချုပ်ပြည့်သွားတဲ့ မိုရာတာကိုလည်း အက်သလက်တီကိုဆီပြန်လွှတ်ခဲ့ပါတယ်။

ဒါကြောင့် နွေဈေးကွက်မှာ အိုးလ်လေဒီတွေလှုပ်လှုပ်ရှားရှား ရှိနေတာပါ။ စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကတော့

မန်ယူကစားသမားဟောင်းတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့ ဒီမာရီယာကို ခေါ်ယူနိုင်တော့မယ်ဆိုတာပါပဲ။ နှစ်ယောက်လုံးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာကြောင့်

ဂျူဗင်တပ်အတွက် အကြိုက်တွေ့စရာဖြစ်နေပါတယ်။ ပေါ့ဘာက မန်ယူ၊ ဒီမာရီယာက ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ထားကြသူတွေပါ။

တကယ်လို့ ပေါ့ဘာကိုသာခေါ်ယူနိုင်ရင် ပြင်သစ်ကွင်းလယ်လူအတွက် တူရင်ကို ဒုတိယအကြိမ်မြောက် ခြေချနိုင်မှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် စီနီယာကစားသမားဘဝမှာ မန်ယူနဲ့ဂျူဗင်တပ်ကိုပဲ ကူးခြည်သန်းခြည်လုပ်ရမယ့်အနေအထားပါ။

ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်အသင်းသားဟာ ၂၀၁၂ တုန်းကလည်း သရဲနီတွေဆီကနေ အိုးလ်လေဒီဆီ ရောက်ခဲ့ဖူးပါတယ်။

တူရင်မှာ ၄ နှစ်ကြာကစားခဲ့ပြီး စီးရီးအေဖလား ၄ လုံးနဲ့ ကိုပါအီတာလီယာဖလား ၂ လုံးရခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂ ရာသီမှာ ရုန်းကန်ခဲ့ရတဲ့ နည်းပြအယ်လီဂရီအတွက် အားရှိစရာကောင်းနေပါလိမ့်မယ်။ ဒီမာရီယာကတော့ ကစားခွင့်ပိုရမယ့်အသင်းကို ရွေးချယ်နေတယ်လို့ သတင်းထွက်နေပါတယ်။

(zawgyi)

ဂ်ဴဗင္တပ္ဟာ ဒီေႏြေဈးကြက္မွာ လူရွာေနေပမယ့္ ေလာက္ေလာက္လားလားျဖစ္မလာေသးပါဘူး။ တူရင္အေျခစိုက္ကလပ္ဟာ ဒိုင္ဘာလာ၊ဘာနာဒက္စ္ခ်ီနဲ႔ ခ်ီလီနီတို႔ကို

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးခဲ့သလို အငွားစာခ်ဳပ္ျပည့္သြားတဲ့ မိုရာတာကိုလည္း အက္သလက္တီကိုဆီျပန္လႊတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေႏြေဈးကြက္မွာ အိုးလ္ေလဒီေတြလႈပ္လႈပ္ရွားရွား ရွိေနတာပါ။

စိတ္ဝင္စားစရာသတင္းတစ္ပုဒ္ကေတာ့ မန္ယူကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ေပါ့ဘာနဲ႔ ဒီမာရီယာကို ေခၚယူႏိုင္ေတာ့မယ္ဆိုတာပါပဲ။

ႏွစ္ေယာက္လုံးဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူႏိုင္မွာေၾကာင့္ ဂ်ဴဗင္တပ္အတြက္ အႀကိဳက္ေတြ႕စရာျဖစ္ေနပါတယ္။

ေပါ့ဘာက မန္ယူ၊ ဒီမာရီယာက ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္း ကုန္ထားၾကသူေတြပါ။ တကယ္လို႔ ေပါ့ဘာကိုသာေခၚယူႏိုင္ရင္ ျပင္သစ္ကြင္းလယ္လူအတြက္ တူရင္ကို ဒုတိယအႀကိမ္ေျမာက္ ေျခခ်ႏိုင္မွာျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ စီနီယာကစားသမားဘဝမွာ မန္ယူနဲ႔ဂ်ဴဗင္တပ္ကိုပဲ ကူးျခည္သန္းျခည္လုပ္ရမယ့္အေနအထားပါ။

ကမာၻ႔ဖလားဆုရွင္ ျပင္သစ္အသင္းသားဟာ ၂၀၁၂ တုန္းကလည္း သရဲနီေတြဆီကေန အိုးလ္ေလဒီဆီ ေရာက္ခဲ့ဖူးပါတယ္။ တူရင္မွာ ၄ ႏွစ္ၾကာကစားခဲ့ၿပီး စီးရီးေအဖလား ၄ လုံးနဲ႔ ကိုပါအီတာလီယာဖလား ၂ လုံးရခဲ့ပါတယ္။

ဒါေၾကာင့္ ၿပီးခဲ့တဲ့ ၂ ရာသီမွာ ႐ုန္းကန္ခဲ့ရတဲ့ နည္းျပအယ္လီဂရီအတြက္ အားရွိစရာေကာင္းေနပါလိမ့္မယ္။ ဒီမာရီယာကေတာ့ ကစားခြင့္ပိုရမယ့္အသင္းကို ေ႐ြးခ်ယ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။