သရဲနီရပ်ဝန်းဆီ အေဂျက်ဇ်ကုန်ကြမ်းတွေ ပို့ပေးနေတဲ့ ကန့်လန့်ကာနောက်ကွယ်ကလူသား

ယူနိုက်တက်ဟာ ဒီနွေဈေးကွက်မှာ သူတို့အလိုချင်ဆုံးကစားသမားဖြစ်တဲ့ အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီကို ပေါင် ၈၅ သန်းနဲ့ရသွားပါပြီ။ တကယ်တော့ နယ်သာလန်ကလပ်ဟာ သူတို့ကစားသမားကို ရောင်းချင်တာမဟုတ်ပါဘူး။

လီဆန်ဒရိုမာတီနက်ဇ်ကို မန်ယူဆီရောင်းပြီးသားဖြစ်သလို ဟော်လန်၊ ဂရာဗန်ဘာ့ချ်တို့လို အဓိက ကစားသမားအချို့ကိုလည်း ထုတ်ရောင်းထားတာကြောင့် အန်တိုနီကို ထိန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာပါ။ မန်ယူရဲ့ကမ်းလှမ်းမှုကို

အကြိမ်ကြိမ်ငြင်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အိုးလ်ထရက်ဖို့ဒ်သွားချင်တာကြောင့် ကလန်ကဆန်လုပ်လာချိန်မှာတော့ အခြေအနေတွေပိုဆိုးမလာအောင် လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေရာမှာ ကန့်လန့်ကာနောက်ကွယ်က စေ့စပ်ညှိနှိုင်းပေးခဲ့သူ အဓိကပုဂ္ဂိုလ်တစ်ဦးရှိနေတယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရစ်ဇီယိုရိုမာနိုက သတင်းပေးလာခဲ့ပါတယ်။ သူကတော့ သရဲနီဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားပါပဲ။

အေဂျက်ဇ်အသင်းရဲ့အမှုဆောင်ချုပ်ဖြစ်နေပေမယ့် သရဲနီတစ်ယောက်ဖြစ်ခဲ့ဖူးရင် အမြဲတမ်းသရဲနီပဲဆိုတဲ့ဆိုရိုးအတိုင်း ဗန်ဒါဆားဟာ မန်ယူအတွက် အကူအညီတွေ တောက်လျှောက်ပေးခဲ့သူဖြစ်ပါတယ်။ အန်တိုနီကိစ္စမှာ ကြားဝင်စေ့စပ်ပေးခဲ့ရုံသာမက

၂၀၂၀ တုန်းကလည်း မန်ယူကို ဗန်ဒီဘိခ်ရောက်အောင် ကူညီပေးခဲ့သူပါ။ ဒါ့အပြင် ရန်းနစ်ခ်လစ်တော့မယ့်အချိန်မှာ နည်းပြသစ်ခန့်ဖို့ ဒစ်လည်နေတဲ့မန်ယူဆီ တန်းဟတ်သာမက လက်ထောက်နည်းပြမစ်ချယ်ဗန်ဒါဂတ်ကိုပါ

အရောက်ပို့ပေးခဲ့တာလည်း ဗန်ဒါဆားပါပဲ။ မန်ယူပရိသတ်တွေကတော့ တစ်ချိန်က ဂိုးတိုင်နှစ်ဖက်ကြားမှာ မားမားရပ်ပြီး အကာအကွယ်ပေးခဲ့တဲ့ နယ်သာလန်သားကြီးဟာ လက်ရှိအချိန်ထိ ကန့်လန့်ကာနောက်ကွယ်ကနေ ကူညီပေးနေတာကြောင့် ကျေးဇူးတင်ကြမှာမလွဲပါဘူး။

(zawgyi)

ယူႏိုက္တက္ဟာ ဒီေႏြေဈးကြက္မွာ သူတို႔အလိုခ်င္ဆုံးကစားသမားျဖစ္တဲ့ ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီကို ေပါင္ ၈၅ သန္းနဲ႔ရသြားပါၿပီ။ တကယ္ေတာ့ နယ္သာလန္ကလပ္ဟာ သူတို႔ကစားသမားကို ေရာင္းခ်င္တာမဟုတ္ပါဘူး။

လီဆန္ဒ႐ိုမာတီနက္ဇ္ကို မန္ယူဆီေရာင္းၿပီးသားျဖစ္သလို ေဟာ္လန္၊ ဂရာဗန္ဘာ့ခ်္တို႔လို အဓိက ကစားသမားအခ်ိဳ႕ကိုလည္း ထုတ္ေရာင္းထားတာေၾကာင့္ အန္တိုနီကို ထိန္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့တာပါ။

မန္ယူရဲ႕ကမ္းလွမ္းမႈကို အႀကိမ္ႀကိမ္ျငင္းခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အိုးလ္ထရက္ဖို႔ဒ္သြားခ်င္တာေၾကာင့္ ကလန္ကဆန္လုပ္လာခ်ိန္မွာေတာ့ အေျခအေနေတြပိုဆိုးမလာေအာင္ လက္လႊတ္လိုက္ဖို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ပါတယ္။

ဒီေနရာမွာ ကန႔္လန႔္ကာေနာက္ကြယ္က ေစ့စပ္ညႇိႏႈိင္းေပးခဲ့သူ အဓိကပုဂၢိဳလ္တစ္ဦးရွိေနတယ္လို႔ နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖာဘရစ္ဇီယို႐ိုမာႏိုက သတင္းေပးလာခဲ့ပါတယ္။ သူကေတာ့ သရဲနီဂႏၴဝင္ဂိုးသမားႀကီး ဗန္ဒါဆားပါပဲ။

ေအဂ်က္ဇ္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္ျဖစ္ေနေပမယ့္ သရဲနီတစ္ေယာက္ျဖစ္ခဲ့ဖူးရင္ အၿမဲတမ္းသရဲနီပဲဆိုတဲ့ဆို႐ိုးအတိုင္း ဗန္ဒါဆားဟာ မန္ယူအတြက္ အကူအညီေတြ ေတာက္ေလွ်ာက္ေပးခဲ့သူျဖစ္ပါတယ္။

အန္တိုနီကိစၥမွာ ၾကားဝင္ေစ့စပ္ေပးခဲ့႐ုံသာမက ၂၀၂၀ တုန္းကလည္း မန္ယူကို ဗန္ဒီဘိခ္ေရာက္ေအာင္ ကူညီေပးခဲ့သူပါ။ ဒါ့အျပင္ ရန္းနစ္ခ္လစ္ေတာ့မယ့္အခ်ိန္မွာ နည္းျပသစ္ခန႔္ဖို႔ ဒစ္လည္ေနတဲ့မန္ယူဆီ တန္းဟတ္သာမက လက္ေထာက္နည္းျပမစ္ခ်ယ္ဗန္ဒါဂတ္ကိုပါ

အေရာက္ပို႔ေပးခဲ့တာလည္း ဗန္ဒါဆားပါပဲ။ မန္ယူပရိသတ္ေတြကေတာ့ တစ္ခ်ိန္က ဂိုးတိုင္ႏွစ္ဖက္ၾကားမွာ မားမားရပ္ၿပီး အကာအကြယ္ေပးခဲ့တဲ့ နယ္သာလန္သားႀကီးဟာ လက္ရွိအခ်ိန္ထိ ကန႔္လန႔္ကာေနာက္ကြယ္ကေန ကူညီေပးေနတာေၾကာင့္ ေက်းဇူးတင္ၾကမွာမလြဲပါဘူး။