
နည်းပြသစ်ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ
ချဲလ်ဆီးအသင်းမှ သောမတ် တူဟယ်ရဲ့ အခြေအနေကို လေ့လာစောင့်ကြည့်နေတယ်လို့
ဂါးဒီးယန်း သတင်းဌာနအရ သိရပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်
ရိုမန် အေဗရာမိုဗစ်ကို ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးနောက်
ချန်ပီယံလိဂ် ချန်ပီယံရဲ့ အနာဂတ်ကလည်း သေချာမှုမရှိတဲ့ အနေအထားကို
ရောက်ရှိသွားပါတယ်။ ယူနိုက်တက်ကလည်း တူဟယ်ရဲ့ စာချုပ်ဟာ
( ၂၀၂၄ ) ထိ ဖြစ်ပြီး ရာသီကုန်ထိ ချဲလ်ဆီးမှာ ရှိနေမယ်ဆိုတာ နားလည်ထားပါတယ်။
လက်ရှိမှာ ချဲလ်ဆီးအသင်းကို မေလ ( ၃၁ ) ရက်နေ့ထိ ဆက်လက်
လည်ပတ်ခွင့်ပြုထားပြီး အဆိုပါ ကာလထိ အသင်းကို ရောင်းချနိုင်ခြင်းမရှိပါက
သူတို့အနေနဲ့ မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ဇန်နဝါရီလမှာ လမ်းပတ်နေရာ အစားဝင်ပြီး ချဲလ်ဆီးအသင်းကို
ချန်ပီယံလိဂ်ရယူပေးနိုင်ခဲ့တဲ့ တူဟယ်ရဲ့ လုပ်ရည်ကိုင်ရည်ကို
ယူနိုက်တက်က သဘောကျလျက်ရှိပါတယ်။ အသက် ( ၄၈ ) နှစ်အရွယ်
နည်းပြဟာ ယူအီးအက်ဖ်အေ စူပါဖလား ၊ ဖီဖာ ကမ္ဘာ့ကလပ်များဖလား တို့ကို
ရယူခြင်းမပြုမီ ချဲလ်ဆီးအသင်းကို အက်ဖ်အေဖလား ဗိုလ်လုပွဲထိ
ပို့ဆောင်ပေးခဲ့သလို ဒီရာသီမှာလည်း ကာရာဘောင်ဖလားဗိုလ်လုပွဲထိ
တက်ရောက်ထားနိုင်ခဲ့ပြီး လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်က နောက်ထပ်ပစ်မှတ်တွေအနေနဲ့ ပီအက်စ်ဂျီရဲ့
မူရီစီယို ပိုချက်တီနို နှင့် အေဂျက်ရဲ့ အဲရစ် တင်ဟက်တို့ကိုလည်း
စဉ်းစားထားပါတယ်။ အဆိုပါအသင်းတွေဟာလည်း ယူနိုက်တက်လိုပဲ
ဒီရာသီ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
ယူနိုက်တက်က လက်ရှိမှာ ရာသီကုန်ထိ ကြားဖြတ်တာဝန်ယူသွားမယ့်
ရာဖ် ရန်းညစ်ခ် နေရာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။
zawgyi
သရဲနီနည္းျပသစ္ေနရာအတြက္ နံပါတ္တစ္ေနရာေရာက္လာတဲ့ တူဟယ္
နည္းျပသစ္ရွာေဖြေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ
ခ်ဲလ္ဆီးအသင္းမွ ေသာမတ္ တူဟယ္ရဲ႕ အေျခအေနကို ေလ့လာေစာင့္ၾကည့္ေနတယ္လို႔
ဂါးဒီးယန္း သတင္းဌာနအရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္
႐ိုမန္ ေအဗရာမိုဗစ္ကို ၿဗိတိန္အစိုးရက အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ၿပီးေနာက္
ခ်န္ပီယံလိဂ္ ခ်န္ပီယံရဲ႕ အနာဂတ္ကလည္း ေသခ်ာမႈမရွိတဲ့ အေနအထားကို
ေရာက္ရွိသြားပါတယ္။ ယူႏိုက္တက္ကလည္း တူဟယ္ရဲ႕ စာခ်ဳပ္ဟာ
( ၂၀၂၄ ) ထိ ျဖစ္ၿပီး ရာသီကုန္ထိ ခ်ဲလ္ဆီးမွာ ရွိေနမယ္ဆိုတာ နားလည္ထားပါတယ္။
လက္ရွိမွာ ခ်ဲလ္ဆီးအသင္းကို ေမလ ( ၃၁ ) ရက္ေန႔ထိ ဆက္လက္
လည္ပတ္ခြင့္ျပဳထားၿပီး အဆိုပါ ကာလထိ အသင္းကို ေရာင္းခ်ႏိုင္ျခင္းမရွိပါက
သူတို႔အေနနဲ႔ မေရရာတဲ့ အနာဂတ္ကို ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။
ဇန္နဝါရီလမွာ လမ္းပတ္ေနရာ အစားဝင္ၿပီး ခ်ဲလ္ဆီးအသင္းကို
ခ်န္ပီယံလိဂ္ရယူေပးႏိုင္ခဲ့တဲ့ တူဟယ္ရဲ႕ လုပ္ရည္ကိုင္ရည္ကို
ယူႏိုက္တက္က သေဘာက်လ်က္ရွိပါတယ္။ အသက္ ( ၄၈ ) ႏွစ္အ႐ြယ္
နည္းျပဟာ ယူအီးအက္ဖ္ေအ စူပါဖလား ၊ ဖီဖာ ကမာၻ႔ကလပ္မ်ားဖလား တို႔ကို
ရယူျခင္းမျပဳမီ ခ်ဲလ္ဆီးအသင္းကို အက္ဖ္ေအဖလား ဗိုလ္လုပြဲထိ
ပို႔ေဆာင္ေပးခဲ့သလို ဒီရာသီမွာလည္း ကာရာေဘာင္ဖလားဗိုလ္လုပြဲထိ
တက္ေရာက္ထားႏိုင္ခဲ့ၿပီး လီဗာပူးလ္ကို အေရးနိမ့္ခဲ့ပါတယ္။
ယူႏိုက္တက္က ေနာက္ထပ္ပစ္မွတ္ေတြအေနနဲ႔ ပီအက္စ္ဂ်ီရဲ႕
မူရီစီယို ပိုခ်က္တီႏို ႏွင့္ ေအဂ်က္ရဲ႕ အဲရစ္ တင္ဟက္တို႔ကိုလည္း
စဥ္းစားထားပါတယ္။ အဆိုပါအသင္းေတြဟာလည္း ယူႏိုက္တက္လိုပဲ
ဒီရာသီ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ကေန ထြက္ခြာခဲ့ရပါတယ္။
ယူႏိုက္တက္က လက္ရွိမွာ ရာသီကုန္ထိ ၾကားျဖတ္တာဝန္ယူသြားမယ့္
ရာဖ္ ရန္းညစ္ခ္ ေနရာ အစားထိုးဖို႔ နည္းျပသစ္ရွာေဖြေနတာျဖစ္ပါတယ္။
Leave a Reply