သရဲနီတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အမှန်ကို မန်ယူပရိသတ်တွေ ပွဲကြည့်စင်ပေါ်မှာ လက်တွေ့တင်ဆက်ပြခဲ့ကြ

မန်ယူနဲ့ဘရိုက်တန်တို့ရဲ့ အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်က တုန်လှုပ်စရာ ဗွီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ မန်ယူပရိသတ်တွေ အချင်းချင်းတိုက်ခိုက်နေခဲ့ကြတာပါ။

ဘရိုက်တန်ကို အံ့အားသင့်စရာကောင်လောက်အောင် အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနေတဲ့အချိန် South Stand ပွဲကြည့်စင်ဘက်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားနေတာကို ပရိသတ်အချို့က ထိတ်လန့်တကြားကြည့်ရှုနေကြတာကို ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ်တော့မယ့်ပုံစံနဲ့

တင်းမာနေကြတဲ့ ပရိသတ်နှစ်ယောက်ကိုလည်း မြင်ခဲ့ကြရတာပါ။ ဒါဟာ ပွဲမပြီးမချင်း မန်ယူရှုံးပြီးလို့မပြောနဲ့ဆိုတဲ့ တစ်ချိန်က သရဲနီတွေရဲ့နာမည်ကျော် တိုက်ပွဲဝင်စိတ်ဓာတ်ကို

ကစားသမားတွေမပြနိုင်တာကြောင့် ပရိသတ်တွေက လက်တွေ့သင်ပေးနေတာဆိုပြီး တစ်ချို့ကတော့ နောက်နေကြပါတယ်။ မန်ယူနည်းပြတွေထဲမှာ အဆိုးရွားဆုံးတာထွက်တစ်ခုပိုင်ရှင်ဖြစ်ခဲ့ရတဲ့ တန်းဟတ်အတွက်လည်း

စိတ်အနှောက်အယှက်ဖြစ်စရာကောင်းခဲ့တာပါ။ ဒီပွဲမှာ အသင်းရဲ့ခြေစွမ်းနဲ့ရလဒ်ကိုတော့ နယ်သာလန်သားက ဆုတ်ယုတ်မှုလို့ ကင်ပွန်းတပ်သွားခဲ့ပါတယ်။ တကယ့်ကို စိတ်ပျက်ရသလို လုံးဝမကျေနပ်ဘူးလို့လည်း တန်းဟတ်က ပြောသွားခဲ့ပါတယ်။

(zawgyi)

မန္ယူနဲ႔ဘ႐ိုက္တန္တို႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္က တုန္လႈပ္စရာ ဗြီဒီယိုဖိုင္တစ္ခု ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ မန္ယူပရိသတ္ေတြ အခ်င္းခ်င္းတိုက္ခိုက္ေနခဲ့ၾကတာပါ။ ဘ႐ိုက္တန္ကို

အံ့အားသင့္စရာေကာင္ေလာက္ေအာင္ အိမ္ကြင္းမွာ ၂-၁ ဂိုးနဲ႔ရႈံးေနတဲ့အခ်ိန္ South Stand ပြဲၾကည့္စင္ဘက္မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားေနတာကို ပရိသတ္အခ်ိဳ႕က

ထိတ္လန႔္တၾကားၾကည့္ရႈေနၾကတာကို ဗြီဒီယိုဖိုင္ထဲမွာ ေတြ႕ရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ထိုးႀကိတ္ေတာ့မယ့္ပုံစံနဲ႔ တင္းမာေနၾကတဲ့ ပရိသတ္ႏွစ္ေယာက္ကိုလည္း ျမင္ခဲ့ၾကရတာပါ။

ဒါဟာ ပြဲမၿပီးမခ်င္း မန္ယူရႈံးၿပီးလို႔မေျပာနဲ႔ဆိုတဲ့ တစ္ခ်ိန္က သရဲနီေတြရဲ႕နာမည္ေက်ာ္ တိုက္ပြဲဝင္စိတ္ဓာတ္ကို ကစားသမားေတြမျပႏိုင္တာေၾကာင့္ ပရိသတ္ေတြက လက္ေတြ႕သင္ေပးေနတာဆိုၿပီး

တစ္ခ်ိဳ႕ကေတာ့ ေနာက္ေနၾကပါတယ္။ မန္ယူနည္းျပေတြထဲမွာ အဆိုး႐ြားဆုံးတာထြက္တစ္ခုပိုင္ရွင္ျဖစ္ခဲ့ရတဲ့ တန္းဟတ္အတြက္လည္း စိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းခဲ့တာပါ။ ဒီပြဲမွာ

အသင္းရဲ႕ေျခစြမ္းနဲ႔ရလဒ္ကိုေတာ့ နယ္သာလန္သားက ဆုတ္ယုတ္မႈလို႔ ကင္ပြန္းတပ္သြားခဲ့ပါတယ္။ တကယ့္ကို စိတ္ပ်က္ရသလို လုံးဝမေက်နပ္ဘူးလို႔လည္း တန္းဟတ္က ေျပာသြားခဲ့ပါတယ္။