မန်ယူအသင်းဟာ သူတို့စိတ်ဝင်စားနေတဲ့ ဒေါ့မန်အသင်းက နောက်ခံလူ
အကန်ဂျီကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာပါတယ်။ ဂျာမနီက Bild သတင်းစာရဲ့အဆိုအရ
အကန်ဂျီဟာ ဒေ့ါမန်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုမှန်သမျှကို ငြင်းပယ်ပြီး
အခုရာသီကုန်မှာပဲ စိန်ခေါ်မှုသစ်ရှာချင်နေတာလို့ သိရတာပါ။
အဲဒီဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဟာ မန်ယူနဲ့ အပြောင်းအရွှေ့သတင်းတွေ
တောက်လျှောက်ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ သူ့ကို
ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်နိုင်မယ့်အလားအလာရှိပြီး အဲဒါဆို
နောက်ထပ်ပစ်မှတ်တစ်ယောက်ဖြစ်တဲ့ ဘာစီလိုနာက အရူဂျိုထက်
ပိုဈေးသက်သာမယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြပါတယ်။
ဒေါ့မန်ဟာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းကုန်မယ့် ဆူလီရောက်လာဖို့
ရှိနေတာတောင် ၂၆ နှစ်အရွယ် အကန်ဂျီကို ဆက်ထိန်းဖို့ စိတ်အား
ထက်သန်နေတာပါ။ အကန်ဂျီဟာ နိုင်ငံအသင်းအတွက် နောက်တန်း
၃ ယောက်ပုံစံမှာ ကစားနေသူဖြစ်လို့ လာမယ့်အမြဲတမ်းနည်းပြသစ်အနေနဲ့
ဘယ်လိုဗျူဟာသုံးသုံး အဆင်ပြေအောင်ကစားနိုင်မယ့်သူ ဖြစ်ပါတယ်။
ဒေါ့မန်ကလည်း အကန်ဂျီကို စာချုပ်သစ်မချုပ်နိုင်ရင် အလွတ်ထွက်ခွာ
စေမယ့်အစား ရောင်းချသွားဖို့ လုပ်မှာပါ။ မန်ယူဟာ အသင်းခေါင်းဆောင်
မက်ဂွိုင်းယား ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ခံစစ်အတွက် အားဖြည့်မှုတွေ
လုပ်ချင်နေပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ ခေါ်ယူနိုင်ဖို့ ဈေးနှုန်းအရင်
သင့်တင့်မယ်ကစားသမားတွေကို ရှာဖွေနေတာပါ။
အကန်ဂျီဟာ ၂၀၁၈ က ဘေဆယ်ကနေ ဒေါ့မန်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
zawgyi
သရဲနီတပ်သားဖြစ်ဖို့ နီးစပ်သထက်နီးစပ်လာတဲ့ ဒေါ့မန်က ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူ
အကန်ဂျီဟာ ဒေါ့မန်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုမှန်သမျှကို ငြင်းပယ်ပြီး
Leave a Reply