သရဲနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စံချိန်တင် ထပ်ရချင်တဲ့ ဒေးဗစ် ဒီဂီယာ

မန်ယူအသင်းရဲ့နံပါတ် ၁ ဂိုးသမားဒီဂီယာက ကလပ်ရဲ့တစ်နှစ်တာ

အကောင်းဆုံးကစားသမားဆုကို နောက်ထပ်တစ်ကြိမ်ရဦးမယ်ဆိုရင်

သူ့အနေနဲ့ ဂုဏ်ယူမိမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

၃၁ နှစ်အရွယ် အဲဒီစပိန်သားဟာ ဆာမတ်ဘတ်စ်ဘီတစ်နှစ်တာ

အကောင်းဆုံးသမားဆုကို ၄ ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးပြီး ၂၀၁၃/၁၄၊

၂၀၁၄/၁၅၊ ၂၀၁၅/၁၆ နဲ့ ၂၀၁၇/၁၈ တို့မှာ ရရှိခဲ့တာပါ။

ဒါ့အပြင် အဲဒီစပိန်လက်ရွေးစင်ဟာ အသင်းဖော်အချင်းချင်းက ရွေးချယ်တဲ့

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ၃ ကြိမ်တိုင်ရခဲ့ဖူးပါတယ်။

မန်ယူအသင်းဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူးမှာ ဒီဂီယာက

”ဒါပေါဗျာ။ အဲဒါက ကျွန်တော့်အတွက် အရမ်းကို စပယ်ရှယ်ပါ။

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

နောက်ထပ်တစ်ခုထပ်ရနိုင်မယ်ဆို လုံးဝအံ့အားသင့်စရာဖြစ်မှာပါ”လု့ိ

ပြောကြားခဲ့တာပါ။ ဒီဂီယာက သူ့ရဲ့အဓိကရည်ရွယ်ချက်ဟာ အသင်းတစ်သင်းအနေနဲ့

ဆုဖလားကိုင်မြှောက်နိုင်ဖို့ ဖြစ်ပေမယ့် အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး

ကစားသမားဆုကိုလည်း ထပ်ယူချင်တယ်လို့ ဆိုခဲ့ပါတယ်။

”ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ပထမဆုံးအရာက အသင်းတစ်သင်းအနေနဲ့

ဆုဖလားကြီးတွေ ကိုင်မြှောက်နိုင်ဖို့ပါ။ အဲဒါက အရေးကြီးဆုံးအရာပါ။

ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ ဟိုဆု ထပ်ရမယ်ဆိုလည်း အံ့သြစရာပါ။

ဒီတော့ ကြိုးစားကြတာပေါ့” ဒီဂီယာက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီဂီယာဟာ အခုရာသီမှာ ပရိသတ်တွေက မဲပေးတဲ့ အသင်းရဲ့တစ်လတာ

အကောင်းဆုံးကစားသမားဆုကို ၇ ကြိမ်မှာ ၄ ကြိမ်ရထားလု့ိ တစ်နှစ်တာ

အကောင်းဆုံးကစားသမားဆုအတွက် ရေးပန်းစားသူလည်း ဖြစ်ပါတယ်။

သူဟာ ဆာမတ်ဘတ်စ်ဘီဆုကို ၄ ကြိမ်နဲ့ စံချိန်တင်ရထားပြီး

ဒုတိယအများဆုံးက ၃ ကြိမ်နဲ့ စီရော်နယ်ဒိုပါ။

ကွင်းလယ်လူဖာနန်ဒက်စ်ကလည်း အဲဒီဆုကို နောက်ဆုံး ၂ ရာသီ

ဆက်တိုက်ရရှိထားပါတယ်။ ခြုံကြည့်မယ်ဆိုရင် ကလပ်အတွက် စိတ်ပျက်စရာ

ရာသီတစ်ခုလို့ ဆိုနိုင်ပေမယ့် ဒီဂီယာကတော့ မန်ယူအတွက်

တောက်ပအလင်းရောင်တစ်ခုဖြစ်ခဲ့တာပါ။

ဂိုးသမားတစ်ယောက်က အသင်းရဲ့တစ်လအကောင်းဆုံးဆု ၇ ကြိမ်မှာ

၄ ကြိမ်ရတယ်ဆိုရင် ကျန်တဲ့အသင်းသားတွေ ကောင်းကောင်း

မစွမ်းဆောင်နိုင်တာ ထင်ရှားပါတယ်။

zawgyi

သရဲနီတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို စံခ်ိန္တင္ ထပ္ရခ်င္တဲ့ ေဒးဗစ္ ဒီဂီယာ

မန္ယူအသင္းရဲ႕နံပါတ္ ၁ ဂိုးသမားဒီဂီယာက ကလပ္ရဲ႕တစ္ႏွစ္တာ

အေကာင္းဆုံးကစားသမားဆုကို ေနာက္ထပ္တစ္ႀကိမ္ရဦးမယ္ဆိုရင္

သူ႔အေနနဲ႔ ဂုဏ္ယူမိမွာျဖစ္ေၾကာင္း ဝန္ခံလိုက္ပါတယ္။

၃၁ ႏွစ္အ႐ြယ္ အဲဒီစပိန္သားဟာ ဆာမတ္ဘတ္စ္ဘီတစ္ႏွစ္တာ

အေကာင္းဆုံးသမားဆုကို ၄ ႀကိမ္တိုင္ဆြတ္ခူးခဲ့ဖူးၿပီး ၂၀၁၃/၁၄၊

၂၀၁၄/၁၅၊ ၂၀၁၅/၁၆ နဲ႔ ၂၀၁၇/၁၈ တို႔မွာ ရရွိခဲ့တာပါ။

ဒါ့အျပင္ အဲဒီစပိန္လက္ေ႐ြးစင္ဟာ အသင္းေဖာ္အခ်င္းခ်င္းက ေ႐ြးခ်ယ္တဲ့

တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ၃ ႀကိမ္တိုင္ရခဲ့ဖူးပါတယ္။

မန္ယူအသင္းဝက္ဘ္ဆိုဒ္နဲ႔အင္တာဗ်ဴးမွာ ဒီဂီယာက

”ဒါေပါဗ်ာ။ အဲဒါက ကြၽန္ေတာ့္အတြက္ အရမ္းကို စပယ္ရွယ္ပါ။

ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္။

ေနာက္ထပ္တစ္ခုထပ္ရႏိုင္မယ္ဆို လုံးဝအံ့အားသင့္စရာျဖစ္မွာပါ”လု႔ိ

ေျပာၾကားခဲ့တာပါ။ ဒီဂီယာက သူ႔ရဲ႕အဓိကရည္႐ြယ္ခ်က္ဟာ အသင္းတစ္သင္းအေနနဲ႔

ဆုဖလားကိုင္ေျမႇာက္ႏိုင္ဖို႔ ျဖစ္ေပမယ့္ အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံး

ကစားသမားဆုကိုလည္း ထပ္ယူခ်င္တယ္လို႔ ဆိုခဲ့ပါတယ္။

”ဒါေပမဲ့ ႐ိုး႐ိုးသားသားေျပာရရင္ ပထမဆုံးအရာက အသင္းတစ္သင္းအေနနဲ႔

ဆုဖလားႀကီးေတြ ကိုင္ေျမႇာက္ႏိုင္ဖို႔ပါ။ အဲဒါက အေရးႀကီးဆုံးအရာပါ။

ဒါေပမဲ့ ကြၽန္ေတာ္ေျပာခဲ့သလိုပဲ ဟိုဆု ထပ္ရမယ္ဆိုလည္း အံ့ၾသစရာပါ။

ဒီေတာ့ ႀကိဳးစားၾကတာေပါ့” ဒီဂီယာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒီဂီယာဟာ အခုရာသီမွာ ပရိသတ္ေတြက မဲေပးတဲ့ အသင္းရဲ႕တစ္လတာ

အေကာင္းဆုံးကစားသမားဆုကို ၇ ႀကိမ္မွာ ၄ ႀကိမ္ရထားလု႔ိ တစ္ႏွစ္တာ

အေကာင္းဆုံးကစားသမားဆုအတြက္ ေရးပန္းစားသူလည္း ျဖစ္ပါတယ္။

သူဟာ ဆာမတ္ဘတ္စ္ဘီဆုကို ၄ ႀကိမ္နဲ႔ စံခ်ိန္တင္ရထားၿပီး

ဒုတိယအမ်ားဆုံးက ၃ ႀကိမ္နဲ႔ စီေရာ္နယ္ဒိုပါ။

ကြင္းလယ္လူဖာနန္ဒက္စ္ကလည္း အဲဒီဆုကို ေနာက္ဆုံး ၂ ရာသီ

ဆက္တိုက္ရရွိထားပါတယ္။ ၿခဳံၾကည့္မယ္ဆိုရင္ ကလပ္အတြက္ စိတ္ပ်က္စရာ

ရာသီတစ္ခုလို႔ ဆိုႏိုင္ေပမယ့္ ဒီဂီယာကေတာ့ မန္ယူအတြက္

ေတာက္ပအလင္းေရာင္တစ္ခုျဖစ္ခဲ့တာပါ။

ဂိုးသမားတစ္ေယာက္က အသင္းရဲ႕တစ္လအေကာင္းဆုံးဆု ၇ ႀကိမ္မွာ

၄ ႀကိမ္ရတယ္ဆိုရင္ က်န္တဲ့အသင္းသားေတြ ေကာင္းေကာင္း

မစြမ္းေဆာင္ႏိုင္တာ ထင္ရွားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*