
၃၆ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝိန်းရွန်းနီ ဟာ ယူနိုက်တက် နဲ့
အင်္ဂလန် အသင်းတို့ရဲ့ စံချိန်တင် ဂိုးသွင်းရှင် အဖြစ်နဲ့ ဘောလုံး
ကစားသမားဘဝကိုအဆုံးသတ် နိုင်ခဲ့ပြီး နည်းပြဘဝကို တက်လှမ်းနိုင်ခဲ့ပါတယ်။
လက်ရှိ မှာတော့ ရွန်းနီ ဟာ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ ကို
ကိုင်တွယ် နေပြီး ဘဏ္ဍာရေး အခြေ ပျက်ယွင်းမှုကြောင့် ရမှတ်တွေ
ဆက်တိုက် လျော့ချ ခံ နေရတဲ့ ကြားကနေ အသင်းကို ချန်ပီယံရှစ်မှာ
တန်းတင် ကျန်ရစ်အောင် ကြိုးစား စွမ်းဆောင်ပေးနေပါတယ်။
ဝိန်းရွန်းနီက ” ကျွန်တော့်အသက် ၁၄ နှစ်တုန်းက ဖာဂူဆန်အနေနဲ့ ကျွန်တော်ကို
ခေါ်ယူဖို့အတွက် အဖေနဲ့အမေ ဆီကို ဖုန်းဆက်ခဲ့ပါတယ်။
ကျွန်တော့်မိဘတွေကဖာဂူဆန်ဖုန်းဆက်တယ်လို့ပြောခဲ့ချိန်မှာ
ကျွန်တော့်အနေနဲ့ သူ့ကို ဆဲဆိုခဲ့ပြီး အဲဗာတန်အသင်းအတွက်ပဲ
ကစားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အချိန်တွေကြာပြီးနောက်မှာ
ကျွန်တော့်အနေနဲ့ ဖာဂူဆန်နဲ့ ယူနိုက်တက်အတွက် ကစားပေးဖြစ်ခဲ့ပါတယ်” လို့
ပြောဆိုခဲ့ပါတယ်။ ဝိန်းရွန်းနီဟာယူနိုက်တက်တွင်၁၃ရာသီကစားခဲ့စဉ်အတွင်း
၂၅၃ ဂိုးသွင်းယူကာကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပြီး
ပရိသတ်အချစ်တော်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
zawgyi
သရဲနီဂႏၳ၀င္နည္းျပႀကီးကုိ ဆဲဆုိခဲ့ဖူးတဲ့ ၀ိန္းရြန္းနီ
၃၆ ႏွစ္အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ဝိန္း႐ြန္းနီ ဟာ ယူႏိုက္တက္ နဲ႔
အဂၤလန္ အသင္းတို႔ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ အျဖစ္နဲ႔ ေဘာလုံး
ကစားသမားဘဝကိုအဆုံးသတ္ ႏိုင္ခဲ့ၿပီး နည္းျပဘဝကို တက္လွမ္းႏိုင္ခဲ့ပါတယ္။
လက္ရွိ မွာေတာ့ ႐ြန္းနီ ဟာ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ ေကာင္တီ ကို
ကိုင္တြယ္ ေနၿပီး ဘ႑ာေရး အေျခ ပ်က္ယြင္းမႈေၾကာင့္ ရမွတ္ေတြ
ဆက္တိုက္ ေလ်ာ့ခ် ခံ ေနရတဲ့ ၾကားကေန အသင္းကို ခ်န္ပီယံရွစ္မွာ
တန္းတင္ က်န္ရစ္ေအာင္ ႀကိဳးစား စြမ္းေဆာင္ေပးေနပါတယ္။
ဝိန္း႐ြန္းနီက ” ကြၽန္ေတာ့္အသက္ ၁၄ ႏွစ္တုန္းက ဖာဂူဆန္အေနနဲ႔ ကြၽန္ေတာ္ကို
ေခၚယူဖို႔အတြက္ အေဖနဲ႔အေမ ဆီကို ဖုန္းဆက္ခဲ့ပါတယ္။
ကြၽန္ေတာ့္မိဘေတြကဖာဂူဆန္ဖုန္းဆက္တယ္လို႔ေျပာခဲ့ခ်ိန္မွာ
ကြၽန္ေတာ့္အေနနဲ႔ သူ႔ကို ဆဲဆိုခဲ့ၿပီး အဲဗာတန္အသင္းအတြက္ပဲ
ကစားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ အခ်ိန္ေတြၾကာၿပီးေနာက္မွာ
ကြၽန္ေတာ့္အေနနဲ႔ ဖာဂူဆန္နဲ႔ ယူႏိုက္တက္အတြက္ ကစားေပးျဖစ္ခဲ့ပါတယ္” လို႔
ေျပာဆိုခဲ့ပါတယ္။ ဝိန္း႐ြန္းနီဟာယူႏိုက္တက္တြင္၁၃ရာသီကစားခဲ့စဥ္အတြင္း
၂၅၃ ဂိုးသြင္းယူကာကလပ္သမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနၿပီး
ပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။
Leave a Reply