
ဘာစီလိုနာနည်းပြဇာဗီက လက်ရှိအသင်းမှာ နည်းပြအနေနဲ့ သူဆက်ရှိနေသရွေ့
မက်ဆီအတွက် အမြဲတံခါးဖွင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာဘက်က စာချုပ်သစ်ချုပ်ဖို့ မတတ်နိုင်တာကြောင့် မက်ဆီဟာ
ပြီးခဲ့တဲ့သြဂုတ်မှာ ပီအက်စ်ဂျီကို ထွက်ခွာသွားခဲ့တာပါ။
သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဇာဗီကတော့ ပြီးခဲ့တဲ့နိုဝင်ဘာမှာ
နည်းပြအနေနဲ့ နူးကမ့်ကို ပြန်ရောက်လာခဲ့ပါတယ်။
ပရော်ဖက်ရှယ်နယ်ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ်
အသင်းပြောင်းခဲ့တဲ့မက်ဆီကတော့ ပဲရစ်က ပထမဆုံးနှစ်မှာ ရုန်းကန်နေရတာပါ။
အဲဒီအာဂျင်တီးနားသားဟာ ပီအက်စ်ဂျီမှာ လိဂ်ဂိုး ၂ ဂိုးသာရထားပြီး
ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းလီဂူးပွဲမှာလည်း
ကိုယ့်အသင်းပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။
လာလီဂါအဖွဲ့ချုပ်ဥက္ကဌတီဘက်စ်က အင်တာဗျူးတစ်ခုမှာ မက်ဆီကို
စပိန်မှာ ပြန်တွေ့ချင်ကြောင်း ပြောထားတာပါ။
အဲဒါနဲ့ပတ်သက်လို့ အယ်ကလက်စီကိုပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ
ဇာဗီကိုမေးမြန်းတော့ အခုလိုဖြေကြားခဲ့ပါတယ်။
”သမိုင်းတစ်လျှောက်မှာ မက်ဆီက အကောင်းဆုံးလို့ ထင်ပါတယ်။
ကျွန်တော် ဒီမှာ နည်းပြအဖြစ် ရှိနေသရွေ့ကတော့ သူ့အတွက်
အမြဲတမ်းတံခါးဖွင့်ထားမှာပါ။ ကလပ်အသင်းတစ်သင်းအနေနဲ့လည်း
ကလပ်အသင်းတစ်သင်းအနေနဲ့လည်း ကျွန်တော်တို့ဟာ သူ့ကို
ကြီးကျယ်တဲ့ချီးမြှောက်ပေးမှု လုပ်ပေးရဦးမှာပါ။
အဲဒါနဲ့ သူထိုက်တန်ပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်ရှိထားတဲ့သူဆိုတော့ ကျွန်တော်အများကြီး
ဆက်ပြောလို့ မရနိုင်ပါဘူး”လို့ ဇာဗီက ဆိုခဲ့တာပါ။
မက်ဆီမရှိတော့တဲ့နောက်ပိုင်းမှာ ဘာစီလိုနာဟာ များစွာရုန်းကန်ခဲ့ရပေမယ့်
ဇာဗီလက်ထက်မှာတော့ အသင်းရဲ့ရလဒ်ပိုင်းဟာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။
zawgyi
“သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးျဖစ္တဲ့ မက္ဆီအတြက္ အၿမဲတမ္းတံခါးဖြင့္ထားပါတယ္ “ဇာဗီ
ဘာစီလိုနာနည္းျပဇာဗီက လက္ရွိအသင္းမွာ နည္းျပအေနနဲ႔ သူဆက္ရွိေနသေ႐ြ႕
မက္ဆီအတြက္ အၿမဲတံခါးဖြင့္ထားေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ဘာစီလိုနာဘက္က စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မတတ္ႏိုင္တာေၾကာင့္ မက္ဆီဟာ
ၿပီးခဲ့တဲ့ၾသဂုတ္မွာ ပီအက္စ္ဂ်ီကို ထြက္ခြာသြားခဲ့တာပါ။
သူ႔ရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဇာဗီကေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာမွာ
နည္းျပအေနနဲ႔ ႏူးကမ့္ကို ျပန္ေရာက္လာခဲ့ပါတယ္။
ပေရာ္ဖက္ရွယ္နယ္ကစားသမားဘ၀ ပထမဆုံးအႀကိမ္အျဖစ္
အသင္းေျပာင္းခဲ့တဲ့မက္ဆီကေတာ့ ပဲရစ္က ပထမဆုံးႏွစ္မွာ ႐ုန္းကန္ေနရတာပါ။
အဲဒီအာဂ်င္တီးနားသားဟာ ပီအက္စ္ဂ်ီမွာ လိဂ္ဂိုး ၂ ဂိုးသာရထားၿပီး
ခ်န္ပီယံလိဂ္က ထြက္ခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္က အိမ္ကြင္းလီဂူးပြဲမွာလည္း
ကိုယ့္အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။
လာလီဂါအဖြဲ႕ခ်ဳပ္ဥကၠဌတီဘက္စ္က အင္တာဗ်ဴးတစ္ခုမွာ မက္ဆီကို
စပိန္မွာ ျပန္ေတြ႕ခ်င္ေၾကာင္း ေျပာထားတာပါ။
အဲဒါနဲ႔ပတ္သက္လို႔ အယ္ကလက္စီကိုပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ
ဇာဗီကိုေမးျမန္းေတာ့ အခုလိုေျဖၾကားခဲ့ပါတယ္။
”သမိုင္းတစ္ေလွ်ာက္မွာ မက္ဆီက အေကာင္းဆုံးလို႔ ထင္ပါတယ္။
ကြၽန္ေတာ္ ဒီမွာ နည္းျပအျဖစ္ ရွိေနသေ႐ြ႕ကေတာ့ သူ႔အတြက္
အၿမဲတမ္းတံခါးဖြင့္ထားမွာပါ။ ကလပ္အသင္းတစ္သင္းအေနနဲ႔လည္း
ကလပ္အသင္းတစ္သင္းအေနနဲ႔လည္း ကြၽန္ေတာ္တို႔ဟာ သူ႔ကို
ႀကီးက်ယ္တဲ့ခ်ီးေျမႇာက္ေပးမႈ လုပ္ေပးရဦးမွာပါ။
အဲဒါနဲ႔ သူထိုက္တန္ပါတယ္။
ဒါေပမဲ့ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္ရွိထားတဲ့သူဆိုေတာ့ ကြၽန္ေတာ္အမ်ားႀကီး
ဆက္ေျပာလို႔ မရႏိုင္ပါဘူး”လို႔ ဇာဗီက ဆိုခဲ့တာပါ။
မက္ဆီမရွိေတာ့တဲ့ေနာက္ပိုင္းမွာ ဘာစီလိုနာဟာ မ်ားစြာ႐ုန္းကန္ခဲ့ရေပမယ့္
ဇာဗီလက္ထက္မွာေတာ့ အသင္းရဲ႕ရလဒ္ပိုင္းဟာ သိသိသာသာတိုးတက္လာခဲ့ပါတယ္။
Leave a Reply