သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလားအုပ်စုကနေ (၂)ကြိမ်ဆက်ထွက်ခဲ့ရတဲ့ ဂျာမနီ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ဘယ်လိုမှ

မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်မှု အများဆုံး ပြိုင်ပွဲလို့တောင်ပြောရမယ်။ ပြီးခဲ့တဲ့
ပွဲတွေတုန်းက ဆော်ဒီလို အသင်းမျိုးက အာဂျင်တီးနားကို Shock ရလဒ်နဲ့ နိုင်၊
ဂျပန်ကလည်း ဂျာမနီကို အနိုင်ယူခဲ့ပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက်
အံ့အားသင့်စရာတွေ ဖန်တီးခဲ့တယ်။

အခုလည်း ဂျပန်အသင်းက ဥရောပထိပ်သီး စပိန်ကို အနိုင်ယူပြီးတော့ ဘယ်သူမှ
မထင်ထားလောက်အောင် အုပ်စုကနေ တက်ခွင့်ရခဲ့ပြန်တယ်။ ဂျပန်အသင်းရဲ့ နိုင်ပွဲကြောင့်
အသည်းကွဲခဲ့ရတာက,ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်အထိရခဲ့တဲ့ နာမည်ကြီး

ဂျာမနီပါပဲ။

အုပ်စုနောက်ဆုံးပွဲမှာ ကော်စတာရီကာကို အသည်းအသန်ကစားပြီးမှ (၄-၂)ဂိုးနဲ့

အနိုင်ရခဲ့ပေမယ့် တစ်ဖက်မှာ ဂျပန် နိုင်သွားလို့ ဂိုးကွာခြားချက်အရ အုပ်စုအဆင့်ကနေ
စောစောစီးစီး ထွက်လိုက်ရပါပြီ။ ဂျာမနီအသင်းဟာ နိုင်ပွဲလိုအပ်နေတာကြောင့်
ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ(၁၀)မိနစ်မှာပဲ ဂနာဘရီက ခေါင်းတိုက်ပြီးတော့
အဖွင့်ဂိုးသွင်းခဲ့တယ်။

ဂျာမနီတို့ နောက်ထပ်ဂိုးတွေရအောင် တစ်ချိန်လုံး ထိုးဖောက်ကစားပေမယ့် ကော်စတာရီကာ
ဂိုးသမား နာဗတ်စ် လက်စွမ်းပြနေတာ၊ ဂျာမနီတိုက်စစ်ကစားသမားတွေ ကံဆိုးနေတာတွေကြောင့်
ဂိုးထပ်မရခဲ့ဘူး။ ဂိုးရဖို့ အသည်းအသန်ကစားတာက ဂျာမနီ၊ တကယ်တမ်း ဂိုးတွေရသွားတာက

ကော်စတာရီကာဖြစ်ပြီး ခံစစ်ပိုင်းအမှားတွေကနေ (၅၈)မိနစ်နဲ့ မိနစ်(၇၀)မှာ ဂိုးတွေ
ဆက်တိုက်ပေးခဲ့ရတယ်။

ဒါပေမဲ့ လူစားဝင်လာတဲ့ ဟာဗတ်ဇ်ရဲ့ ခြေစွမ်းပြမှုကြောင့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ရခဲ့ပြီး
ဟာဗတ်ဇ်ဟာ နာမည်ကျော်ကစားသမားဟောင်း အန်ဒရေရှိုလာ(၂၀၁၄၊ ဘရာဇီးလ်)နောက်ပိုင်း
ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ လူစားဝင်ပြီးတော့ (၂)ဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက် ဂျာမန်
ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျာမနီအသင်းအတွက် စတုတ္ထမြောက်ဂိုးကို ဖူလ်ခရက်ဂ်က သွင်းခဲ့ပေမယ့် တစ်ဖက်ပွဲမှာ
ဂျပန်က စပိန်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဂျာမနီ အိမ်ပြန်ခဲ့ရပြီး ဂျပန်နဲ့ စပိန်တို့
ရှုံးထွက်(၁၆)သင်းအဆင့် တက်ခွင့်ရသွားပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကေတာ့ ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္မွာ ဘယ္လိုမွ
မထင္မွတ္တဲ့ရလဒ္ေတြ ထြက္ေပၚမႈ အမ်ားဆုံး ၿပိဳင္ပြဲလို႔ေတာင္ေျပာရမယ္။ ၿပီးခဲ့တဲ့

ပြဲေတြတုန္းက ေဆာ္ဒီလို အသင္းမ်ိဳးက အာဂ်င္တီးနားကို Shock ရလဒ္နဲ႔ ႏိုင္၊
ဂ်ပန္ကလည္း ဂ်ာမနီကို အႏိုင္ယူခဲ့ၿပီး ကမာၻ႔ေဘာလုံးပရိသတ္ေတြအတြက္
အံ့အားသင့္စရာေတြ ဖန္တီးခဲ့တယ္။

အခုလည္း ဂ်ပန္အသင္းက ဥေရာပထိပ္သီး စပိန္ကို အႏိုင္ယူၿပီးေတာ့ ဘယ္သူမွ
မထင္ထားေလာက္ေအာင္ အုပ္စုကေန တက္ခြင့္ရခဲ့ျပန္တယ္။ ဂ်ပန္အသင္းရဲ႕ ႏိုင္ပြဲေၾကာင့္
အသည္းကြဲခဲ့ရတာက,ကမာၻ႔ဖလားခ်န္ပီယံဆုကို (၄)ႀကိမ္အထိရခဲ့တဲ့ နာမည္ႀကီး
ဂ်ာမနီပါပဲ။

အုပ္စုေနာက္ဆုံးပြဲမွာ ေကာ္စတာရီကာကို အသည္းအသန္ကစားၿပီးမွ (၄-၂)ဂိုးနဲ႔
အႏိုင္ရခဲ့ေပမယ့္ တစ္ဖက္မွာ ဂ်ပန္ ႏိုင္သြားလို႔ ဂိုးကြာျခားခ်က္အရ အုပ္စုအဆင့္ကေန

ေစာေစာစီးစီး ထြက္လိုက္ရပါၿပီ။ ဂ်ာမနီအသင္းဟာ ႏိုင္ပြဲလိုအပ္ေနတာေၾကာင့္
ပြဲစကတည္းက တိုက္စစ္ဆင္ကစားခဲ့ၿပီး ပြဲအစ(၁၀)မိနစ္မွာပဲ ဂနာဘရီက ေခါင္းတိုက္ၿပီးေတာ့
အဖြင့္ဂိုးသြင္းခဲ့တယ္။

ဂ်ာမနီတို႔ ေနာက္ထပ္ဂိုးေတြရေအာင္ တစ္ခ်ိန္လုံး ထိုးေဖာက္ကစားေပမယ့္ ေကာ္စတာရီကာ
ဂိုးသမား နာဗတ္စ္ လက္စြမ္းျပေနတာ၊ ဂ်ာမနီတိုက္စစ္ကစားသမားေတြ ကံဆိုးေနတာေတြေၾကာင့္
ဂိုးထပ္မရခဲ့ဘူး။ ဂိုးရဖို႔ အသည္းအသန္ကစားတာက ဂ်ာမနီ၊ တကယ္တမ္း ဂိုးေတြရသြားတာက
ေကာ္စတာရီကာျဖစ္ၿပီး ခံစစ္ပိုင္းအမွားေတြကေန (၅၈)မိနစ္နဲ႔ မိနစ္(၇၀)မွာ ဂိုးေတြ

ဆက္တိုက္ေပးခဲ့ရတယ္။

ဒါေပမဲ့ လူစားဝင္လာတဲ့ ဟာဗတ္ဇ္ရဲ႕ ေျခစြမ္းျပမႈေၾကာင့္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ ရခဲ့ၿပီး

ဟာဗတ္ဇ္ဟာ နာမည္ေက်ာ္ကစားသမားေဟာင္း အန္ဒေရရႈိလာ(၂၀၁၄၊ ဘရာဇီးလ္)ေနာက္ပိုင္း
ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ လူစားဝင္ၿပီးေတာ့ (၂)ဂိုးသြင္းခဲ့တဲ့ ဒုတိယေျမာက္ ဂ်ာမန္
ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဂ်ာမနီအသင္းအတြက္ စတုတၳေျမာက္ဂိုးကို ဖူလ္ခရက္ဂ္က သြင္းခဲ့ေပမယ့္ တစ္ဖက္ပြဲမွာ
ဂ်ပန္က စပိန္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ ဂ်ာမနီ အိမ္ျပန္ခဲ့ရၿပီး ဂ်ပန္နဲ႔ စပိန္တို႔
ရႈံးထြက္(၁၆)သင္းအဆင့္ တက္ခြင့္ရသြားပါတယ္။