သစ္စာမရှိတဲ့ရော်နယ်ဒိုဟာ လီဗာပူးလ်ကိုတောင်ရောက်သွားနိုင်တယ်လို့ အဘွန်လဟော်သုံးသပ်

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူသာ တတ်နိုင်မယ်ဆိုရင် လီဗာပူးလ်ကိုတောင် ပြောင်းရွှေ့ဖို့ ဝန်လေးမယ့်သူ မဟုတ်ဘူးလို့ အင်္ဂလန်နဲ့အက်စ်တွန်ဗီလာတိုက်စစ်မှူးဟောင်း

အဘွန်လဟော်က ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်ရဲ့အခါးသီးဆုံး ပြိုင်ဘက်နှစ်သင်း ၊ တနည်းအားဖြင့် အနီရောင်ဒါဘီပြိုင်ဘက် လီဗာပူးလ်ကိုပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့အထိ

ပြောရလောက်အောင် အဘွန်လဟော်ရဲ့အကြောင်းပြချက်ကလည်း ပြင်းထန်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူသာမက သူ့ရဲ့ဘယ်အသင်းဟောင်းကိုမှ သစ္စာမရှိဘူးလို့ စွပ်စွဲလိုက်တာပါ။

“ ရော်နယ်ဒိုဟာ ဒီနွေဈေးကွက်မှာ လီဗာပူးလ်ကို ရောက်သွားနိုင်ပါတယ်။ တကယ်လို့ သူတတ်နိုင်ရင်ပေါ့။ လီဗာပူးလ်ဆိုတာ မန်ယူရဲ့ပြိုင်ဘက်ကြီးဖြစ်ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုရဲ့အကြောင်းကရှိနေပါတယ်။ ချန်ပီယံလိဂ်ကစားဖို့၊ သူ့ရဲ့စံချိန်တွေထပ်တိုးနိုင်ဖို့၊ ဆုဖလားတွေရဖို့ဆိုရင် ဘယ်နေရာကိုပဲဖြစ်ဖြစ် သူသွားမှာပါ။

ရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ် ဒါမှမဟုတ် ဂျူဗင်တပ် ဘယ်အသင်းကိုမှ သစ္စာရှိခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး ” လို့ အဘွန်လဟော်က talkSPORT ကို ပြောသွားခဲ့တာပါ။  ပေါ်တူဂီကြယ်ပွင့်ရဲ့

မန်ယူအနာဂတ်ကလည်း လက်ရှိအချိန်ထိ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ မန်ချက်စတာကိုပြန်လာပြီး အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမယ့် ညှိမရတာကြောင့် စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူသာ တတ္ႏိုင္မယ္ဆိုရင္ လီဗာပူးလ္ကိုေတာင္ ေျပာင္းေ႐ႊ႕ဖို႔ ဝန္ေလးမယ့္သူ မဟုတ္ဘူးလို႔ အဂၤလန္နဲ႔အက္စ္တြန္ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္က

ေျပာဆိုလိုက္ပါတယ္။ အဂၤလန္ရဲ႕အခါးသီးဆုံး ၿပိဳင္ဘက္ႏွစ္သင္း ၊ တနည္းအားျဖင့္ အနီေရာင္ဒါဘီၿပိဳင္ဘက္ လီဗာပူးလ္ကိုေျပာင္းေ႐ႊ႕သြားႏိုင္တယ္ဆိုတဲ့အထိ ေျပာရေလာက္ေအာင္

အဘြန္လေဟာ္ရဲ႕အေၾကာင္းျပခ်က္ကလည္း ျပင္းထန္ပါတယ္။ ေရာ္နယ္ဒိုဟာ မန္ယူသာမက သူ႔ရဲ႕ဘယ္အသင္းေဟာင္းကိုမွ သစၥာမရွိဘူးလို႔ စြပ္စြဲလိုက္တာပါ။ “ ေရာ္နယ္ဒိုဟာ ဒီေႏြေဈးကြက္မွာ

လီဗာပူးလ္ကို ေရာက္သြားႏိုင္ပါတယ္။ တကယ္လို႔ သူတတ္ႏိုင္ရင္ေပါ့။ လီဗာပူးလ္ဆိုတာ မန္ယူရဲ႕ၿပိဳင္ဘက္ႀကီးျဖစ္ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုရဲ႕အေၾကာင္းကရွိေနပါတယ္။

ခ်န္ပီယံလိဂ္ကစားဖို႔၊ သူ႔ရဲ႕စံခ်ိန္ေတြထပ္တိုးႏိုင္ဖို႔၊ ဆုဖလားေတြရဖို႔ဆိုရင္ ဘယ္ေနရာကိုပဲျဖစ္ျဖစ္ သူသြားမွာပါ။ ေရာ္နယ္ဒိုဟာ မန္ယူ၊ ရီးရဲလ္ ဒါမွမဟုတ္ ဂ်ဴဗင္တပ္ ဘယ္အသင္းကိုမွ

သစၥာရွိခဲ့တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး ” လို႔ အဘြန္လေဟာ္က talkSPORT ကို ေျပာသြားခဲ့တာပါ။ ေပၚတူဂီၾကယ္ပြင့္ရဲ႕ မန္ယူအနာဂတ္ကလည္း လက္ရွိအခ်ိန္ထိ မေရမရာျဖစ္ေနဆဲျဖစ္ပါတယ္။

မန္ခ်က္စတာကိုျပန္လာၿပီး အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးေနေပမယ့္ ညႇိမရတာေၾကာင့္ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သတင္းထြက္ေနပါတယ္။