သခင်ကြီးမန်ယူ ဘောင်းဘီမှားဝတ်ပြီး ယတြာချေခဲ့လေရော့သလား

မန်ချက်စတာယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပြီး ဒီရာသီမှာ သူတို့ ပြန်လာတော့မယ်ရယ်လို့ အသံပေးနေပါတယ်။

ဒါပေမဲ့ အခုလို တန်းဟတ်ရဲ့ဧရိယာမှာ မယုံနိုင်လောက်အောင် အပြောင်းအလဲဖြစ်နေခြင်းနောက်ကွယ်မှာ ထူးခြားမှုတစ်ခုကိုတော့ ပရိသတ်တွေ သတိပြုမိသွားခဲ့ကြပါတယ်။

တနည်းအားဖြင့် ပြိုင်ဘက်ပရိသတ်တွေအတွက် Troll စရာတစ်ခုဖြစ်လာခဲ့တာပါ။ ဘောင်းဘီမှားဝတ်ပြီး ယတြာချေခဲ့တာလား ဘာလားပေါ့။ မန်ယူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ

အိမ်ကွင်းအင်္ကျီကို အဝေးကွင်းဘောင်းဘီ၊ အဝေးကွင်းအင်္ကျီကို အိမ်ကွင်းဘောင်းဘီနဲ့ မှားယွင်းပြီး တွဲဖက်ဝတ်ဆင်ခဲ့တယ်လို့ Footy Headlines ဝက်ဘ်ဆိုက်က ဖေါ်ပြလိုက်တာပါ။

လီဗာပူးလ်၊ မဲလ်ဘုန်း၊ ပဲလေ့စ်တို့နဲ့ကစားခဲ့ရာမှာ မဲလ်ဘုန်းနဲ့တစ်ပွဲသာ ဝတ်စုံအတွဲမှန်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ ဝတ်ဆင်မယ့် မန်ယူရဲ့အိမ်ကွင်း/အဝေးကွင်းဝတ်စုံတွေကို

ဘောင်းဘီဘေးလိုင်းက အစင်းကြောင်း ၃ ခုနဲ့ခွဲခြားထားပါတယ်။ အိမ်ကွင်းမှာ Adidas ကိုယ်စားပြု အနက်ရောင် ၃ လိုင်း၊ အဝေးကွင်းမှာတော့ အနီ၊အဖြူ၊အနီ ၃ လိုင်းဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာ အိမ်ကွင်းအင်္ကျီနဲ့ အဝေးကွင်းဘောင်းဘီ၊ ပဲလေ့စ်နဲ့ပွဲမှာ အဝေးကွင်းအင်္ကျီနဲ့အိမ်ကွင်းဘောင်းဘီ မှားဝတ်သွားခဲ့တာပါ။

အခုလိုမှားယွင်းဝတ်ဆင်တာနဲ့ပတ်သက်ပြီး မန်ယူအသင်းက ထုတ်ဖော်ဖြေရှင်းတာမျိုးမရှိသေးပေမယ့် ဘောင်းဘီအားလုံး မယူခဲ့တာဖြစ်နိုင်တယ်လို့

သုံးသပ်ထားပါတယ်။ အသင်းရဲ့အွန်လိုင်းစတိုးတွေမှာတော့ အိမ်ကွင်းဘောင်းဘီတစ်မျိုးနဲ့ အဝေးကွင်းဘောင်းဘီ ၂ မျိုး ရောင်းချနေတာတွေ့ရပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနၿပီး ဒီရာသီမွာ သူတို႔ ျပန္လာေတာ့မယ္ရယ္လို႔ အသံေပးေနပါတယ္။ ဒါေပမဲ့ အခုလို တန္းဟတ္ရဲ႕ဧရိယာမွာ

မယုံႏိုင္ေလာက္ေအာင္ အေျပာင္းအလဲျဖစ္ေနျခင္းေနာက္ကြယ္မွာ ထူးျခားမႈတစ္ခုကိုေတာ့ ပရိသတ္ေတြ သတိျပဳမိသြားခဲ့ၾကပါတယ္။ တနည္းအားျဖင့္ ၿပိဳင္ဘက္ပရိသတ္ေတြအတြက္ Troll စရာတစ္ခုျဖစ္လာခဲ့တာပါ။

ေဘာင္းဘီမွားဝတ္ၿပီး ယၾတာေခ်ခဲ့တာလား ဘာလားေပါ့။ မန္ယူဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ အိမ္ကြင္းအက်ႌကို အေဝးကြင္းေဘာင္းဘီ၊ အေဝးကြင္းအက်ႌကို အိမ္ကြင္းေဘာင္းဘီနဲ႔ မွားယြင္းၿပီး

တြဲဖက္ဝတ္ဆင္ခဲ့တယ္လို႔ Footy Headlines ဝက္ဘ္ဆိုက္က ေဖၚျပလိုက္တာပါ။ လီဗာပူးလ္၊ မဲလ္ဘုန္း၊ ပဲေလ့စ္တို႔နဲ႔ကစားခဲ့ရာမွာ မဲလ္ဘုန္းနဲ႔တစ္ပြဲသာ ဝတ္စုံအတြဲမွန္ခဲ့ပါတယ္။

၂၀၂၂-၂၃ ရာသီမွာ ဝတ္ဆင္မယ့္ မန္ယူရဲ႕အိမ္ကြင္း/အေဝးကြင္းဝတ္စုံေတြကို ေဘာင္းဘီေဘးလိုင္းက အစင္းေၾကာင္း ၃ ခုနဲ႔ခြဲျခားထားပါတယ္။ အိမ္ကြင္းမွာ Adidas ကိုယ္စားျပဳ အနက္ေရာင္ ၃ လိုင္း၊

အေဝးကြင္းမွာေတာ့ အနီ၊အျဖဴ၊အနီ ၃ လိုင္းျဖစ္ပါတယ္။ ဒါေပမဲ့ လီဗာပူးလ္နဲ႔ပြဲမွာ အိမ္ကြင္းအက်ႌနဲ႔ အေဝးကြင္းေဘာင္းဘီ၊ ပဲေလ့စ္နဲ႔ပြဲမွာ အေဝးကြင္းအက်ႌနဲ႔အိမ္ကြင္းေဘာင္းဘီ မွားဝတ္သြားခဲ့တာပါ။

အခုလိုမွားယြင္းဝတ္ဆင္တာနဲ႔ပတ္သက္ၿပီး မန္ယူအသင္းက ထုတ္ေဖာ္ေျဖရွင္းတာမ်ိဳးမရွိေသးေပမယ့္ ေဘာင္းဘီအားလုံး မယူခဲ့တာျဖစ္ႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။ အသင္းရဲ႕အြန္လိုင္းစတိုးေတြမွာေတာ့ အိမ္ကြင္းေဘာင္းဘီတစ္မ်ိဳးနဲ႔ အေဝးကြင္းေဘာင္းဘီ ၂ မ်ိဳး ေရာင္းခ်ေနတာေတြ႕ရပါတယ္။