ဝှေးစေ့အကြိတ်ခွဲထားရတဲ့နောက် ကတုံးကြီးဖြစ်နေတဲ့ဟယ်လာ အကောင်းဆုံးဆုယူချိန်မှာ စိတ်မထိန်းနိုင်ခဲ့

ပြီးခဲ့တဲ့ရာသီအတွက် နယ်သာလန်ပရီးမီးယားလိဂ် အကောင်းဆုံးဆုပေးပွဲမှာ တိုက်စစ်မှူးဆီဘက်စတီယန် ဟယ်လာတစ်ယောက် မျက်ရည်တွေကျတဲ့အထိ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ

၂၀၂၁-၂၂ ရာသီအတွက် အကောင်းဆုံးတိုက်စစ်မှူးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ အေဂျက်ဇ်အတွက် ၂၁ ဂိုးသွင်းပြီး လိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တာပါ။

တနည်းအားဖြင့် အိုပန်ဒါ၊ ဝုဖ်စဝင်ကယ်လ်နဲ့ ပက်ဗ်လီဒစ်တို့လိုကြယ်ပွင့်တွေကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟယ်လာဟာ အစဉ်အလာကြီးမားတဲ့ Willy van der Kuijlen ဆုကို ကိုင်မြှောက်ခွင့်ရခဲ့တာပါ။

နယ်သာလန်ကို ဆုယူဖို့ပြန်လာရတာကြောင့် အေဂျက်ဇ်ကိုသတိရပြီး ဝမ်းနည်းတာဖြစ်နိုင်သလို သူ့ရဲ့လက်ရှိအနေအထားကြောင့်လည်း စိတ်မကောင်းဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ စင်မြင့်ပေါ်မှာ ကျေးဇူးတင်စကားပြောနေတုန်း

ဟယ်လာတစ်ယောက် မျက်ရည်တွေမထိန်းနိုင်ခဲ့သလို ပရိသတ်ထဲက ဇနီးသည်ပရစ်ဆီလာလည်း ဝမ်းနည်းမှုတွေကူးစက်သွားခဲ့ရတာပါ။ ဟယ်လာပုံစံဟာ အရင်လို ကွေးကွေးကောက်ကောက်ဆံပင်တွေနဲ့ တက်ကြွမှုမရှိတော့ဘဲ

ကတုံးကြီးဖြစ်နေပါပြီ။ သူဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဒေါ့တ်မန်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ်အနည်းငယ်အကြာမှာတင် လေ့ကျင့်ရေးမှာ နေမကောင်းတာကြောင့် စစ်ဆေးကြည့်ချိန်မှာ ဝှေးစေ့အကြိတ်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဆွစ်ဇာလန်မှာ ရာသီကြိုလေ့ကျင့်နေတဲ့ အသင်းနဲ့ခွဲခွာခဲ့ရပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။ လက်ရှိအချိန်မှာ နေလို့ကောင်းနေပြီဆိုတဲ့အကြောင်း ESPNNL သတင်းဌာနနဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့ပေမယ့် ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ရာသီအတြက္ နယ္သာလန္ပရီးမီးယားလိဂ္ အေကာင္းဆုံးဆုေပးပြဲမွာ တိုက္စစ္မႉးဆီဘက္စတီယန္ ဟယ္လာတစ္ေယာက္ မ်က္ရည္ေတြက်တဲ့အထိ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားဟာ

၂၀၂၁-၂၂ ရာသီအတြက္ အေကာင္းဆုံးတိုက္စစ္မႉးဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာ ေအဂ်က္ဇ္အတြက္ ၂၁ ဂိုးသြင္းၿပီး လိဂ္ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးႏိုင္ခဲ့တာပါ။ တနည္းအားျဖင့္ အိုပန္ဒါ၊ ဝုဖ္စဝင္ကယ္လ္နဲ႔

ပက္ဗ္လီဒစ္တို႔လိုၾကယ္ပြင့္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဟယ္လာဟာ အစဥ္အလာႀကီးမားတဲ့ Willy van der Kuijlen ဆုကို ကိုင္ေျမႇာက္ခြင့္ရခဲ့တာပါ။ နယ္သာလန္ကို ဆုယူဖို႔ျပန္လာရတာေၾကာင့္

ေအဂ်က္ဇ္ကိုသတိရၿပီး ဝမ္းနည္းတာျဖစ္ႏိုင္သလို သူ႔ရဲ႕လက္ရွိအေနအထားေၾကာင့္လည္း စိတ္မေကာင္းျဖစ္သြားတာ ျဖစ္ႏိုင္ပါတယ္။ စင္ျမင့္ေပၚမွာ ေက်းဇူးတင္စကားေျပာေနတုန္း ဟယ္လာတစ္ေယာက္ မ်က္ရည္ေတြမထိန္းႏိုင္ခဲ့သလို

ပရိသတ္ထဲက ဇနီးသည္ပရစ္ဆီလာလည္း ဝမ္းနည္းမႈေတြကူးစက္သြားခဲ့ရတာပါ။ ဟယ္လာပုံစံဟာ အရင္လို ေကြးေကြးေကာက္ေကာက္ဆံပင္ေတြနဲ႔ တက္ႂကြမႈမရွိေတာ့ဘဲ ကတုံးႀကီးျဖစ္ေနပါၿပီ။

သူဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာ ေဒါ့တ္မန္နဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမဲ့ သီတင္းပတ္အနည္းငယ္အၾကာမွာတင္ ေလ့က်င့္ေရးမွာ ေနမေကာင္းတာေၾကာင့္ စစ္ေဆးၾကည့္ခ်ိန္မွာ ေဝွးေစ့အႀကိတ္ရွိေနတာကို ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ ဆြစ္ဇာလန္မွာ ရာသီႀကိဳေလ့က်င့္ေနတဲ့ အသင္းနဲ႔ခြဲခြာခဲ့ရၿပီး ခြဲစိတ္ကုသမႈခံယူခဲ့ရတာပါ။ လက္ရွိအခ်ိန္မွာ ေနလို႔ေကာင္းေနၿပီဆိုတဲ့အေၾကာင္း ESPNNL သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့ေပမယ့္ ပုံမွန္ျပန္ျဖစ္ဖို႔ အခ်ိန္ယူရဦးမွာျဖစ္ပါတယ္။