ဝှစ်ချ်နယ်ဒန် ဒဏ်ရာရသွားတာနဲ့ပတ်သက်ပြီး ဘူမသိကိုးမသိပြောနေသူတွေကို မော်ရင်ညို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်လိုက်

ပီအက်စ်ဂျီကနေ အငှားနဲ့ခေါ်ထားတဲ့ ကွင်းလယ်လူဝှစ်ချ်နယ်ဒန် ဒဏ်ရာရသွားတာဟာ လူငယ်ကစားသမားလေး အဖီနာဂျီယန်ကြောင့်ဆိုတဲ့ စွပ်စွဲမှုတွေကို ရိုးမားနည်းပြမော်ရင်ညိုက ဒေါသတကြီးတုံ့ပြန်လာခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် နယ်သာလန်ကွင်းလယ်လူဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကမှ ရောမကိုရောက်လာခဲ့တာပါ။ ဆာလာနီတာနာနဲ့ပွဲမှာ ရိုးမားအတွက် ပထမဆုံးအကြိမ်ကစားပေးခဲ့ပေမယ့် လေ့ကျင့်ကွင်းမှာ

ခြေသလုံးရိုးကျိုးသွားခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်ပါတယ်။ ညာဘက်ခြေထောက် ညို့သကျည်းရိုးကျိုးသွားခဲ့တာလို့ ရိုးမားအသင်းက အတည်ပြုခဲ့သလို ကမ္ဘာ့ဖလားနဲ့လွဲနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

အခုလို ဝှစ်ချ်နယ်ဒန် ဆိုးဆိုးရွားရွားဖြစ်သွားတာဟာ အသက် ၁၉ နှစ်အရွယ်ကစားသမား အဖီနာဂျီယန်ရဲ့မဆင်မချင် ကစားမှုကြောင့်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ မော်ရင်ညိုကတော့ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး

ဒီသတင်းကို အစပြုခဲ့သူတွေကို အမှိုက်သရိုက်တွေလို့ တုံ့ပြန်သွားခဲ့တာပါ။ “ တစ်ခါတရံမှာ ဘောလုံးဟာ ဒီလို ေ_ာက်တလွဲတွေ ဖြစ်တတ်ပါတယ်။ ဂီနီရဲ့အရည်အချင်းကို ကျွန်တော်တို့ သိတယ်။

ဒါကြောင့် ကျွန်တော်တို့အသင်းသား ဖြစ်လာတယ်။ ဝမ်းနည်းစရာကောင်းတာက အကြာကြီးမကစားရသေးခင်မှာပဲ ကံဆိုးတဲ့မတော်တဆမှုကြောင့် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါက ဘောလုံးမှာမှ မဟုတ်ပါဘူး။ လူတွေမှာလည်း ဖြစ်တတ်တာပါ။

ဂျီယန်လို ထူးချွန်တဲ့ကလေးတစ်ယောက်က ဒီဖြစ်ရပ်အတွက် တာဝန်ယူရမယ်ဆိုတဲ့ ကောလာဟလကို စတင်ခဲ့သူတွေဟာ တကယ့်ကို ဆန်ကုန်မြေလေးတွေပါပဲ။ ကျွန်တော်တို့အားလုံး ဒီညမှာ အတူရှိကြရအောင်ပါ ” လို့ ပေါ်တူဂီသားနည်းပြက ရေးသားထားပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီကေန အငွားနဲ႔ေခၚထားတဲ့ ကြင္းလယ္လူဝွစ္ခ်္နယ္ဒန္ ဒဏ္ရာရသြားတာဟာ လူငယ္ကစားသမားေလး အဖီနာဂ်ီယန္ေၾကာင့္ဆိုတဲ့ စြပ္စြဲမႈေတြကို ႐ိုးမားနည္းျပေမာ္ရင္ညိဳက ေဒါသတႀကီးတုံ႔ျပန္လာခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ နယ္သာလန္ကြင္းလယ္လူဟာ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္ေလာက္ကမွ ေရာမကိုေရာက္လာခဲ့တာပါ။ ဆာလာနီတာနာနဲ႔ပြဲမွာ ႐ိုးမားအတြက္ ပထမဆုံးအႀကိမ္ကစားေပးခဲ့ေပမယ့္ ေလ့က်င့္ကြင္းမွာ

ေျခသလုံး႐ိုးက်ိဳးသြားခဲ့တာေၾကာင့္ ကာလရွည္အနားယူရေတာ့မွာျဖစ္ပါတယ္။ ညာဘက္ေျခေထာက္ ညိဳ႕သက်ည္း႐ိုးက်ိဳးသြားခဲ့တာလို႔ ႐ိုးမားအသင္းက အတည္ျပဳခဲ့သလို ကမာၻ႔ဖလားနဲ႔လြဲႏိုင္တယ္လို႔လည္း

သတင္းေတြထြက္ေနပါတယ္။ အခုလို ဝွစ္ခ်္နယ္ဒန္ ဆိုးဆိုး႐ြား႐ြားျဖစ္သြားတာဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမား အဖီနာဂ်ီယန္ရဲ႕မဆင္မခ်င္ ကစားမႈေၾကာင့္ဆိုတဲ့ စြပ္စြဲမႈေတြလည္း ထြက္ေပၚေနပါတယ္။

ေမာ္ရင္ညိဳကေတာ့ အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး ဒီသတင္းကို အစျပဳခဲ့သူေတြကို အမႈိက္သ႐ိုက္ေတြလို႔ တုံ႔ျပန္သြားခဲ့တာပါ။ “ တစ္ခါတရံမွာ ေဘာလုံးဟာ ဒီလို ေ_ာက္တလြဲေတြ ျဖစ္တတ္ပါတယ္။ ဂီနီရဲ႕အရည္အခ်င္းကို ကြၽန္ေတာ္တို႔ သိတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔အသင္းသား ျဖစ္လာတယ္။ ဝမ္းနည္းစရာေကာင္းတာက အၾကာႀကီးမကစားရေသးခင္မွာပဲ ကံဆိုးတဲ့မေတာ္တဆမႈေၾကာင့္ ဒဏ္ရာရသြားခဲ့ပါတယ္။ ဒါက ေဘာလုံးမွာမွ မဟုတ္ပါဘူး။

လူေတြမွာလည္း ျဖစ္တတ္တာပါ။ ဂ်ီယန္လို ထူးခြၽန္တဲ့ကေလးတစ္ေယာက္က ဒီျဖစ္ရပ္အတြက္ တာဝန္ယူရမယ္ဆိုတဲ့ ေကာလာဟလကို စတင္ခဲ့သူေတြဟာ တကယ့္ကို ဆန္ကုန္ေျမေလးေတြပါပဲ။ ကြၽန္ေတာ္တို႔အားလုံး ဒီညမွာ အတူရွိၾကရေအာင္ပါ ” လို႔ ေပၚတူဂီသားနည္းျပက ေရးသားထားပါတယ္။