ဝံပုလွေများနှင့်ကခုန်ခြင်းမှာ အသည်းထိတ်ခဲ့ရတဲ့ လူကြမ်းကြီး ဒီယေဂိုကော်စတာ

လူကြမ်းကြီးလည်း လူပါပဲဗျာလို့ ဖွင့်ဟဝန်ခံလာသူကတော့ ဒီယေဂိုကော်စတာပါ။ အက်သလက်တီကိုနဲ့ ချဲလ်ဆီးမှာ သူ့ရဲ့ကြမ်းကြမ်းတမ်းတမ်းကစားပုံတွေကို ရင်းနှီးပြီးသားပရိသတ်တွေကတော့ ဘယ်လိုဖြစ်ရတာလဲလို့

တွေးချင်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ကော်စတာရဲ့အဖြစ်က တကယ့်ကို ရယ်အားထက် ငိုအားသန်စရာပါ။ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ခြေချလာတော့မယ့် ဘရာဇီးလ်နွယ်ဖွား စပိန်တိုက်စစ်မှူးဟာ

သူ့ရဲ့အသင်းသစ်ဝုဗ်နဲ့ မိတ်ဆက်ကြော်ငြာရိုက်ခဲ့ပါတယ်။ ခက်တာက ဝံပုလွေများလို့ နာမည်ပြောင်တွင်တဲ့ဝုဗ်ဟာ ကော်စတာကို တကယ့်ဝံပုလွေတွေနဲ့အတူ ဗွီဒီယိုရိုက်ကူးခဲ့တာပါပဲ။ ဝံပုလွေ ၃ ကောင်ကိုချည်ထားတဲ့

ချိန်းကြိုးတွေကို မာန်နဲ့ထန်နဲ့ဆွဲထားတဲ့ ကော်စတာကိုကြည့်ရတာ ဟာကျူလီဇာတ်ကားထဲက မင်းသားဒွိန်းဂျွန်ဆင်စတိုင်ပေါ့။ တကယ်လည်း အဲဒီဂိုက်ဖမ်းခဲ့တာပါပဲ။ ကော်စတာရဲ့မိတ်ဆက်ဗွီဒီယို ပေါက်ခဲ့ပါတယ်။

တွစ်တာမှာတင် ပရိသတ် ၅ သန်းခွဲလောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ရိုက်ကွင်းမှာ ဘယ်လောက်ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရသလဲဆိုတာ ကော်စတာကိုယ်တိုင်ပြောမှ သိခဲ့ကြရတာပါ။

“ ကျွန်တော့်ကိုခုန်အုပ်ဖို့ ဒီကောင်တွေ တွေးနေမလားလို့ လန့်လိုက်ရတာဗျာ။ ကျွန်တော့်မှာ ဒီအရွယ် ခွေး ၅ ကောင်တောင်ရှိတာပါ။ ဒါပေမဲ့ အခုဟာက ခွေးတွေမှ မဟုတ်တာဗျာ။ ဒီကောင်တွေကိုလေ့ကျင့်ပေးတဲ့အမျိုးသမီးက

သဘာဝကျအောင် နည်းနည်းလှုပ်ဖို့ခိုင်းတာတောင် ငြိမ်နေခဲ့တာ။ စိတ်မသက်သာစရာပါဗျာ။ သေချင်စော်တောင်နံသွားခဲ့တာ ” လို့ စပိန်တိုက်စစ်မှူးက ဖွင့်ဟလိုက်တာပါ။

(zawgyi)

လူၾကမ္းႀကီးလည္း လူပါပဲဗ်ာလို႔ ဖြင့္ဟဝန္ခံလာသူကေတာ့ ဒီေယဂိုေကာ္စတာပါ။ အက္သလက္တီကိုနဲ႔ ခ်ဲလ္ဆီးမွာ သူ႔ရဲ႕ၾကမ္းၾကမ္းတမ္းတမ္းကစားပုံေတြကို ရင္းႏွီးၿပီးသားပရိသတ္ေတြကေတာ့ ဘယ္လိုျဖစ္ရတာလဲလို႔

ေတြးခ်င္စရာေကာင္းေနပါလိမ့္မယ္။ ဒါေပမဲ့ ေကာ္စတာရဲ႕အျဖစ္က တကယ့္ကို ရယ္အားထက္ ငိုအားသန္စရာပါ။ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ေျခခ်လာေတာ့မယ့္ ဘရာဇီးလ္ႏြယ္ဖြား စပိန္တိုက္စစ္မႉးဟာ

သူ႔ရဲ႕အသင္းသစ္ဝုဗ္နဲ႔ မိတ္ဆက္ေၾကာ္ျငာ႐ိုက္ခဲ့ပါတယ္။ ခက္တာက ဝံပုေလြမ်ားလို႔ နာမည္ေျပာင္တြင္တဲ့ဝုဗ္ဟာ ေကာ္စတာကို တကယ့္ဝံပုေလြေတြနဲ႔အတူ ဗြီဒီယို႐ိုက္ကူးခဲ့တာပါပဲ။

ဝံပုေလြ ၃ ေကာင္ကိုခ်ည္ထားတဲ့ ခ်ိန္းႀကိဳးေတြကို မာန္နဲ႔ထန္နဲ႔ဆြဲထားတဲ့ ေကာ္စတာကိုၾကည့္ရတာ ဟာက်ဴလီဇာတ္ကားထဲက မင္းသားဒြိန္းဂြၽန္ဆင္စတိုင္ေပါ့။ တကယ္လည္း အဲဒီဂိုက္ဖမ္းခဲ့တာပါပဲ။

ေကာ္စတာရဲ႕မိတ္ဆက္ဗြီဒီယို ေပါက္ခဲ့ပါတယ္။ တြစ္တာမွာတင္ ပရိသတ္ ၅ သန္းခြဲေလာက္ ၾကည့္ရႈအားေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ ႐ိုက္ကြင္းမွာ ဘယ္ေလာက္ရင္တုန္ပန္းတုန္ျဖစ္ခဲ့ရသလဲဆိုတာ  ေကာ္စတာကိုယ္တိုင္ေျပာမွ သိခဲ့ၾကရတာပါ။

“ ကြၽန္ေတာ့္ကိုခုန္အုပ္ဖို႔ ဒီေကာင္ေတြ ေတြးေနမလားလို႔ လန႔္လိုက္ရတာဗ်ာ။ ကြၽန္ေတာ့္မွာ ဒီအ႐ြယ္ ေခြး ၅ ေကာင္ေတာင္ရွိတာပါ။ ဒါေပမဲ့ အခုဟာက ေခြးေတြမွ မဟုတ္တာဗ်ာ။

ဒီေကာင္ေတြကိုေလ့က်င့္ေပးတဲ့အမ်ိဳးသမီးက သဘာဝက်ေအာင္ နည္းနည္းလႈပ္ဖို႔ခိုင္းတာေတာင္ ၿငိမ္ေနခဲ့တာ။ စိတ္မသက္သာစရာပါဗ်ာ။ ေသခ်င္ေစာ္ေတာင္နံသြားခဲ့တာ ” လို႔ စပိန္တိုက္စစ္မႉးက ဖြင့္ဟလိုက္တာပါ။