ဝုလ်ဗ်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အကြောင်းကို ရပ်ရှ်ဖို့ဒ် ရှင်းလင်း

ဝုလ်ဗ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်

တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တစ်ယောက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့
အကြောင်းရင်းမှန် ထွက်ပေါ်လာပြီဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းမှာ ဂါနာချို၊ မာစီယဲလ်၊ အန်တိုနီတို့ ပါဝင်ခဲ့ပြီး
ရပ်ဖို့ဒ်ဟာ ဒုတိယပိုင်းအစမှ ဂါနာချိုအစား လူစားဝင်ကစားခဲ့ရသလို (၇၆)မိနစ်မှာ
အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ကို ဘာဖြစ်လို့ မသုံးတာလဲလို့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပြီး
နည်းပြအဲရစ်တန်ဟက်ကလည်း အသင်းတွင်းစည်းကမ်းပိုင်းဆိုင်ရာ ကိစ္စကြောင့်
ရပ်ရှ်ဖို့ဒ်ကို ပွဲထွက်မသုံးတာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပေမယ့် ဘာပြဿနာလဲဆိုတာတော့
မရှင်းခဲ့ပါဘူး။

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ကတော့ ပွဲအပြီး အင်တာဗျူးမှာ ဝုလ်ဗ်နဲ့ပွဲအတွက် ပွဲထွက်လူ
စာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အကြောင်းကို အသိပေးပြောဆိုခဲ့သလို သူ

အိပ်ပုပ်ကြီးနေတဲ့အတွက် အသင်းရဲ့ ပွဲကြိုအစည်းအဝေးကို နောက်ကျပြီးမှ
ရောက်လာလို့ အပြစ်ပေးခံရတာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်က “ကျွန်တော် အအိပ်မက်နေတာကြောင့် အသင်းရဲ့ ပွဲကြိုအစည်းအဝေးကို
နောက်ကျပြီးမှ ရောက်သွားခဲ့ပါတယ်။ ဒီလိုအမှားမျိုးက ဖြစ်တတ်တယ်ဆိုပေမယ့်
အသင်းရဲ့စည်းကမ်းက စည်းကမ်းပါပဲ။

ပွဲထွက်ကစားခွင့် မရလို့ စိတ်ပျက်မိပေမယ့် နည်းပြရဲ့ဆုံးဖြတ်ချက်ကို နားလည်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဝုလ်ဗ်နဲ့ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဝမ်းမြောက်မိပြီး ကျွန်တော့်ကိစ္စက
ဘာမှအရေးမကြီးတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။

[Zawgyi]

ဝုလ္ဗ္အသင္းကို အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္
တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့
အေၾကာင္းရင္းမွန္ ထြက္ေပၚလာၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ ပြဲထြက္လူစာရင္းမွာ ဂါနာခ်ိဳ၊ မာစီယဲလ္၊ အန္တိုနီတို႔ ပါဝင္ခဲ့ၿပီး
ရပ္ဖို႔ဒ္ဟာ ဒုတိယပိုင္းအစမွ ဂါနာခ်ိဳအစား လူစားဝင္ကစားခဲ့ရသလို (၇၆)မိနစ္မွာ

အသင္းအတြက္ အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ကို ဘာျဖစ္လို႔ မသုံးတာလဲလို႔ ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကၿပီး

နည္းျပအဲရစ္တန္ဟက္ကလည္း အသင္းတြင္းစည္းကမ္းပိုင္းဆိုင္ရာ ကိစၥေၾကာင့္
ရပ္ရွ္ဖို႔ဒ္ကို ပြဲထြက္မသုံးတာျဖစ္တယ္လို႔ ေျဖရွင္းခဲ့ေပမယ့္ ဘာျပႆနာလဲဆိုတာေတာ့
မရွင္းခဲ့ပါဘူး။

ဒါေပမဲ့ ရပ္ရွ္ဖို႔ဒ္ကေတာ့ ပြဲအၿပီး အင္တာဗ်ဴးမွာ ဝုလ္ဗ္နဲ႔ပြဲအတြက္ ပြဲထြက္လူ
စာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့အေၾကာင္းကို အသိေပးေျပာဆိုခဲ့သလို သူ
အိပ္ပုပ္ႀကီးေနတဲ့အတြက္ အသင္းရဲ႕ ပြဲႀကိဳအစည္းအေဝးကို ေနာက္က်ၿပီးမွ
ေရာက္လာလို႔ အျပစ္ေပးခံရတာျဖစ္တယ္ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္က “ကြၽန္ေတာ္ အအိပ္မက္ေနတာေၾကာင့္ အသင္းရဲ႕ ပြဲႀကိဳအစည္းအေဝးကို
ေနာက္က်ၿပီးမွ ေရာက္သြားခဲ့ပါတယ္။ ဒီလိုအမွားမ်ိဳးက ျဖစ္တတ္တယ္ဆိုေပမယ့္

အသင္းရဲ႕စည္းကမ္းက စည္းကမ္းပါပဲ။

ပြဲထြက္ကစားခြင့္ မရလို႔ စိတ္ပ်က္မိေပမယ့္ နည္းျပရဲ႕ဆုံးျဖတ္ခ်က္ကို နားလည္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဝုလ္ဗ္နဲ႔ပြဲမွာ အႏိုင္ရခဲ့တဲ့အတြက္ ဝမ္းေျမာက္မိၿပီး ကြၽန္ေတာ့္ကိစၥက
ဘာမွအေရးမႀကီးေတာ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။