
ဒါဘီအသင်းနည်းပြ ဝိန်းရူနီ ကိုကူညီပေးချင်တဲ့အတွက် အသင်းကို
ဝယ်ယူလိုတယ်လို့ နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့
ဂျော့ကလူနီ ကပြောလိုက်ပါတယ်။ သူသာဒါဘီကိုဝယ်ယူခဲ့မယ်ဆိုရင်
အင်္ဂလန်မှာ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကိုဝယ်ယူပြီးနောက်ပိုင်း
အလှုပ်ခတ်ဆုံးသောဝယ်ယူမှုတစ်ခုဖြစ်လာမှာပါ။
ဒါဘီအသင်းကိုအားပေးတဲ့သူလည်းဖြစ်တဲ့ ကလူနီ ဟာလုပ်ငန်းရှင်
အဖွဲ့တစ်ခုကိုသူဦးဆောင်ပြီး ဒါဘီကိုကယ်တင်ဖို့ကြိုးစားလိုနေတာပါ။
နာမည်ကျော် Ocean’s 11 ရဲ့သရုပ်ဆောင်ဖြစ်တဲ့ ကလူနီ ဟာ
အသက် ၆၀ ရှိပြီဖြစ်ပြီး ဒါဘီဒေသသားဖြစ်တဲ့သရုပ်ဆောင်
ဂျက်အိုကွန်နဲလ်က အသင်းနဲ့မိတ်ဆက်ပေးပြီးတဲ့နောက်
ဒါဘီပရိသတ်တစ်ဦးဖြစ်လာတဲ့သူပါ။ ၂၀၂၀ က မာလာဂါအသင်းကို
ဝယ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ကလူနီ ကဒါဘီကိုဝယ်ယူပြီး
ရူနီကိုကူညီပေးဖို့သူတကယ်ဆန္ဒရှိနေတာပါလို့ ဆိုပါတယ်။
သူက”ဒါဘီအသင်းဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်ခုဖြစ်ပြီး
တောက်ပတဲ့သမိုင်းကြောင်းလည်းရှိခဲ့လို့ သူတို့အနာဂတ်လည်း
ကြီးကျယ်ခမ်းနားမှာသေချာပါတယ်။ မကြာသေးခင်က အဲဒီအသင်းမှာ
ပြဿနာတွေအများကြီးရှိခဲ့တာကိုလည်း ကျွန်တော်သိပါတယ်။
ဒါတွေကိုမဖြေရှင်းနိုင်သေးပေမဘ့် ဒါဘီဟာ ကောင်းစွာ
လုပ်ဆောင်နိုင်သလို ကစားတာလည်းကောင်းနေပါတယ်။
ကစားသမားတွေကကွင်းထဲမှာအားထုတ်နေကြသလို ပရိသတ်တွေကလည်း
သူတို့အလုပ်ကိုသူတို့လုပ်နေကြပါတယ်။ ဘောလုံးအပေါ်ကျွန်တော့်ရဲ့
စိတ်ဝင်စားမှုကအရင်နှစ်တွေမှာကြီးထွားလာခဲ့ပြီး စပိန်ကမာလာဂါ
အသင်းကိုလည်း ဝယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဘောလုံးကလပ်တစ်ခုကိုပိုင်ဆိုင်ရေးက ကျွန်တော့်အတွက်နောက်ထပ်
အကောင်းဆုံးသောအရာတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ပြောသွားပါတယ်။
ဘဏ္ဍာရေးပြဿနာကြုံခဲ့တဲ့ ဒါဘီအသင်းဟာ အုပ်ချုပ်မှုပိုင်းအပြောင်းအလဲ
ခံယူထားရတာ ၆ လရှိနေပြီဖြစ်ပြီး ပိုင်ရှင်သစ်တစ်ဦးကိုအလျင်အမြန်ရရှိဖို့လည်း
မျှော်လင့်နေပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ထဲမှာ
ကစားသမားကောင်းအချို့ထွက်သွားလို့ အသင်းအတွက်တကယ့်ကို
ကြောက်မက်ဖွယ်ရာအခြေအနေဖြစ်နေရတယ်လို့နည်းပြ ရူနီက ပြောခဲ့ပါသေးတယ်။
zawgyi
ဝိန္း႐ူနီကိုကူညီဖို႔ ဒါဘီကိုဝယ္မယ့္ ေဟာလိဝုဒ္နာမည္ေက်ာ္
ဒါဘီအသင္းနည္းျပ ဝိန္း႐ူနီ ကိုကူညီေပးခ်င္တဲ့အတြက္ အသင္းကို
ဝယ္ယူလိုတယ္လို႔ နာမည္ေက်ာ္ေဟာလိဝုဒ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့
ေဂ်ာ့ကလူနီ ကေျပာလိုက္ပါတယ္။ သူသာဒါဘီကိုဝယ္ယူခဲ့မယ္ဆိုရင္
အဂၤလန္မွာ ေအဘရာမိုဗစ္ခ်္က ခ်ဲလ္ဆီးကိုဝယ္ယူၿပီးေနာက္ပိုင္း
အလႈပ္ခတ္ဆုံးေသာဝယ္ယူမႈတစ္ခုျဖစ္လာမွာပါ။
ဒါဘီအသင္းကိုအားေပးတဲ့သူလည္းျဖစ္တဲ့ ကလူနီ ဟာလုပ္ငန္းရွင္
အဖြဲ႕တစ္ခုကိုသူဦးေဆာင္ၿပီး ဒါဘီကိုကယ္တင္ဖို႔ႀကိဳးစားလိုေနတာပါ။
နာမည္ေက်ာ္ Ocean’s 11 ရဲ႕သ႐ုပ္ေဆာင္ျဖစ္တဲ့ ကလူနီ ဟာ
အသက္ ၆၀ ရွိၿပီျဖစ္ၿပီး ဒါဘီေဒသသားျဖစ္တဲ့သ႐ုပ္ေဆာင္
ဂ်က္အိုကြန္နဲလ္က အသင္းနဲ႔မိတ္ဆက္ေပးၿပီးတဲ့ေနာက္
ဒါဘီပရိသတ္တစ္ဦးျဖစ္လာတဲ့သူပါ။ ၂၀၂၀ က မာလာဂါအသင္းကို
ဝယ္ယူဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ကလူနီ ကဒါဘီကိုဝယ္ယူၿပီး
႐ူနီကိုကူညီေပးဖို႔သူတကယ္ဆႏၵရွိေနတာပါလို႔ ဆိုပါတယ္။
သူက”ဒါဘီအသင္းဟာ ႀကီးက်ယ္ခမ္းနားတဲ့အသင္းတစ္ခုျဖစ္ၿပီး
ေတာက္ပတဲ့သမိုင္းေၾကာင္းလည္းရွိခဲ့လို႔ သူတို႔အနာဂတ္လည္း
ႀကီးက်ယ္ခမ္းနားမွာေသခ်ာပါတယ္။ မၾကာေသးခင္က အဲဒီအသင္းမွာ
ျပႆနာေတြအမ်ားႀကီးရွိခဲ့တာကိုလည္း ကြၽန္ေတာ္သိပါတယ္။
ဒါေတြကိုမေျဖရွင္းႏိုင္ေသးေပမဘ့္ ဒါဘီဟာ ေကာင္းစြာ
လုပ္ေဆာင္ႏိုင္သလို ကစားတာလည္းေကာင္းေနပါတယ္။
ကစားသမားေတြကကြင္းထဲမွာအားထုတ္ေနၾကသလို ပရိသတ္ေတြကလည္း
သူတို႔အလုပ္ကိုသူတို႔လုပ္ေနၾကပါတယ္။ ေဘာလုံးအေပၚကြၽန္ေတာ့္ရဲ႕
စိတ္ဝင္စားမႈကအရင္ႏွစ္ေတြမွာႀကီးထြားလာခဲ့ၿပီး စပိန္ကမာလာဂါ
အသင္းကိုလည္း ဝယ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။
ေဘာလုံးကလပ္တစ္ခုကိုပိုင္ဆိုင္ေရးက ကြၽန္ေတာ့္အတြက္ေနာက္ထပ္
အေကာင္းဆုံးေသာအရာတစ္ခုျဖစ္လာပါလိမ့္မယ္” လို႔ေျပာသြားပါတယ္။
ဘ႑ာေရးျပႆနာႀကဳံခဲ့တဲ့ ဒါဘီအသင္းဟာ အုပ္ခ်ဳပ္မႈပိုင္းအေျပာင္းအလဲ
ခံယူထားရတာ ၆ လရွိေနၿပီျဖစ္ၿပီး ပိုင္ရွင္သစ္တစ္ဦးကိုအလ်င္အျမန္ရရွိဖို႔လည္း
ေမွ်ာ္လင့္ေနပါတယ္။ သူတို႔ရဲ႕လက္ရွိအေျခအေနေၾကာင့္ ၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္ထဲမွာ
ကစားသမားေကာင္းအခ်ိဳ႕ထြက္သြားလို႔ အသင္းအတြက္တကယ့္ကို
ေၾကာက္မက္ဖြယ္ရာအေျခအေနျဖစ္ေနရတယ္လို႔နည္းျပ ႐ူနီက ေျပာခဲ့ပါေသးတယ္။
Leave a Reply