





ရော်နယ်ဒိုက သူ့ကို ဝေဖန်ပြောဆိုနေခဲ့တဲ့ အသင်းဖော်ဟောင်း ရွန်းနီအပါအဝင်
ကာရေဂါကိုပါ အင်စတာဂရမ်ပေါ်ကတစ်ဆင့် တုံ့ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။





ရော်နယ်ဒို ပြန်လာတာက ယူနိုက်တက်အတွက် အလုပ်ဖြစ်ခဲ့လားလို့ မေးမြန်းခံခဲ့ရတုန်းက
ရွန်းနီက “အခုချိန်မှာတော့ အလုပ်မဖြစ်ဘူးလို့ ပြောရမယ်။ သူက ဂိုးတွေသွင်းခဲ့တယ်။
ဒီရာသီ အစောပိုင်း ချန်ပီယံလိဂ်မှာ အရေးပါတဲ့ဂိုးတွေ သွင်းခဲ့ပြီး





စပါးနဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တယ်။ ရော်နယ်ဒိုက အသက် ၂၀ ကျော်တုန်းကလိုမျိုး
မဟုတ်တော့ပါဘူး။ သူက ဂိုးပေါက် ခြိမ်းခြောက်နိုင်သူ ဆိုပေမယ့်





လက်ကျန်ပွဲတွေမှာ ငယ်ရွယ်တဲ့၊ စိတ်ဓာတ်ပြင်းထန်တဲ့ ကစားသမားတွေကို
ပိုပြီး လိုအပ်ပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။ လီဗာပူး ဂန္တဝင်ဟောင်း
ကာရေဂါကလည်း စကိုင်းစပေါ့သတင်းဌာနရဲ့ ပင်တိုင် ရုပ်သံဝေဖန်





သုံးသပ်သူတစ်ယောက်ဖြစ်ပြီး ဒီရာသီတလျှောက်လုံး ရော်နယ်ဒိုနဲ့ ပတ်သက်လို့
အမြဲတမ်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူတာက





ယူနိုက်တက်တို့ အလုပ်ဖြစ်မှာမဟုတ်ကြောင်း၊ ရာသီကုန်မှာ ရော်နယ်ဒိုကို
ရောင်းထုတ်သင့်ကြောင်း အစရှိသဖြင့် ဝေဖန်လာခဲ့တာပါ။
ရော်နယ်ဒိုဟာ ရွန်းနီရဲ့ မှတ်ချက်စကားတွေကို ကြားခဲ့ပုံရပါတယ်။





စကိုင်းစပေါ့မှာ ကာရေဂါနဲ့ သုံးသပ်မှုတစ်ခု ပြုလုပ်အပြီး အတူရိုက်ထားတဲ့ ပုံကို
တင်ခဲ့တဲ့ သူ့အသင်းဖော်ဟောင်းရဲ့ အင်စတာဂရမ် ပို့စ်အောက်မှာ





“မနာလိုနေတဲ့ နှစ်ယောက်”ဆိုပြီး ရော်နယ်ဒိုက မှတ်ချက်ပေးခဲ့ပါတယ်။
ရော်နယ်ဒို စိတ်ဆိုးပြီး အတည်မန့်တာလား။ ဘယ်လောက် ဝေဖန်ပါစေ
အေးဆေးပဲဆိုတဲ့ သဘောနဲ့ ပြန်နောက်ထားတာလား။





zawgyi
ဝိန္းနဲ႔ ကာေရဂါကို ေရာ္နယ္ဒို စိတ္ဆိုးသြားၿပီလား . . .





ေရာ္နယ္ဒိုက သူ႔ကို ေဝဖန္ေျပာဆိုေနခဲ့တဲ့ အသင္းေဖာ္ေဟာင္း ႐ြန္းနီအပါအဝင္
ကာေရဂါကိုပါ အင္စတာဂရမ္ေပၚကတစ္ဆင့္ တုံ႔ျပန္ခဲ့တယ္လို႔ သိရွိရပါတယ္။
ေရာ္နယ္ဒို ျပန္လာတာက ယူႏိုက္တက္အတြက္ အလုပ္ျဖစ္ခဲ့လားလို႔ ေမးျမန္းခံခဲ့ရတုန္းက





႐ြန္းနီက “အခုခ်ိန္မွာေတာ့ အလုပ္မျဖစ္ဘူးလို႔ ေျပာရမယ္။ သူက ဂိုးေတြသြင္းခဲ့တယ္။
ဒီရာသီ အေစာပိုင္း ခ်န္ပီယံလိဂ္မွာ အေရးပါတဲ့ဂိုးေတြ သြင္းခဲ့ၿပီး





စပါးနဲ႔ပြဲမွာ ဟက္ထရစ္ရခဲ့တယ္။ ေရာ္နယ္ဒိုက အသက္ ၂၀ ေက်ာ္တုန္းကလိုမ်ိဳး
မဟုတ္ေတာ့ပါဘူး။ သူက ဂိုးေပါက္ ၿခိမ္းေျခာက္ႏိုင္သူ ဆိုေပမယ့္
လက္က်န္ပြဲေတြမွာ ငယ္႐ြယ္တဲ့၊ စိတ္ဓာတ္ျပင္းထန္တဲ့ ကစားသမားေတြကို





ပိုၿပီး လိုအပ္ပါတယ္ ” လို႔ ေျဖၾကားခဲ့ပါတယ္။ လီဗာပူး ဂႏၲဝင္ေဟာင္း
ကာေရဂါကလည္း စကိုင္းစေပါ့သတင္းဌာနရဲ႕ ပင္တိုင္ ႐ုပ္သံေဝဖန္





သုံးသပ္သူတစ္ေယာက္ျဖစ္ၿပီး ဒီရာသီတေလွ်ာက္လုံး ေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔
အၿမဲတမ္း ေဝဖန္ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္ဒိုကို ေခၚယူတာက
ယူႏိုက္တက္တို႔ အလုပ္ျဖစ္မွာမဟုတ္ေၾကာင္း၊ ရာသီကုန္မွာ ေရာ္နယ္ဒိုကို





ေရာင္းထုတ္သင့္ေၾကာင္း အစရွိသျဖင့္ ေဝဖန္လာခဲ့တာပါ။
ေရာ္နယ္ဒိုဟာ ႐ြန္းနီရဲ႕ မွတ္ခ်က္စကားေတြကို ၾကားခဲ့ပုံရပါတယ္။





စကိုင္းစေပါ့မွာ ကာေရဂါနဲ႔ သုံးသပ္မႈတစ္ခု ျပဳလုပ္အၿပီး အတူ႐ိုက္ထားတဲ့ ပုံကို
တင္ခဲ့တဲ့ သူ႔အသင္းေဖာ္ေဟာင္းရဲ႕ အင္စတာဂရမ္ ပို႔စ္ေအာက္မွာ
“မနာလိုေနတဲ့ ႏွစ္ေယာက္”ဆိုၿပီး ေရာ္နယ္ဒိုက မွတ္ခ်က္ေပးခဲ့ပါတယ္။





ေရာ္နယ္ဒို စိတ္ဆိုးၿပီး အတည္မန႔္တာလား။ ဘယ္ေလာက္ ေဝဖန္ပါေစ
ေအးေဆးပဲဆိုတဲ့ သေဘာနဲ႔ ျပန္ေနာက္ထားတာလား။
Leave a Reply