ဝါရှင်တန်မှာ ဘုန်းမောင့်တစ်ကိုယ်တည်းဖြစ်နေရတဲ့ ဝိန်းရွန်နေး

ဝိန်းရွန်နေးဟာ ဒီစီယူနိုက်တက်နဲ့ တရားဝင်ဆွေးနွေးဖို့ တနင်္ဂနွေညက ဝါရှင်တန်ကိုရောက်လာခဲ့ပါတယ်။ မေဂျာလိဂ်ကလပ်ရဲ့နည်းပြသစ်အဖြစ် သဘောတူလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာပေါ့။

တနည်းအားဖြင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၁၈ ကနေ ၂၀၁၉ အထိကစားခဲ့ဖူးတဲ့အသင်းဟောင်းကို နည်းပြအဖြစ်ပြန်ရောက်လာတော့မှာပါ။

အဲဒီတုန်းကတော့ သူဟာ ဒီစီယူနိုက်တက်အတွက် ၅၂ ပွဲမှာ ၂၅ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Dulles လေဆိပ်ကိုရောက်လာတဲ့ ရွန်နေးကိုကြည့်ရတာ ခြေက်ကပ်ကပ်နိုင်လွန်းနေပါတယ်။

တကယ့်ကို ဘုန်းမောင့်တစ်ကိုယ်တည်းရယ်ပါ။ တစ်ချိန်တုန်းကတော့ ချစ်ရတဲ့ဇနီးသည်ကောလင်းနဲ့အတူ ဝါရှင်တန်ဒီစီမှာ ခြေရာတွေထပ်ခဲ့ဖူးတာပေါ့။

ရွန်နေးနဲ့ကောလင်းကို ပြီးခဲ့တဲ့သောကြာနေ့ကတင် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ တွေ့ခဲ့ရပါသေးတယ်။ အခုလို ဝါရှင်တန်ကို မလိုက်တာဟာ ၂၀၁၈ တုန်းက အမေရိကန်မှာအခြေကျဖို့ ရုန်းကန်ခဲ့ရဖူးတာကြောင့်

သဘောမတွေ့လို့ပဲဖြစ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။ ကောလင်းဟာ ကစားသမားအဖြစ် ဒီစီယူနိုက်တက်ကို ရွန်နေးပြောင်းကတည်းက ဝါရှင်တန်ဟာ ဗြိတိန်နဲ့ယှဉ်ရင် အတော်လေးနောက်ကျနေပြီလို့ ဝေဖန်ခဲ့ဖူးသူပါ။

ဒါ့အပြင် ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီမှာ တစ်နှစ် ပေါင် ၈၇၈၀၀၀ လောက်ရခဲ့တာကြောင့် ပေါင် ၈၃၀၀၀၀ သာရမယ့် ဒီစီယူနိုက်တက်ကိုပြောင်းတဲ့အပေါ် စိတ်မပါတာလည်း ဖြစ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။

(zawgyi)

ဝိန္း႐ြန္ေနးဟာ ဒီစီယူႏိုက္တက္နဲ႔ တရားဝင္ေဆြးေႏြးဖို႔ တနဂၤေႏြညက ဝါရွင္တန္ကိုေရာက္လာခဲ့ပါတယ္။ ေမဂ်ာလိဂ္ကလပ္ရဲ႕နည္းျပသစ္အျဖစ္ သေဘာတူလိုက္ၿပီဆိုတဲ့ သတင္းထြက္လာၿပီးတဲ့ေနာက္မွာေပါ့။

တနည္းအားျဖင့္ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာ ၂၀၁၈ ကေန ၂၀၁၉ အထိကစားခဲ့ဖူးတဲ့အသင္းေဟာင္းကို နည္းျပအျဖစ္ျပန္ေရာက္လာေတာ့မွာပါ။

အဲဒီတုန္းကေတာ့ သူဟာ ဒီစီယူႏိုက္တက္အတြက္ ၅၂ ပြဲမွာ ၂၅ ဂိုး သြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ Dulles ေလဆိပ္ကိုေရာက္လာတဲ့ ႐ြန္ေနးကိုၾကည့္ရတာ ေျခက္ကပ္ကပ္ႏိုင္လြန္းေနပါတယ္။

တကယ့္ကို ဘုန္းေမာင့္တစ္ကိုယ္တည္းရယ္ပါ။ တစ္ခ်ိန္တုန္းကေတာ့ ခ်စ္ရတဲ့ဇနီးသည္ေကာလင္းနဲ႔အတူ ဝါရွင္တန္ဒီစီမွာ ေျခရာေတြထပ္ခဲ့ဖူးတာေပါ့။

႐ြန္ေနးနဲ႔ေကာလင္းကို ၿပီးခဲ့တဲ့ေသာၾကာေန႔ကတင္ ဝင္ဘယ္ဒန္တင္းနစ္ၿပိဳင္ပြဲမွာ ေတြ႕ခဲ့ရပါေသးတယ္။ အခုလို ဝါရွင္တန္ကို မလိုက္တာဟာ ၂၀၁၈ တုန္းက အေမရိကန္မွာအေျခက်ဖို႔ ႐ုန္းကန္ခဲ့ရဖူးတာေၾကာင့္

သေဘာမေတြ႕လို႔ပဲျဖစ္ႏိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။ ေကာလင္းဟာ ကစားသမားအျဖစ္ ဒီစီယူႏိုက္တက္ကို ႐ြန္ေနးေျပာင္းကတည္းက ဝါရွင္တန္ဟာ ၿဗိတိန္နဲ႔ယွဥ္ရင္ အေတာ္ေလးေနာက္က်ေနၿပီလို႔ ေဝဖန္ခဲ့ဖူးသူပါ။

ဒါ့အျပင္ ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီမွာ တစ္ႏွစ္ ေပါင္ ၈၇၈၀၀၀ ေလာက္ရခဲ့တာေၾကာင့္ ေပါင္ ၈၃၀၀၀၀ သာရမယ့္ ဒီစီယူႏိုက္တက္ကိုေျပာင္းတဲ့အေပၚ စိတ္မပါတာလည္း ျဖစ္ႏိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။