
မန်ချက်စတာယူနိုက်တက်အသင်းဟာ FA ဖလား ပဉ္စမအဆင့်ဖြစ်တဲ့
ဝက်စ်ဟမ်းနဲ့ပွဲမှာ (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်
ခွင့်ရရှိသွားပါတယ်။
မကြာသေးခင်ကမှ လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်တို့
အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အလွယ်တကူကျော်ဖြတ်သွားမယ်လို့
အားလုံးက ထင်ထားကြပေမယ့် ဒုတိယပိုင်း(၅၄)မိနစ်မှာ ဝက်စ်ဟမ်း
တောင်ပံတိုက်စစ်ကစားသမား ဘန်ရာမာက အဖွင့်ဂိုးသွင်းယူခဲ့တဲ့အတွက်
ယူနိုက်တက်အသင်း နိုင်ပွဲရအောင် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။
ယူနိုက်တက်အတွက် ချေပဂိုးကို ဝက်စ်ဟမ်းနောက်ခံလူ အက်ဂါ့ဒ်ရဲ့
OG ကနေ ရရှိခဲ့တာဖြစ်ပြီး မိနစ်(၉၀)မှာ ဂါနာချိုက ဒုတိယဂိုး၊ နာကျင်
အချိန်ပို (၉၅)မိနစ်မှာ ဖရက်ဒ်က တတိယဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ ဝက်စ်ဟမ်းအသင်းရသွားတဲ့ အဖွင့်ဂိုး
အတွက် ကွင်းလယ်ဒိုင်ဆာလစ်ဘူရီနဲ့ VAR ဒိုင်တွေကို အပြစ်တင်ဝေဖန်နေ
ကြပါတယ်။
ဘန်ရာမာ ဂိုးမသွင်းခင် ယူနိုက်တက်အသင်းရဲ့ ညာဘက်ခြမ်းမှာ
ဝက်စ်ဟမ်းကွင်းလယ်လူ ဆိုချက်ဟာ ဘောလုံးကို ဘေးစည်းပေါ်ကျော်ပြီးမှ
အီမာဆင်ရိုင်ယဲလ်ကို ထိုးပေးခဲ့တာဖြစ်ပြီး အီမာဆင်ရိုင်ယဲလ် ခင်းပေးတာကနေ
တစ်ဆင့် ဘန်ရာမာ ကန်သွင်းခဲ့တာပါ။
ယူနိုက်တက်ကစားသမားတွေဟာ ဘေးစည်းကျော်သွားပြီလို့ ထင်တာကြောင့်
ဘောလုံးဝင်မဖျက်ဘဲ ရပ်နေချိန်မှာ ဘန်ရာမာက အဲဒီအခွင့်အရေးကို အသုံးချခဲ့တာ
ဖြစ်ပြီး ဂိုးပေးလိုက်ပြီးတဲ့နောက် ယူနိုက်တက်ကစားသမားတွေက ဒိုင်လူကြီး
ဆာလစ်ဘူရီကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။ ဒါပေမဲ့ VAR က
ဂိုးပေးလိုက်တဲ့အတွက် ယူနိုက်တက်ပရိသတ်တွေက အဲဒီဆုံးဖြတ်ချက်အပေါ်
ဒေါသပေါက်ကွဲနေတာဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ‘ဘေးစည်းကို ဘောလုံး
ကျွံသွားတာတောင် ကွင်းလယ်ဒိုင်နဲ့ VAR က ဂိုးပေးလိုက်တာလား’၊ ‘ဘောလုံး
စည်းကျော်၊ မကျော်ကို ပြန်ကြည့်ဖို့ VAR မှာ ကင်မရာ မရှိတော့ဘူးလား’၊ ‘အိမ်က
TV ကို Pause လုပ်ပြီး ပြန်ကြည့်တာတောင် ဘောလုံးစည်းကျော်သွားတာကို
အထင်အရှားတွေ့ခဲ့ရပါတယ်။ VAR က ငါ့လောက်တောင် နည်းစနစ်မရှိတာကတော့
အံ့အားသင့်စရာပါပဲ’လို့ ဝေဖန်ရေးသားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ FA ဖလား ပၪၥမအဆင့္ျဖစ္တဲ့
ဝက္စ္ဟမ္းနဲ႔ပြဲမွာ (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္
ခြင့္ရရွိသြားပါတယ္။
မၾကာေသးခင္ကမွ လိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ယူႏိုက္တက္တို႔
အိမ္ကြင္းမွာ ဝက္စ္ဟမ္းကို အလြယ္တကူေက်ာ္ျဖတ္သြားမယ္လို႔
အားလုံးက ထင္ထားၾကေပမယ့္ ဒုတိယပိုင္း(၅၄)မိနစ္မွာ ဝက္စ္ဟမ္း
ေတာင္ပံတိုက္စစ္ကစားသမား ဘန္ရာမာက အဖြင့္ဂိုးသြင္းယူခဲ့တဲ့အတြက္
ယူႏိုက္တက္အသင္း ႏိုင္ပြဲရေအာင္ ခက္ခက္ခဲခဲကစားခဲ့ရပါတယ္။
ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ဝက္စ္ဟမ္းေနာက္ခံလူ အက္ဂါ့ဒ္ရဲ႕
OG ကေန ရရွိခဲ့တာျဖစ္ၿပီး မိနစ္(၉၀)မွာ ဂါနာခ်ိဳက ဒုတိယဂိုး၊ နာက်င္
အခ်ိန္ပို (၉၅)မိနစ္မွာ ဖရက္ဒ္က တတိယဂိုးေတြ သြင္းယူခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဝက္စ္ဟမ္းအသင္းရသြားတဲ့ အဖြင့္ဂိုး
အတြက္ ကြင္းလယ္ဒိုင္ဆာလစ္ဘူရီနဲ႔ VAR ဒိုင္ေတြကို အျပစ္တင္ေဝဖန္ေန
ၾကပါတယ္။
ဘန္ရာမာ ဂိုးမသြင္းခင္ ယူႏိုက္တက္အသင္းရဲ႕ ညာဘက္ျခမ္းမွာ
ဝက္စ္ဟမ္းကြင္းလယ္လူ ဆိုခ်က္ဟာ ေဘာလုံးကို ေဘးစည္းေပၚေက်ာ္ၿပီးမွ
အီမာဆင္႐ိုင္ယဲလ္ကို ထိုးေပးခဲ့တာျဖစ္ၿပီး အီမာဆင္႐ိုင္ယဲလ္ ခင္းေပးတာကေန
တစ္ဆင့္ ဘန္ရာမာ ကန္သြင္းခဲ့တာပါ။
ယူႏိုက္တက္ကစားသမားေတြဟာ ေဘးစည္းေက်ာ္သြားၿပီလို႔ ထင္တာေၾကာင့္
ေဘာလုံးဝင္မဖ်က္ဘဲ ရပ္ေနခ်ိန္မွာ ဘန္ရာမာက အဲဒီအခြင့္အေရးကို အသုံးခ်ခဲ့တာ
ျဖစ္ၿပီး ဂိုးေပးလိုက္ၿပီးတဲ့ေနာက္ ယူႏိုက္တက္ကစားသမားေတြက ဒိုင္လူႀကီး
ဆာလစ္ဘူရီကို ဝိုင္းဝန္းေစာဒကတက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ VAR က
ဂိုးေပးလိုက္တဲ့အတြက္ ယူႏိုက္တက္ပရိသတ္ေတြက အဲဒီဆုံးျဖတ္ခ်က္အေပၚ
ေဒါသေပါက္ကြဲေနတာျဖစ္ပါတယ္။
အြန္လိုင္းေပၚမွာ ယူႏိုက္တက္ပရိသတ္ေတြက ‘ေဘးစည္းကို ေဘာလုံး
ကြၽံသြားတာေတာင္ ကြင္းလယ္ဒိုင္နဲ႔ VAR က ဂိုးေပးလိုက္တာလား’၊ ‘ေဘာလုံး
စည္းေက်ာ္၊ မေက်ာ္ကို ျပန္ၾကည့္ဖို႔ VAR မွာ ကင္မရာ မရွိေတာ့ဘူးလား’၊ ‘အိမ္က
TV ကို Pause လုပ္ၿပီး ျပန္ၾကည့္တာေတာင္ ေဘာလုံးစည္းေက်ာ္သြားတာကို
အထင္အရွားေတြ႕ခဲ့ရပါတယ္။ VAR က ငါ့ေလာက္ေတာင္ နည္းစနစ္မရွိတာကေတာ့
အံ့အားသင့္စရာပါပဲ’လို႔ ေဝဖန္ေရးသားခဲ့ပါတယ္။