
တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ မန်ယူမှာ စီရော်နယ်ဒိုနဲ့ဝိန်းရွန်နီတို့ဟာ
အသင်းဖော်တွေဖြစ်ခဲ့ကြပြီး အခုတော့ သူတို့သားနှစ်ယောက်ဟာလည်း
ဖခင်တွေရဲ့ခြေရာကို လိုက်နင်းနေပါတယ်။ စီရော်နယ်ဒိုနဲ့ရွန်နီတို့ဟာ
အိုးလ်ထရက်ဖို့ဒ်မှာ ၅ ရာသီကြာ အတွဲညီခဲ့ကြသူတွေပါ။
အခုတော့ ကိုင်ရွန်နီနဲ့ ခရစ္စတီယာနိုဂျူနီယာတို့ဟာလည်း မန်ယူအကယ်ဒမီ
အသင်းအတွက် အတူပွဲထွက်ကစားခဲ့ကြကာ သူတို့အဖေတွေလို
အတွဲညီမယ်လို့ မျှော်လင့်ရပါတယ်။ ကိုင်ဟာ ၂၀၂၀ က ယူနိုက်တက်
အကယ်ဒမီကို ရောက်လာခဲ့တာဖြစ်ပြီး ဂျူနီယာကတော့ အဲဒီကို
ရောက်လာတာ တစ်လလောက်ပဲရှိသေးတာပါ။ သူတို့နှစ်ယောက်စလုံးဟာ
မန်ယူမှာ တာထွက်ကောင်းခဲ့ကြသလို ပြီးခဲ့တဲ့တနင်္ဂနွေက နောက်ဆုံး
ကစားသွားခဲ့တဲ့ပွဲမှာလည်း နှစ်ယောက်စလုံးဂိုးသွင်းနိုင်ခဲ့ကြပါတယ်။
ဒီထဲမှာ ကိုင်ရွန်နီဆိုရင် အခုလအတွင်းက ၅ ပွဲမှာ ၁၀ ဂိုးသွင်းယူထားတာပါ။
သူတို့နှစ်ယောက်စလုံးက မန်ယူအကယ်ဒမီအသင်းမှာ ဆက်လက်
ခြေစွမ်းပြနေပေမယ့် သူတို့ရဲ့ဖခင်တွေကတော့ တာဝန်ကိုယ်စီနဲ့
အလုပ်ရှုပ်နေကြပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရွန်နီကတော့
ဒါဘီအသင်း တန်းဆင်းဇုန်ကလွတ်နိုင်အောင် ကြိုးပမ်းနေတာပါ။
စီရော်နယ်ဒိုကတော့ သားဖြစ်သူကို သူ့လိုအောင်မြင်စေလိုကြောင်း
ဝန်ခံထားပါတယ်။ ရွန်နီကလည်း သူ့သားရဲ့ကစားသမားဘဝအတွက်
အနီးကပ်လမ်းညွှန်ပေးနေတာပါ။
zawgyi
လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဖခင္ႏွစ္ဦးရဲ႕ ေျခရာကို ေက်ာ္ျဖတ္မယ့္ ဂ်ဴနီယာနဲ႔ ကိုင္
တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ မန္ယူမွာ စီေရာ္နယ္ဒိုနဲ႔ဝိန္း႐ြန္နီတို႔ဟာ
အသင္းေဖာ္ေတြျဖစ္ခဲ့ၾကၿပီး အခုေတာ့ သူတို႔သားႏွစ္ေယာက္ဟာလည္း
ဖခင္ေတြရဲ႕ေျခရာကို လိုက္နင္းေနပါတယ္။ စီေရာ္နယ္ဒိုနဲ႔႐ြန္နီတို႔ဟာ
အိုးလ္ထရက္ဖို႔ဒ္မွာ ၅ ရာသီၾကာ အတြဲညီခဲ့ၾကသူေတြပါ။
အခုေတာ့ ကိုင္႐ြန္နီနဲ႔ ခရစၥတီယာႏိုဂ်ဴနီယာတို႔ဟာလည္း မန္ယူအကယ္ဒမီ
အသင္းအတြက္ အတူပြဲထြက္ကစားခဲ့ၾကကာ သူတို႔အေဖေတြလို
အတြဲညီမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ကိုင္ဟာ ၂၀၂၀ က ယူႏိုက္တက္
အကယ္ဒမီကို ေရာက္လာခဲ့တာျဖစ္ၿပီး ဂ်ဴနီယာကေတာ့ အဲဒီကို
ေရာက္လာတာ တစ္လေလာက္ပဲရွိေသးတာပါ။ သူတို႔ႏွစ္ေယာက္စလုံးဟာ
မန္ယူမွာ တာထြက္ေကာင္းခဲ့ၾကသလို ၿပီးခဲ့တဲ့တနဂၤေႏြက ေနာက္ဆုံး
ကစားသြားခဲ့တဲ့ပြဲမွာလည္း ႏွစ္ေယာက္စလုံးဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။
ဒီထဲမွာ ကိုင္႐ြန္နီဆိုရင္ အခုလအတြင္းက ၅ ပြဲမွာ ၁၀ ဂိုးသြင္းယူထားတာပါ။
သူတို႔ႏွစ္ေယာက္စလုံးက မန္ယူအကယ္ဒမီအသင္းမွာ ဆက္လက္
ေျခစြမ္းျပေနေပမယ့္ သူတို႔ရဲ႕ဖခင္ေတြကေတာ့ တာဝန္ကိုယ္စီနဲ႔
အလုပ္ရႈပ္ေနၾကပါတယ္။ စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္း
ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ႐ြန္နီကေတာ့
ဒါဘီအသင္း တန္းဆင္းဇုန္ကလြတ္ႏိုင္ေအာင္ ႀကိဳးပမ္းေနတာပါ။
စီေရာ္နယ္ဒိုကေတာ့ သားျဖစ္သူကို သူ႔လိုေအာင္ျမင္ေစလိုေၾကာင္း
ဝန္ခံထားပါတယ္။ ႐ြန္နီကလည္း သူ႔သားရဲ႕ကစားသမားဘဝအတြက္
အနီးကပ္လမ္းၫႊန္ေပးေနတာပါ။
Leave a Reply