လေ့ကျင့်ကွင်းကို ၅ နာရီစောရောက်လာတယ်ထင်ပြီး အာနူတိုဗစ်ကို မော်ရင်ညို နာရီဆုချခဲ့ဖူးတယ်

ရော်နယ်ဒိုနေရာမှာ အာနူတိုဗစ်နဲ့အစားထိုးဖို့ မန်ယူကြိုးစားပေမယ့် ဘိုလော့ဂ်နာက သူတို့တိုက်စစ်မှူးအတွက် ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။

ဒါပေမဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းကိုယ်တိုင်က ပရီးမီးယားလိဂ်ပြန်လာချင်နေတာကြောင့် စောင့်ကြည့်ရဦးမယ့် အနေအထားပါ။ တကယ်တော့ မန်ယူဟာ သြစတြီးယားသားကို

အခုမှ လိုချင်တာမဟုတ်ပါဘူး။ မော်ရင်ညိုကိုင်တွယ်နေတဲ့အချိန် ၂၀၁၈ တုန်းကလည်း သရဲနီတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကလည်း အင်တာမီလန်မှာ အတူတွဲလုပ်ခဲ့ဖူးတဲ့ အကျိုးဆက်ပါပဲ။

အဲဒီတုန်းက အာနူတိုဗစ်ဟာ အက်ဖ်စီတွမ်တီးကနေ အင်တာကို အငှားနဲ့သွားကစားနေစဉ်ဖြစ်ပါတယ်။ အမှတ်ရစရာကောင်းတာက သူဟာ မော်ရင်ညိုရဲ့နာရီတစ်လုံးကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။

အာနူတိုဗစ်ဟာ လေ့ကျင့်ကွင်းကိုရော အသင်းတွေ့ဆုံပွဲတွေကိုပါ ပုံမှန်နောက်ကျတတ်သူဖြစ်ခဲ့ပါတယ်။ ၂၀၀၉ တုန်းက ရာသီကြိုလေ့ကျင့်ရေးဒူဘိုင်းခရီးစဉ်မှာ အိပ်ပျော်နေလို့

လေ့ကျင့်ကွင်းနောက်ကျခဲ့တဲ့သူ့ကို မော်ရင်ညိုကဆူပူပြီး တစ်ဦးတည်းလေ့ကျင့်ခိုင်းခဲ့ကြောင်း အာနူတိုဗစ်က Daily Mail သတင်းစာနဲ့ ၂၀၁၇ အင်တာဗျူးမှာဖွင့်ဟခဲ့ဖူးပါတယ်။

သူက အင်တာမီလန်ဟာ နေ့လည်ပိုင်းထက် မနက်ပိုင်းမှာ ခပ်စောစာလေ့ကျင့်တတ်တယ်လို့ ယူဆသွားခဲ့ပါတယ်။ ဒါပေမဲ့ မီလန်ပြန်ရောက်ချိန်မှာတော့ တစ်နေ့ မနက်ပိုင်းလေ့ကျင့်ရမယ်လို့သူထင်ပြီး ရောက်သွားချိန်မှာ

နေ့လည်ပိုင်းလေ့ကျင့်မှုဖြစ်နေခဲ့ပါတယ်။ သူ့ဝန်ထမ်းတွေနဲ့အတူရှိနေတဲ့ မော်ရင်ညိုက မတ်တပ်ရပ်လိုက်ပြီး ရယ်ရယ်မောမောနဲ့ ၅ နာရီလောက်စောရောက်လာတယ်ထင်ပြီး နာရီလက်ဆောင်ပေးခဲ့တာပါ။ ဒီနာရီကို အခုထိ အိမ်မှာသိမ်းထားတယ်လို့ အဲဒီတုန်းက အာနူတိုဗစ်ဖွင့်ဟခဲ့ဖူးပါတယ်။

(zawgyi)

ေရာ္နယ္ဒိုေနရာမွာ အာႏူတိုဗစ္နဲ႔အစားထိုးဖို႔ မန္ယူႀကိဳးစားေပမယ့္ ဘိုေလာ့ဂ္နာက သူတို႔တိုက္စစ္မႉးအတြက္ ကမ္းလွမ္းမႈကို ျငင္းဆန္လိုက္တယ္ဆိုတဲ့သတင္းေတြ ထြက္ေနပါတယ္။ ဒါေပမဲ့

ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္းကိုယ္တိုင္က ပရီးမီးယားလိဂ္ျပန္လာခ်င္ေနတာေၾကာင့္ ေစာင့္ၾကည့္ရဦးမယ့္ အေနအထားပါ။ တကယ္ေတာ့ မန္ယူဟာ ၾသစႀတီးယားသားကို အခုမွ လိုခ်င္တာမဟုတ္ပါဘူး။

ေမာ္ရင္ညိဳကိုင္တြယ္ေနတဲ့အခ်ိန္ ၂၀၁၈ တုန္းကလည္း သရဲနီေတြရဲ႕ပစ္မွတ္ျဖစ္ခဲ့ဖူးပါတယ္။ ဒါကလည္း အင္တာမီလန္မွာ အတူတြဲလုပ္ခဲ့ဖူးတဲ့ အက်ိဳးဆက္ပါပဲ။ အဲဒီတုန္းက အာႏူတိုဗစ္ဟာ အက္ဖ္စီတြမ္တီးကေန

အင္တာကို အငွားနဲ႔သြားကစားေနစဥ္ျဖစ္ပါတယ္။ အမွတ္ရစရာေကာင္းတာက သူဟာ ေမာ္ရင္ညိဳရဲ႕နာရီတစ္လုံးကို ပိုင္ဆိုင္ခြင့္ရခဲ့တာပါ။ အာႏူတိုဗစ္ဟာ ေလ့က်င့္ကြင္းကိုေရာ အသင္းေတြ႕ဆုံပြဲေတြကိုပါ

ပုံမွန္ေနာက္က်တတ္သူျဖစ္ခဲ့ပါတယ္။ ၂၀၀၉ တုန္းက ရာသီႀကိဳေလ့က်င့္ေရးဒူဘိုင္းခရီးစဥ္မွာ အိပ္ေပ်ာ္ေနလို႔ ေလ့က်င့္ကြင္းေနာက္က်ခဲ့တဲ့သူ႔ကို ေမာ္ရင္ညိဳကဆူပူၿပီး တစ္ဦးတည္းေလ့က်င့္ခိုင္းခဲ့ေၾကာင္း

အာႏူတိုဗစ္က Daily Mail သတင္းစာနဲ႔ ၂၀၁၇ အင္တာဗ်ဴးမွာဖြင့္ဟခဲ့ဖူးပါတယ္။ သူက အင္တာမီလန္ဟာ ေန႔လည္ပိုင္းထက္ မနက္ပိုင္းမွာ ခပ္ေစာစာေလ့က်င့္တတ္တယ္လို႔ ယူဆသြားခဲ့ပါတယ္။

ဒါေပမဲ့ မီလန္ျပန္ေရာက္ခ်ိန္မွာေတာ့ တစ္ေန႔ မနက္ပိုင္းေလ့က်င့္ရမယ္လို႔သူထင္ၿပီး ေရာက္သြားခ်ိန္မွာ ေန႔လည္ပိုင္းေလ့က်င့္မႈျဖစ္ေနခဲ့ပါတယ္။ သူ႔ဝန္ထမ္းေတြနဲ႔အတူရွိေနတဲ့ ေမာ္ရင္ညိဳက မတ္တပ္ရပ္လိုက္ၿပီး

ရယ္ရယ္ေမာေမာနဲ႔ ၅ နာရီေလာက္ေစာေရာက္လာတယ္ထင္ၿပီး နာရီလက္ေဆာင္ေပးခဲ့တာပါ။ ဒီနာရီကို အခုထိ အိမ္မွာသိမ္းထားတယ္လို႔ အဲဒီတုန္းက အာႏူတိုဗစ္ဖြင့္ဟခဲ့ဖူးပါတယ္။