လူပုလေးရွန်နေးရဲ့ ရော်နယ်ဒိုအပေါ် မနာလိုမှုတွေက အဆုံးမဲ့ဖြစ်နေတာပါလို့ မော်ဂန်တုံ့ပြန်

လီဗာပူးလ်နဲ့ပွဲမှာ ရော်နယ်ဒိုကို ကစားခွင့်ပေးရေး မပေးရေးကလည်း အငြင်းပွားနေပါတယ်။ မန်ယူနည်းပြတန်းဟတ်မဟုတ်ပါဘူး။ သရဲနီဟောင်း ရွန်နေးနဲ့ ရော်နယ်ဒိုရဲ့ရဲဘော်ကြီး ပီးယာ့စ်မော်ဂန်ပါ။ ကြိုးကြာနီတွေနဲ့ အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ

ရော်နယ်ဒိုကို မသုံးသင့်ဘူးလို့ ရွန်နေးက The Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ “ တကယ်လို့ ကျွန်တော်သာ တန်းဟတ်နေရာမှာဆိုရင်တော့ ကျွန်တော့်ရဲ့အဓိကပူပန်မှုဟာ ကွင်းထဲမှာ စွမ်းအင်ရရှိဖို့ပဲဖြစ်လိမ့်မယ်။

မန်ယူဟာ နံပါတ် ၉ ကို ပြန်အစားထိုးဖို့ ပျက်ကွက်ခဲ့ပြီး အသင်းနဲ့အများကြီး မလေ့ကျင့်ခဲ့ရတဲ့ရော်နယ်ဒိုကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အားကိုးခဲ့တယ်။ ရော်နယ်ဒိုကိုကြည့်ရတာ ပွဲတွေနဲ့အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူရမယ့်ပုံဖြစ်နေတယ် ” လို့ ရွန်နေးက ပြောခဲ့တာပါ။

ဒါ့အပြင် ပေါ်တူဂီကြယ်ပွင့်ဟာ မန်ယူကနေထွက်ခွာချင်တယ်လို့ အတိအလင်းပြောထားသူဖြစ်ကြောင်း၊ သူကိုယ်တိုင်လည်း ရော်နယ်ဒိုကိုထွက်ခွင့်ပေးလိုက်တာ နှစ်ဖက်လုံးအတွက် အကောင်းဆုံးလို့ပြောခဲ့ဖူးကြောင်းပါ အင်္ဂလန်သားက ဖွင့်ဟသွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီထင်မြင်ချက်တွေဟာ မန်ယူတိုက်စစ်မှူးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဂျာနယ်လစ်တဖြစ်လဲ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယာ့စ်မော်ဂန်အတွက်တော့ ပေါက်ကွဲစရာဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအင်တာဗျူးဖြန့်ချိတဲ့နေ့မှာပဲ

ရွန်နေးရဲ့ ဒီစီယူနိုက်တက်အသင်းဟာ ဖီလာဒဲလ်ဖီယာကို ၆-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက မော်ဂန်အတွက် ပြောစရာအကွက်ဖြစ်ခဲ့တာပါ။ “ ရွန်နေးရဲ့နည်းပြဘ၀ အနိုင်ရမှုမှတ်တမ်းက ၂၈ ရာခိုင်နှုန်းပဲရှိပြီး မနေ့ကလည်း သူ့ရဲ့ဒီစီယူနိုက်တက်ဟာ ၆-၀ ဂိုးနဲ့ရှုံးခဲ့ပါတယ်။

ဒါကြောင့် စီမံခန့်ခွဲမှုအကြံညဏ်ပေးနဲ့ လွှဲလိုက်ဖို့ သူ့ကို ကျွန်တော်အကြံပေးချင်ပါတယ်။ ရော်နယ်ဒိုရဲ့အရည်အချင်း၊ အောင်မြင်မှုနဲ့ ကြံ့ခိုင်မှုအဆင့်ကို လူပုလေးရွန်နေး အဆုံးမဲ့မနာလိုမှုတွေ ဖြစ်နေတာပါ ” လို့ မော်ဂန်က တွစ်တာမှာ ရေးသားတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

(zawgyi)

လီဗာပူးလ္နဲ႔ပြဲမွာ ေရာ္နယ္ဒိုကို ကစားခြင့္ေပးေရး မေပးေရးကလည္း အျငင္းပြားေနပါတယ္။ မန္ယူနည္းျပတန္းဟတ္မဟုတ္ပါဘူး။ သရဲနီေဟာင္း ႐ြန္ေနးနဲ႔ ေရာ္နယ္ဒိုရဲ႕ရဲေဘာ္ႀကီး ပီးယာ့စ္ေမာ္ဂန္ပါ။ ႀကိဳးၾကာနီေတြနဲ႔ အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ

ေရာ္နယ္ဒိုကို မသုံးသင့္ဘူးလို႔ ႐ြန္ေနးက The Times သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။ “ တကယ္လို႔ ကြၽန္ေတာ္သာ တန္းဟတ္ေနရာမွာဆိုရင္ေတာ့ ကြၽန္ေတာ့္ရဲ႕အဓိကပူပန္မႈဟာ ကြင္းထဲမွာ စြမ္းအင္ရရွိဖို႔ပဲျဖစ္လိမ့္မယ္။

မန္ယူဟာ နံပါတ္ ၉ ကို ျပန္အစားထိုးဖို႔ ပ်က္ကြက္ခဲ့ၿပီး အသင္းနဲ႔အမ်ားႀကီး မေလ့က်င့္ခဲ့ရတဲ့ေရာ္နယ္ဒိုကို ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ အားကိုးခဲ့တယ္။ ေရာ္နယ္ဒိုကိုၾကည့္ရတာ ပြဲေတြနဲ႔အံဝင္ခြင္က်ျဖစ္ဖို႔ အခ်ိန္ယူရမယ့္ပုံျဖစ္ေနတယ္ ” လို႔ ႐ြန္ေနးက ေျပာခဲ့တာပါ။

ဒါ့အျပင္ ေပၚတူဂီၾကယ္ပြင့္ဟာ မန္ယူကေနထြက္ခြာခ်င္တယ္လို႔ အတိအလင္းေျပာထားသူျဖစ္ေၾကာင္း၊ သူကိုယ္တိုင္လည္း ေရာ္နယ္ဒိုကိုထြက္ခြင့္ေပးလိုက္တာ ႏွစ္ဖက္လုံးအတြက္ အေကာင္းဆုံးလို႔ေျပာခဲ့ဖူးေၾကာင္းပါ အဂၤလန္သားက ဖြင့္ဟသြားခဲ့ပါတယ္။

ဒါေပမဲ့ ဒီထင္ျမင္ခ်က္ေတြဟာ မန္ယူတိုက္စစ္မႉးနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူ ဂ်ာနယ္လစ္တျဖစ္လဲ ႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီးယာ့စ္ေမာ္ဂန္အတြက္ေတာ့ ေပါက္ကြဲစရာျဖစ္ခဲ့ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ အဲဒီအင္တာဗ်ဴးျဖန႔္ခ်ိတဲ့ေန႔မွာပဲ ႐ြန္ေနးရဲ႕ ဒီစီယူႏိုက္တက္အသင္းဟာ

ဖီလာဒဲလ္ဖီယာကို ၆-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာက ေမာ္ဂန္အတြက္ ေျပာစရာအကြက္ျဖစ္ခဲ့တာပါ။ “ ႐ြန္ေနးရဲ႕နည္းျပဘ၀ အႏိုင္ရမႈမွတ္တမ္းက ၂၈ ရာခိုင္ႏႈန္းပဲရွိၿပီး မေန႔ကလည္း သူ႔ရဲ႕ဒီစီယူႏိုက္တက္ဟာ ၆-၀ ဂိုးနဲ႔ရႈံးခဲ့ပါတယ္။

ဒါေၾကာင့္ စီမံခန႔္ခြဲမႈအႀကံညဏ္ေပးနဲ႔ လႊဲလိုက္ဖို႔ သူ႔ကို ကြၽန္ေတာ္အႀကံေပးခ်င္ပါတယ္။ ေရာ္နယ္ဒိုရဲ႕အရည္အခ်င္း၊ ေအာင္ျမင္မႈနဲ႔ ႀကံ့ခိုင္မႈအဆင့္ကို လူပုေလး႐ြန္ေနး အဆုံးမဲ့မနာလိုမႈေတြ ျဖစ္ေနတာပါ ” လို႔ ေမာ္ဂန္က တြစ္တာမွာ ေရးသားတုံ႔ျပန္လိုက္တာျဖစ္ပါတယ္။