လူစားဝင်ပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ထိပ်တန်းကစားသမားစာရင်းမှာ ရပ်ရှ်ဖို့ဒ် ပါဝင်လာ

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်

သမိုင်းတစ်လျှောက် လူစားဝင်ပြီး ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ထိပ်တန်း
ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။

ဝုလ်ဗ်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ ပွဲထွက်
လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဒုတိယပိုင်းအစမှ ဂါနာချိုအစားလူစားဝင်ကစားခွင့်
ရခဲ့ပေမယ့် (၇၆)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ် ပေးတာကနေ အသင်းအတွက်
အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် လူစားဝင်ပြီး အနိုင်ဂိုး
သွင်းယူခဲ့တာက (၅)ဂိုးအထိရှိလာတာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ
လူစားဝင်ပြီးတော့ အနိုင်ဂိုးသွင်းယူမှုအများဆုံး ကစားသမားတစ်ဦးအဖြစ်

ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ အနိုင်ဂိုးမဟုတ်ဘဲ လူစားဝင်ပြီး ယူနိုက်တက်အတွက်

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တာက (၁၂)ဂိုးရှိလာသလို ဂန္ထဝင်တိုက်စစ်မှူး
ဆိုးလ်ရှား(၁၇ဂိုး)၊ နာမည်ကျော်တိုက်စစ်မှူးဟောင်း ချီချာရီတို(၁၄ဂိုး)တို့ပြီးရင်
တတိယအများဆုံးဖြစ်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် (၃)ဂိုးသွင်းခဲ့တဲ့ ရပ်ဖို့ဒ်ဟာ
ကမ္ဘာ့ဖလားအပြီး ပြန်ကစားတဲ့ ကလပ်အသင်းပွဲတွေမှာလည်း ခြေစွမ်းပြနေပြီး
(၃)ပွဲကစား၊ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္
သမိုင္းတစ္ေလွ်ာက္ လူစားဝင္ၿပီး ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ ထိပ္တန္း
ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္လာပါတယ္။

ဝုလ္ဗ္အသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ရပ္ရွ္ဖို႔ဒ္ဟာ ပြဲထြက္
လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး ဒုတိယပိုင္းအစမွ ဂါနာခ်ိဳအစားလူစားဝင္ကစားခြင့္

ရခဲ့ေပမယ့္ (၇၆)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ ေပးတာကေန အသင္းအတြက္
အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ လူစားဝင္ၿပီး အႏိုင္ဂိုး
သြင္းယူခဲ့တာက (၅)ဂိုးအထိရွိလာတာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ
လူစားဝင္ၿပီးေတာ့ အႏိုင္ဂိုးသြင္းယူမႈအမ်ားဆုံး ကစားသမားတစ္ဦးအျဖစ္
ရပ္တည္ႏိုင္ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ဟာ အႏိုင္ဂိုးမဟုတ္ဘဲ လူစားဝင္ၿပီး ယူႏိုက္တက္အတြက္
ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏိုင္တာက (၁၂)ဂိုးရွိလာသလို ဂႏၴဝင္တိုက္စစ္မႉး
ဆိုးလ္ရွား(၁၇ဂိုး)၊ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ခ်ီခ်ာရီတို(၁၄ဂိုး)တို႔ၿပီးရင္

တတိယအမ်ားဆုံးျဖစ္ေနပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ (၃)ဂိုးသြင္းခဲ့တဲ့ ရပ္ဖို႔ဒ္ဟာ

ကမာၻ႔ဖလားအၿပီး ျပန္ကစားတဲ့ ကလပ္အသင္းပြဲေတြမွာလည္း ေျခစြမ္းျပေနၿပီး
(၃)ပြဲကစား၊ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။