လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ်ရဲ့ ကယ်တင်ပေးမှုကြောင့် ဝုလ်ဗ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်းမှာ ဝုလ်ဗ်ကို လူစားဝင်

ကစားသမား ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့
အရမ်းကြီးအားရစရာ မကောင်းခဲ့ဘူး။

ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး
အထူးသဖြင့် ပြိုင်ဘက်ရဲ့ (၁၈)ကိုက်ဧရိယာအတွင်း အခွင့်အရေးတွေကို ဂိုးအဖြစ်
ပြောင်းလဲနိုင်တဲ့၊ အဆုံးသတ်သေချာတဲ့ No 9 စစ်စစ် တိုက်စစ်မှူးတစ်ဦး လိုနေပါပြီ။

မာစီယဲလ်ဟာ အခွင့်အရေးတချို့ရပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ဝုလ်ဗ်လိုမျိုး အိမ်ကွင်း
ခြေမာကျောတဲ့ ပြိုင်ဘက်မျိုးနဲ့ပွဲမှာ အခွင့်အရေးတစ်ကြိမ်ရရင် တစ်ကြိမ်ကို
ဂိုးသွင်းနိုင်မှဖြစ်ပါလိမ့်မယ်။

ကွင်းလယ်က ဘရူနိုဖာနန်ဒက်စ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ကြားမှာ ချိတ်ဆက်လို့
မရအောင် ဝုလ်ဗ်ကစားသမားတွေ Control လုပ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်
တိုက်စစ်ဆင်ရင် တောင်ပံတွေကိုပဲ အားကိုးခဲ့ရပေမယ့် ဂါနာချို၊ အန်တိုနီတို့ကလည်း

ထိရောက်တဲ့ ပံ့ပိုးမှု မလုပ်နိုင်ခဲ့ဘူး။

ယူနိုက်တက်ရဲ့ အားနည်းချက်နောက်တစ်ခုကလည်း မာလာစီယာ၊ ဘစ်ဆာကာတို့ဟာ

ခံစစ်ကစားတာကောင်းပေမယ့် Overlap အပိုင်းတွေမှာ အားနည်းလို့ တိုက်စစ်က
တော်တော်လေး ရုန်းကန်ခဲ့ရတယ်။

ဒုတိယပိုင်းအစမှာ ဂါနာချိုအစား ရပ်ရှ်ဖို့ဒ်ဝင်လာပြီးနောက်ပိုင်းမှ ယူနိုက်တက် ဘယ်ခြမ်း
တိုက်စစ် နည်းနည်းလှုပ်လာပြီး(၇၆)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ One-Two ရိုက်ပြီးတော့
ရပ်ရှ်ဖို့ဒ်က အနိုင်ဂိုးသွင်းခဲ့ပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ ရပ်ရှ်ဖို့ဒ် နောက်တစ်ဂိုး
ထပ်သွင်းပေမယ့် လက်ထိဘောဖြစ်နေလို့ VAR က ဂိုးမပေးခဲ့ပါဘူး။ အခုပွဲအနိုင်ရခဲ့တဲ့
အတွက် ယူနိုက်တက်တို့ စပါးအသင်းကို ကျော်ဖြတ်ပြီး အဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

[Zawgyi]

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အေဝးကြင္းမွာ ဝုလ္ဗ္ကို လူစားဝင္
ကစားသမား ရပ္ရွ္ဖို႔ဒ္ရဲ႕ ဂိုးနဲ႔ အႏိုင္ယူၿပီး ႏိုင္ပြဲဆက္ခဲ့ေပမယ့္ ေျခစြမ္းပိုင္းကေတာ့

အရမ္းႀကီးအားရစရာ မေကာင္းခဲ့ဘူး။

ယူႏိုက္တက္ရဲ႕ တိုက္စစ္ပိုင္းမွာ ကစားသမားအင္အားျဖည့္တင္းဖို႔ လိုအပ္ေနၿပီး

အထူးသျဖင့္ ၿပိဳင္ဘက္ရဲ႕ (၁၈)ကိုက္ဧရိယာအတြင္း အခြင့္အေရးေတြကို ဂိုးအျဖစ္
ေျပာင္းလဲႏိုင္တဲ့၊ အဆုံးသတ္ေသခ်ာတဲ့ No 9 စစ္စစ္ တိုက္စစ္မႉးတစ္ဦး လိုေနပါၿပီ။

မာစီယဲလ္ဟာ အခြင့္အေရးတခ်ိဳ႕ရေပမယ့္ အသုံးမခ်ႏိုင္ခဲ့ဘဲ ဝုလ္ဗ္လိုမ်ိဳး အိမ္ကြင္း
ေျခမာေက်ာတဲ့ ၿပိဳင္ဘက္မ်ိဳးနဲ႔ပြဲမွာ အခြင့္အေရးတစ္ႀကိမ္ရရင္ တစ္ႀကိမ္ကို
ဂိုးသြင္းႏိုင္မွျဖစ္ပါလိမ့္မယ္။

ကြင္းလယ္က ဘ႐ူႏိုဖာနန္ဒက္စ္၊ အဲရစ္ဆင္၊ ကတ္စ္မဲ႐ိုးတို႔ၾကားမွာ ခ်ိတ္ဆက္လို႔
မရေအာင္ ဝုလ္ဗ္ကစားသမားေတြ Control လုပ္ႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္
တိုက္စစ္ဆင္ရင္ ေတာင္ပံေတြကိုပဲ အားကိုးခဲ့ရေပမယ့္ ဂါနာခ်ိဳ၊ အန္တိုနီတို႔ကလည္း
ထိေရာက္တဲ့ ပံ့ပိုးမႈ မလုပ္ႏိုင္ခဲ့ဘူး။

ယူႏိုက္တက္ရဲ႕ အားနည္းခ်က္ေနာက္တစ္ခုကလည္း မာလာစီယာ၊ ဘစ္ဆာကာတို႔ဟာ
ခံစစ္ကစားတာေကာင္းေပမယ့္ Overlap အပိုင္းေတြမွာ အားနည္းလို႔ တိုက္စစ္က

ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရတယ္။

ဒုတိယပိုင္းအစမွာ ဂါနာခ်ိဳအစား ရပ္ရွ္ဖို႔ဒ္ဝင္လာၿပီးေနာက္ပိုင္းမွ ယူႏိုက္တက္ ဘယ္ျခမ္း

တိုက္စစ္ နည္းနည္းလႈပ္လာၿပီး(၇၆)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ One-Two ႐ိုက္ၿပီးေတာ့
ရပ္ရွ္ဖို႔ဒ္က အႏိုင္ဂိုးသြင္းခဲ့ပါတယ္။ မိနစ္ပိုင္းအၾကာမွာပဲ ရပ္ရွ္ဖို႔ဒ္ ေနာက္တစ္ဂိုး
ထပ္သြင္းေပမယ့္ လက္ထိေဘာျဖစ္ေနလို႔ VAR က ဂိုးမေပးခဲ့ပါဘူး။ အခုပြဲအႏိုင္ရခဲ့တဲ့
အတြက္ ယူႏိုက္တက္တို႔ စပါးအသင္းကို ေက်ာ္ျဖတ္ၿပီး အဆင့္(၄)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။